COVID-19 ပိုးတွေ့လူနာ ၂၃ ဦး ထပ်တိုး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ပိုးတွေ့လူနာ ၂၃ ဦး ထပ်တိုး

ကမ္ဘောဇတိုင်း
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဇွန်လ ၁၉ ရက်၊ နံနက် ၈ နာရီထုတ်ပြန်ချက်အရ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၂၃ ဦး ထပ်မံတွေ့ရှိပြီး စုစုပေါင်း ပိုးတွေ့လူနာ ၂၈၆ ဦး အထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
.





 
.
အဆိုပါ ပိုးတွေ့လူနာများမှာ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ၁၉ ဦးနှင့် မလေးရှားနိုင်ငံမှ ပြန်လည် ဝင်ရောက် လာသူ ၄ ဦးတို့ဖြစ်ပြီး ၎င်းတို့ကို ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အသွားအလာ ကန့်သတ် စောင့်ကြည့်နေသူများ ဖြစ်ကြောင်း သိရသည်။
.
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၈ ရက်အတွက် ဓါတ်ခွဲစစ်ဆေးမှုအဖြစ် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ ၁၃၂၇ ခု၊ ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ ၂၄၀ ခု၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး၊ ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၂၀၃ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL-MDY) မှ ဓာတ်ခွဲနမူနာ ၃၇၀ ခု နှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) (PHL-MLM) မှ ဓာတ်ခွဲနမူနာ ၂၈၂ ခု၊ စုစုပေါင်း ၂၄၂၂ ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၃  ဦး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ မြန်မာနိုင်ငံတွင် ယနေ့ ဇွန်လ ၁၉ ရက်အထိ COVID19 ပိုးတွေ့အတည်ပြုလူနာ ၂၈၆ ဦး ရှိလာပြီ ဖြစ်ပြီး ၎င်းတို့အနက် ၆ ဦးသေဆုံး၍ ၁၈၇ ဦးမှာ ရောဂါမှ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats