COVID-19 ပိုးတွေ့ လူနာအသစ် ၁ ဦး​တွေ့ရှိ - Kanbawza Tai News

Breaking

Saturday, June 20, 2020

COVID-19 ပိုးတွေ့ လူနာအသစ် ၁ ဦး​တွေ့ရှိ

COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁ ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇွန်လ ၂၀ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ​ဆေးသု​တေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (မန္တ​လေး)နှင့် ​​မော်လမြိုင်တို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၃၄၆ ခုအနက် ၁ ဦးတွင် COVID-19 ပိုးတွေ့ရှိခြင်း ဖြစ်ကာ အဆိုပါ အတည်ပြုလူနာမှာ ​မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ အသွားအလာ ကန့်သတ်ထားသည့် ​​ပေါင်မြို့နယ်မှ အသက် ၃၉ နှစ်အရွယ် အမျိုးသမီး ဖြစ်​ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဇွန်လ ၂၀ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၂၈၇ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၁၉၆ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၁၀ ဦး ရှိကာ ၇ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment

Journal Download

Photo of three cats
'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();

Fixed Sidebar (true/false)