ကျိုင်းတုံဆေးရုံမှ COVID-19 ဓါတ်ခွဲအတည်ပြုလူနာ အမှတ် (၁၁၂) ဆေးရုံမှဆင်းခွင့်ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, June 5, 2020

ကျိုင်းတုံဆေးရုံမှ COVID-19 ဓါတ်ခွဲအတည်ပြုလူနာ အမှတ် (၁၁၂) ဆေးရုံမှဆင်းခွင့်ရ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသော COVID-19 ပိုးတွေ့အတည်ပြု လူနာ အမှတ် (၁၁၂) သည် ဓါတ်ခွဲနမူနာ ၂ ကြိမ်ဆက် ရောဂါပိုးမတွေ့ရှိခြင်းကြောင့် Hospital Quarantine ၁၄ ရက် ဆက်လက်ဝင်ရောက်နေရာမှ ယနေ့ ဇွန်လ ၅ ရက်တွင် ရက်ပြည့်၍ ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။
.
 
.
“Case-112 က ဒီနေ့ ၁၀ နာရီလောက်မှာ ဆေးရုံဆင်းပါတယ်။ Home Quarantine ၇ ရက် ဆက်နေရမှာပါ” ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အတည်ပြုလူနာအမှတ် (၁၁၂) သည် တာချီလိတ်မြို့မှ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဧပြီလ ၂၁ ရက်မှ စတင်၍ ကျိုင်းတုံဆေးရုံ၌ ဆေးကုသမှု ခံယူခဲ့ကာ မေလ ၂၂ ရက်တွင် ၂ ကြိမ်ဆက် ပိုးမတွေ့သဖြင့် Hospital Quarantine ၁၄ ရက် ဆက်လက်ဝင်ရောက်နေသူဖြစ်ကြောင်း သိရသည်။
.
အလားတူ ကျိုင်းတုံဆေးရုံ၌ပင် Hospital Quarantine ဆက်လက်ဝင်ရောက်နေသူ မိုင်းဖြတ်မြို့မှ လူနာအမှတ် (၆၄) သည်လည်း ကျန်းမာရေး ကောင်းမွန်နေပြီး လာမည့် ရက်သတ္တပတ်အတွင်း ဆေးရုံမှ ဆင်းခွင့်ရဖွယ် ရှိနေကြောင်း ၎င်း ထံက သိရသည်။
.
ရှမ်းပြည်နယ်တွင် ယနေ့ ဇွန်လ ၅ ရက်အထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၉ ဦး ရှိပြီး ၎င်းတို့အနက် ၇ ဦးမှာ ပြန်လည်သက်သာလာပြီး လက်ရှိ ပိုးတွေ့ရှိထားသူ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှ လူနာအမှတ် (၂၃၀) နှင့် မူဆယ်ဆေးရုံမှ လူနာအမှတ် (၂၃၁) တို့ ၂ ဦးသာ ကျန်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats