ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှ အမျိုးသမီးတစ်ဦးတွင် COVID-19 ပိုးတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှ အမျိုးသမီးတစ်ဦးတွင် COVID-19 ပိုးတွေ့


ကမ္ဘောဇတိုင်း
.
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်နေ အမျိုးသမီးတစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဇွန်လ ၁၁ ရက်၊ နံနက် ၈ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။
.
.
အဆိုပါ ပိုးတွေ့လူနာသည် မိုးမောက်မြို့နယ် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ပြည်ပနိုင်ငံများသို့ ခရီးသွားရာဇဝင်နှင့် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်မရှိသူဖြစ်ကာ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူတစ်ဦးဖြစ်ကြောင်း သိရသည်။

.
၂၀၂၀ ပြည့်နှစ် မတ်လ ၁၀ ရက် ညပိုင်းက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၅၅၄ ခုနှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL - MDY)မှ ဓာတ်ခွဲနမူနာ ၂၇၄ ခု၊ စုစုပေါင်း ၈၂၈ ခု အား စစ်ဆေးခဲ့ရာ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ အသစ် တစ်ဦး တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့ ဇွန်လ ၁၁ ရက်အထိ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၂၄၉ ဦး ရှိလာနေပြီဖြစ်ပြီး ယင်းအနက် ၆ ဦး သေဆုံး၍ ၁၆၅ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၁၀ ဦး ရှိကာ ၇ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats