ပဲခူးတိုင်း၊ ညောင်လေးပင်မှ အမျိုးသားတစ်ဦးတွင် COVID-19 ပိုးတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, June 3, 2020

ပဲခူးတိုင်း၊ ညောင်လေးပင်မှ အမျိုးသားတစ်ဦးတွင် COVID-19 ပိုးတွေ့


ကမ္ဘောဇတိုင်း
.
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် နေထိုင်သူတစ်ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဇွန်လ ၃ ရက်၊ နံနက် ၇ နာရီအချိန် ထုတ်ပြန်ချက် များအရ သိရသည်။
.
 
.
အဆိုပါ COVID-19 ပိုးတွေ့လူနာ အမှတ် (၂၃၃) သည် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် အသက် ၂၆ နှစ်အရွယ် အမျိုးသားဖြစ်ပြီး အသွားအလာ ကန့်သတ်တားမြစ်စောင့်ကြည့်နေသူတစ်ဦး ဖြစ်ကြောင်း သိရသည်။
.
အမျိုးသားဓါတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ဒုတိယအသုတ်အဖြစ် ဓါတ်ခွဲနမူနာ ၆၄၅ ခု၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှု ဆိုင်ရာဌာန (မန္တလေး) မှ ဓါတ်ခွဲနမူနာ ၂၆၉ ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ကုတင် (၁၀၀၀) မှ ဓါတ်ခွဲနမူနာ ၁၆၆ ခု၊ စုစုပေါင်း ဓါတ်ခွဲနမူနာ ၁၀၈၀ ခုအား ဇွန်လ ၃ ရက် နံနက်အစောပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာသစ် တစ်ဦး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ ဇွန်လ ၃ ရက်၊ နံနက်ပိုင်းအထိ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၂၃၃ ဦး ရှိလာနေပြီး ၎င်းတို့အနက် ၁၄၃ ဦးမှာ ရောဂါပိုး ကင်းစင်လာပြီဖြစ်ကာ သေဆုံးသူ ၆ ဦး ရှိခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About