ဆီဆိုင်မြို့နယ်မှ COVID-19 ပိုးတွေ့လူနာ အမှတ် (၂၄၅) ၏ ဓါတ်ခွဲအဖြေတွင် ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, June 28, 2020

ဆီဆိုင်မြို့နယ်မှ COVID-19 ပိုးတွေ့လူနာ အမှတ် (၂၄၅) ၏ ဓါတ်ခွဲအဖြေတွင် ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့

ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ စဝ်စံထွန်းအထွေထွေရောဂါကု ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူ နေသည့် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာမှ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ အမှတ် (၂၄၅) ၏ ဓါတ်ခွဲအဖြေတွင် ၂ ကြိမ်ဆက်တိုက် ရောဂါပိုး တွေ့ရှိခြင်း မရှိတော့ကြောင်း သိရသည်။
.
.
“ဆိုက်ခေါင်လူနာရဲ့ တတိယအကြိမ်ဓါတ်ခွဲအဖြေမှာ ပိုးမတွေ့ ထွက်ပါပြီ။ ဆေးရုံက ဆင်းရတော့မှာပါ။ ဆင်း ရမယ့် အချိန်ကတော့ စဝ်စံထွန်းဆေးရုံနဲ့ ဆက်သွယ်ညှိနှိုင်းတာတွေ မလုပ်ရသေးပါဘူး။ ဒီက ဆင်းပြီးရင် တော့ ဆိုက်ခေါင်ဆေးရုံမှာ Quarantine ဆက်ထားမှာပါ” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း လူနာအမှတ် (၂၄၅) သည် ကချင်ပြည်နယ်၊ မြစ်ဆုံဒေသတွင် ပခုက္ကူမှ အခြားသူများနှင့်အတူ လမ်း လုပ်ငန်း သွားရောက်လုပ်ကိုင်ပြီးနောက် ပြန်လာသူဖြစ်ကာ ဆိုက်ခေါင်ကျေးရွာသို့ မေလ ၂၁ ရက်တွင် ပြန် ရောက်ပြီး ၎င်းအပါအဝင် မိသားစုဝင် ၆ ဦးလုံး Quarantine Center ၌ ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ ကျန် မိသားစုဝင်များ၏ အဖြေတွင် ရောဂါပိုး တွေ့ရှိခြင်း မရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း အဆိုပါ လူနာအမှတ် (၂၄၅) အပါအဝင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၁၀ ဦး ရှိလာနေပြီဖြစ်ပြီး ၎င်းတို့အနက် ၁၀ ဦးလုံးမှာ ရောဂါမှ ပြန်လည်သက်သာလာပြီဖြစ်ကာ ၉ ဦးမှာ ဆေးရုံမှ ဆင်းခွင့် ရပြီးဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)