တောင်ကြီးတွင် COVID -19 အပါအဝင် အခြား ရောဂါများကို စစ်ဆေးပေးနိုင်တော့မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, June 2, 2020

တောင်ကြီးတွင် COVID -19 အပါအဝင် အခြား ရောဂါများကို စစ်ဆေးပေးနိုင်တော့မည်


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံတွင် ဇူလိုင်လ လယ်ခန့်မှ စတင်၍ COVID-19 အပါအဝင် အခြားသော ကူးစက်ရောဂါပိုးများကို စစ်ဆေးပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
.
 
.
"ဒီစက်ကြီး ရောက်လာခဲ့ရင် စပြီးလုပ်ရတဲ့ အချိန်နဲ့ ကြာချိန်က ပြီးဆုံးတဲ့ အချိန်ထိ ၂ နာရီကနေ ၃ နာရီထိ ကြာမယ်ပေါ့။ တစ်ခါ run လို့ရှိရင် Simple ၉၆ ခု run နိုင်မှာပါ။ စက်ရောက်ပြီး ဆင်ဖို့နဲ့ ဆိုရင် ဇူလိုင်လလယ် လောက်မှာ ရောက်မယ်ထင်တယ် ” ဟု စဝ်စံထွန်း ဆေးရုံကြီး ရောဂါ ရှာဖွေရေးဌာန မှ အထူးကု ဆရာဝန်ကြီး (အဏုဇီဝ) က ဒေါက်တာ ပိုးပိုးလင်းက ပြောသည်။
.
တောင်ကြီး စဝ်စံထွန်းဆေးရုံကြီးတွင် ရောက်ရှိလာမည့် စက်သည် အမျိုးသား ဓာတ်ခွဲမှုဆိုင်ရာဌာန NHL တွင် စမ်းသပ်စစ်ဆေးပေးသည့် စက်နှင့် အမျိုးအစား အတူတူပင် ဖြစ်ပြီး တရုတ်ပြည်မှ တင်သွင်းလာကာ နယ်စပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
.
"အခုလောလောဆယ်မှာ Team Leder ပေါ့။ ဦးစီး အရာရှိ တစ်ယောက်ရှိမယ်။ ကျွန်မ အပါအဝင် ၄ ယောက် ပါ။ အဲဒီ အင်အားနဲ့ မလုံလောက်မှာစိုးလို့ ရန်ကုန်မြို့ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲ မှုဆိုင်ရာ ဌာနကို ၄ ယောက် ငှားရမ်းပေးဖို့အတွက် တောင်းခံထားတာရှိပါတယ် ”ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါ ဓာတ်ခွဲခန်းကို ရှမ်းပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဆောက်လုပ်ခြင်း ဖြစ်ပြီး တန်​ဖိုး ၁၂၆၄ သိန်း ကုန်ကျမည်ဖြစ်ကာ အဆောက်အဦ ကို ရက်ပေါင်း၂၈ ရက်နှင့် အပြီးတည်ဆောက်ရန် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About