ရွာငံနှင့် မူဆယ်မှ COVID-19 ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများ၏ ဓါတ်ခွဲနမူနာများကို ပေးပို့စစ်ဆေးသွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, June 4, 2020

ရွာငံနှင့် မူဆယ်မှ COVID-19 ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများ၏ ဓါတ်ခွဲနမူနာများကို ပေးပို့စစ်ဆေးသွားမည်


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ရွာငံမြို့နယ်မှ COVID-19 ပိုးတွေ့ အတည်ပြုလူနာ အမှတ် (၂၃၀) နှင့် မူဆယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် လူနာအမှတ် (၂၃၁) တို့နှင့် ထိတွေ့ခဲ့သူများ၏ ဓါတ်ခွဲနမူနာများကို ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါ ရွာငံမှ လူနာအမှတ် (၂၃၀) နှင့်ထိတွေ့ခဲ့သူများမှာ ၁၈ ဦးခန့်ရှိပြီး မူဆယ်မြို့မှ လူနာအမှတ် (၂၃၁) နှင့် ထိတွေ့ခဲ့သူ များတွင် အနီးကပ် ထိတွေ့ခဲ့သူ ၂၀ ဦးခန့်အပါအဝင် အခြား ထိတွေ့ခဲ့သူ များစွာ ရှိနေသေးကြောင်း သိရသည်။
.
“လတ်တလောကတော့ လူနာအမှတ် (၂၃၀) နဲ့ ထိတွေ့ခဲ့တာ ရှမ်းတောင်ဘက်မှာ ၁၇ ဦး၊ ရှမ်းမြောက်ကနေ သူ့ကို ကားနဲ့ လိုက်ပို့တာ တစ်ဦး၊ စုစုပေါင်း ၁၈ ဦး ရှိပါတယ်။ အဲဒီ ထိတွေ့ခဲ့တဲ့သူ အားလုံးကို ဓါတ်ခွဲပေးပို့ စစ်ဆေးမှာဖြစ်ပါတယ်” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ထို့အတူ မူဆယ်ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာဟန်နိုင်စိုးကလည်း “Case-231 နဲ့ ထိတွေ့တဲ့သူက လောလောဆယ် လိုက်ထားတာ အနီးကပ် ထိတွေ့တာ ၂၀ လောက်ရှိပါတယ်။ တခြား ထိတွေ့တဲ့သူလည်း များပါတယ်။ အားလုံးကို ဓါတ်ခွဲနမူနာ ပေးပို့သွားမှာပါ။ ဒီနေ့ပို့ဖို့ စီစဉ်နေပါတယ်” ဟု ပြောဆိုခဲ့သည်။
.
လူနာအမှတ် (၂၃၀) သည် တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာနေ အသက် ၃၁ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၎င်းသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် တရုတ်နိုင်ငံ၊ မန်စီမြို့သို့ ကြံခုတ်ရန် သွားရောက်ခဲ့သူဖြစ်ကာ မေလ ၁၅ ရက်တွင် မူဆယ်မြို့မှတစ်ဆင့် ကွတ်ခိုင်-သိန္နီ-လားရှိုး-သီပေါ-ကျောက်မဲ-နောင်ချို လမ်းအတိုင်း ပြန်လာခဲ့ပြီး ယင်းမှတစ်ဆင့် အင်တော-ကျောက်ဂူ-ရပ်စောက်-ပင်းတယ-ရွာငံလမ်းအတိုင်း ရွာငံမြို့သို့ ပြန်လည်ဝင်ရောက်လာကာ မေလ ၁၇ ရက်တွင် ရွာငံမြို့နယ်၊ ရွာမရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ အသွားအလာ ကန့်သတ်စောင့်ကြည့်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
.
အလားတူ လူနာအမှတ် (၂၃၁) သည် မူဆယ်မြို့နယ်တွင် နေထိုင်သည့် အသက် ၃၀ နှစ်အရွယ်ရှိ ကျန်းမာရေးဝန်ထမ်း တစ်ဦးဖြစ်ပြီး ပြည်ပ နိုင်ငံများသို့ ခရီးသွားရောက်ခဲ့သည့် ရာဇဝင် မရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About