ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့၊
စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူခဲ့သော ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင် ကျေးရွာမှ
COVID-19 ပိုးတွေ့အတည်ပြုလူနာ အမှတ် (၂၄၅) သည် ရောဂါမှ ပြန်လည်သက်သာလာသဖြင့် ဆေးရုံမှ
ဆင်းခွင့်ရပြီဖြစ်ကာ ယနေ့ ဇွန်လ ၂၈ ရက်၊ နေ့လယ်ပိုင်းတွင် ဆိုက်ခေါင်သို့ ရောက်ရှိလာပြီ
ဖြစ် ကြောင်း သိရသည်။
.
.
“ဒီနေ့ နေ့လယ်
၂ နာရီခွဲလောက် ဆိုက်ခေါင်ကို ရောက်ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်း
လူနာအမှတ် (၂၄၅) သည် ကချင်ပြည်နယ်၊ မြစ်ဆုံဒေသတွင် ပခုက္ကူမှ
အခြားသူများနှင့်အတူ
လမ်း လုပ်ငန်း သွားရောက်လုပ်ကိုင်ပြီးနောက် ပြန်လာသူဖြစ်ကာ
ဆိုက်ခေါင်ကျေးရွာသို့
မေလ ၂၁ ရက်တွင် ပြန် ရောက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇွန်လ ၉ ရက်၊ ည ၈ နာရီအချိန်
ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ ဇွန်လ ၂၈ ရက်အထိ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၂၉၆ ဦး ရှိလာနေပြီဖြစ်ပြီး ၎င်းတို့အနက်
ရောဂါပိုး ကင်းစင်လာသူ ၂၁၆ ဦး၊ သေဆုံးသူ ၆ ဦး ရှိခဲ့ပြီး ရှမ်းပြည်နယ်တွင်
COVID-19 ပိုးတွေ့လူနာ ၁၀ ဦး ရှိကာ အားလုံး ရောဂါမှ ပြန်လည်သက်သာလာပြီ ဖြစ်ကြောင်း
သိရသည်။
.
No comments:
Post a Comment