ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူ ရခိုင်ပြည်နယ်နေ အမျိုးသားတစ်ဦးတွင် COVID-19 ပိုးတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, June 4, 2020

ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူ ရခိုင်ပြည်နယ်နေ အမျိုးသားတစ်ဦးတွင် COVID-19 ပိုးတွေ့


ကမ္ဘောဇတိုင်း
.
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်နေ အမျိုးသားတစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဇွန်လ ၄ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
.
 
.
အဆိုပါ အမျိုးသားသည် ရခိုင်ပြည်နယ်၊ မောင်းတောမြို့နယ်နေ အသက် ၃၈ နှစ်အရွယ် အမျိုးသားဖြစ်ပြီး အသွားအလာကန့်သတ်ထားရှိသူဖြစ်ကာ ၎င်းကို မောင်းတောပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူစေမည် ဖြစ်ကြောင်း သိရသည်။
.
အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဇွန်လ ၃ ရက်က ဒုတိယအသုတ်အဖြစ် ဓါတ်ခွဲနမူနာ ၆၈၄ ခုအား စစ်ဆေးခဲ့ရာ ဇွန်လ ၄ ရက်၊ နံနက်အစောပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ပြီး COVID-19 ဓါတ်ခွဲအတည်ပြုလူနာ တစ်ဦး တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ ဇွန်လ ၄ ရက်၊ နံနက် ၈ နာရီအချိန်အထိ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြု လူနာ ၂၃၄ ဦး ရှိလာနေပြီဖြစ်ပြီး ရောဂါပိုးကင်းစင်လာသူ ၁၄၅ ဦး ရှိ၍ သေဆုံးသူ ၆ ဦး ရှိခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About