COVID-19 ကာကွယ်၊ ကုသ ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်းပေါင်း ၄၁၀ဝ၀ ကျော် လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, June 5, 2020

COVID-19 ကာကွယ်၊ ကုသ ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်းပေါင်း ၄၁၀ဝ၀ ကျော် လှူဒါန်း


ဇေယျာ
.
COVID-19 ကာကွယ်၊ ကုသ၊ ထိန်း ချုပ်ရေး လုပ်ငန်းစဉ်များအတွက် ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်းပေါင်း ၄၁၀၀၀ ကျော်ကို လှူဒါန်းခဲ့ပြီး ဖြစ် ကြောင်း သိရသည်။
.
 
.
ကမ္ဘောဇဘဏ်မှ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ ရေးကော်မတီသို့ ငွေကျပ်သိန်း ၅၀၀၀ ကို တောင်ကြီးမြို့ရှိ အထက(၁)၌ ဇွန်လ ၅ ရက်က ထပ်မံလှူဒါန်းခြင်း ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၄၁၄၈၈ ကို လှူ ဒါန်းခဲ့ခြင်း ဖြစ်သည်။
.
ထို့အတူ တောင်ကြီးမြို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အဖြေ လွှာများ စစ်ဆေးမည့် ပညာရေးဝန် ထမ်းများအတွက် ငွေကျပ် သိန်း ၁၀၀ ၊ ဆန် ၁၀၀ အိတ်၊ ဆီ ၂၀ ပုံးနှင့် COVID-19 ကာကွယ်ရေးအထောက် အကူပြု ပစ္စည်းများကို ပေးအပ်လှူ ဒါန်းခဲ့သည်။
.
ရှမ်းပြည်နယ် အတွင်းရှိ ဒေသခံ တိုင်းရင်းသား အခြေခံပြည်သူများ နှင့် တိုက်ပွဲရှောင် ပြည်သူများ အ တွက် စားနပ်ရိက္ခာများနှင့် ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ လှူဒါန်းနေသည့် ရှမ်း ပြည်နယ် ပြည်သူ လူထုစားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီသို့ ကမ္ဘောဇ ဘဏ်မှ ငွေကျပ် သိန်း ၁၀၀၀ နှင့် ငွေ ကျပ်သိန်းပေါင်း ၆၀၀၀ တန်ဖိုးရှိ ဆန်အိတ် ၂၀၀၀၀ ကို ပေးအပ် လှူ ဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် ပြည်သူလူထု စား နပ်ရိက္ခာထောက်ပံ့ရေး ကော်မတီ သည် မေလ ၂၁ ရက်မှ စတင်၍ ရှမ်းပြည်နယ် အတွင်းရှိ ဒေသခံ အ ခြေခံပြည်သူများနှင့် တိုက်ပွဲရှောင် ပြည်သူများအတွက် ဆန် ၃ ပြည်၊ ဆီ ၁၈ ကျပ်သား၊ ကုလားပဲ ၅၀ ကျပ် သား၊ ဆား ၂၅ ကျပ်သားနှင့် ငွေကျပ် ၁၀၀၀၀ စီ ပါဝင်သော စားနပ်ရိက္ခာ ထုပ်များကို ဖြန့်ဝေ လှူဒါန်းလျက် ရှိရာ ဇွန်လ ၆ ရက်ထိ မိသားစုပေါင်း ၂၅၀၀၀ ကျော် ခန့် ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် COVID-19 ကြောင့် ဈေးကွက်ပျောက်ဆုံး၍ အခက်အခဲ ဖြစ်ပေါ်နေသော ရှမ်းပြည်နယ် အ တွင်းမှ ဂေါ်ဖီစိုက် တောင်သူများထံမှ ဂေါ်ဖီထုပ် ၅ သိန်းကျော်အား ဝယ်ယူ ၍ မြန်မာနိုင်ငံ ဒေသအသီးသီးသို့ ပို့ ဆောင်လှူဒါန်းမှုများ ပြုလုပ်နေ လျက် ရှိသည်။
.
ရှမ်းပြည်နယ် ပြည်သူလူထု စား နပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက် တာ လင်းထွဋ်၊ ကမ္ဘောဇဘဏ် နာယ က ဦးအောင်ကိုဝင်းနှင့် ရှမ်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုး ညွန့်လွင်တို့က နာယကများအဖြစ် တာဝန်ယူ ဆောင်ရွက်နေပြီး ကော်မ တီဝင်များ အဖြစ် ရှမ်းပြည်နယ်အ တွင်းမှ လူမှုရေး အသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များက ပါဝင်ဆောင် ရွက်နေလျက် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats