COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၃ ဦး ထပ်တွေ့ - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, June 28, 2020

COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၃ ဦး ထပ်တွေ့

ကမ္ဘောဇတိုင်း
.
COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၃ ဦး ထပ်မံတွေ့ရှိပြီး စုစုပေါင်း ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၂၉၆ ဦး အထိ ရှိလာနေပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ဇွန်လ ၂၈ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
.
.
အဆိုပါ ဓါတ်ခွဲအတည်ပြုလူနာများမှာ ထိုင်းနိုင်ငံမှ ပြန်လာသူ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်း မြို့နယ်နေ အသက် ၁၅ နှစ်အရွယ် အမျိုးသားနှင့် အိန္ဒိယနိုင်ငံမှ ပြန်လာသူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင် မြို့နယ်နေ အသက် ၂၂ နှစ်အရွယ် အမျိုးသား၊ ယင်း မြို့နယ်နေ အသက် ၂၃ နှစ်အရွယ် အမျိုးသား တို့ဖြစ်ကြောင်း သိရသည်။
.
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၇ ရက် ညပိုင်းက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၅၆၃ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ ၂၅၂ ခု၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင် - ၁၀၀၀)မှ ဓာတ်ခွဲနမူနာ ၁၅ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၈၃၀ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ၃ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ယနေ့ ဇွန်လ ၂၈ ရက်အထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၂၉၆ ဦး ရှိလာနေပြီဖြစ်ပြီး ၎င်းတို့အနက် ရောဂါပိုး ကင်းစင်လာသူ ၂၁၆ ဦး ရှိကာ သေဆုံးသူ ၆ ဦး ရှိခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)