ဘူးသီးတောင်မြို့နယ်နေ အမျိုးသမီးတစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဘူးသီးတောင်မြို့နယ်နေ အမျိုးသမီးတစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ

ကမ္ဘောဇတိုင်း
.
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နေ အမျိုးသမီးတစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဇွန်လ ၁၈ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
.
 
.
အဆိုပါ ပိုးတွေ့လူနာအမှတ် (၂၆၃) သည် ဘူးသီးတောင်မြို့နယ်နေ အသက် ၁၇ နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ပြီး ပြည်ပသို့ ခရီးသွားရာဇဝင် မရှိသော်လည်း လူနာအမှတ် (၂၆၂) နှင့် ထိတွေ့မှု ရှိခဲ့သူဖြစ်ကာ မောင်တောမြို့နယ်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
.
ဇွန်လ ၁၇ ရက် အတွက် COVID-19 ရောဂါ ဓါတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်နှင့် ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၁၀၅၂ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၁၅၇ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL-MDY)မှ ဓာတ်ခွဲနမူနာ ၃၇၅ ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ကုတင် - ၁၀၀၀)မှ (ပထမအသုတ်နှင့် ဒုတိယ အသုတ်) ဓာတ်ခွဲနမူနာ ၅၁၂ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၂၀၉၆  ခုအား စစ်ဆေးခဲ့ရာ ယင်းအမျိုးသမီးတစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ယနေ့ ဇွန်လ ၁၈ ရက် နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့အတည်ပြုလူနာ ၂၆၃ ဦး ရှိလာနေပြီး ယင်းတို့အနက် ရောဂါပိုး ကင်းစင်လာသူ ၁၈၅ ဦးနှင့် သေဆုံးသူ ၆ ဦး ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats