ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကျေးရွာသားများပါဝင်နိုင်ရန် Cash for Work စီမံကိန်း ဆောင်ရွက် - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, June 24, 2020

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကျေးရွာသားများပါဝင်နိုင်ရန် Cash for Work စီမံကိန်း ဆောင်ရွက်

စုလှိုင်
.
ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာ များတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ရာ၌ ကျေးရွာသူ/သားများ ကိုယ်တိုင် ပါဝင်ပြီး ဝင်ငွေ တိုးပွားစေရန် ရည်ရွယ်၍ Cash for Work စီမံကိန်းကို စတင် အကောင် အထည် ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း ရှမ်းပြည်နယ် ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိ ရသည်။
.
 .
"Cash For Work ရဲ့ အဓိကရည် ရွယ်ချက်က ဒီစီမံကိန်းကို အကောင် ထည်ဖော်မယ်။ ကျေးရွာမှာ ရွာသူ/ သားတွေကြိုက်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း တွေလုပ်မယ်။ ဆင်းရဲတဲ့ အိမ်ထောင် စု တစ်ခုမှာ တစ်ယောက်လောက် ထွက်မယ်။ လုပ်ချင်တဲ့သူပေါ့ နည်း ပညာ သိပ်ရှုပ်ထွေးမယ့် စီမံကိန်း လည်း မလုပ်ဘူး။ ရက် ၂၀ ကနေ တစ် လအတွင်းမှာ ပြီးနိုင်မယ့် လုပ်ငန်း ပေါ့။ ရေမြောင်း ပြင်တာ၊ တံတားပြင် တာ၊ ကျောင်းပြင်တာ စတဲ့ လုပ်ငန်း တွေကို ဆင်းရဲတဲ့ မိသားစုက လုပ် မယ် ပြီးရင် လုပ်အားခက ဒေသပေါက် စျေးပေးမယ်ပေါ့”ဟု ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးမောင်မောင်ဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ စီမံကိန်းကို တောင်ကြီး မြို့နယ် နားဟီးကျေးရွာအုပ်စု၊ ထီရီး မြောက်ကျေးရွာအား ရွာအတွင်း ဖွံ့ ဖြိုးရေးလုပ်ငန်းများကို ဇွန်လ ၉ ရက်က စတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းကြီးကြပ်ကော်မတီ ၇ ဦးဖြင့် စမ်းသပ် လုပ်ဆောင်နေခြင်းဖြစ်ကာ တစ်ရက်လျှင် တစ်ဦးကို လုပ်အားခ ၅ ထောင်ကျပ် ပေးနေကြောင်း ဦးမောင် မောင်ဝင်း ထံက သိရသည်။
.
ယင်း စီမံကိန်းသည် ကျေးရွာအတွင်းရှိ တစ်လအတွင်း ပြီးနိုင်သော လုပ်ငန်းများဖြစ်သည့် ရေနုတ်မြောင်း များ တူးဖော်ခြင်း၊ ကျေးရွာတွင်း လမ်း ခင်းခြင်း၊ တံတား ပြုပြင်ခြင်း၊ ရေတွင်း ရေကန် တူးဖော်ခြင်း၊ ရေ ပိုက်လိုင်း သွယ်တန်းခြင်း၊ အားက စားကွင်း တည်ဆောက်ခြင်း၊ ဆေး ပေးခန်း တည်ဆောက်ခြင်း စသည့် အလုပ်များကို ကျေးလက်ဒေသနေ ပြည်သူများ ကိုယ်တိုင် ပါဝင်လုပ် ကိုင်စေပြီး လုပ်အားခ ပြန်လည်ပေး စေသော စီမံကိန်း ဖြစ်ကြောင်း သိရ သည်။
.
"Cash For Work က ရှမ်းရှေ့၊ ရှမ်းတောင်၊ ရှမ်းမြောက် မြို့နယ် ပေါင်း ၅၁ မြို့နယ် ကျေးရွာပေါင်း ၂၅၀ မှာ လုပ်ဖို့ရှိတယ်။ မလုပ်ခင်မှာ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံက ရွာလေး တစ်ရွာမှာ ကျွန်တော်တို့ ဘတ်ဂျက်နဲ့ ရှေ့ပြေး စီမံကိန်းကို စ လုပ်ကြည့်တာပါ” ဟု ဦးမောင်မောင် ဝင်းက ဆက်လက် ပြောဆိုခဲ့သည်။
.
စီမံကိန်း ဆောင်ရွက်ရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြ ထားပြီး အစိုးရအဖွဲ့မှ စီမံကိန်း ဆောင် ရွက်မည့် မြို့နယ် အရေအတွက်ကို အကြောင်းပြန်ကြားလာပါက ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ မြို့နယ်နှင့် ကျေးရွာများကို ပြန် လည် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ကျေးလက်ဦးစီးဌာန အနေဖြင့် မြစိမ်းရောင် ကဲ့သို့သော အရင်းမ ပျောက်လည်ပတ် ရန်ပုံငွေ စီမံကိန်း ဖြင့် အိမ်ခြေ ၅၀ အောက်ရှိသည့် ကျေးရွာများကို သိန်း ၁၀၀၊ အိမ်ခြေ ၅၀ နှင့် ၁၀၀ ကြားရှိ ကျေးရွာများကို သိန်း ၂၀၀၊ အိမ်ခြေ ၁၀၀ ထက် ရှိ သည့် ကျေးရွာများကို သိန်း ၃၀၀ စီ အား အတိုးနှုန်း သက်သာစွာ ဖြင့် ချေး ငွေ ထုတ်ချေး ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း၌ ရှမ်း ပြည်နယ်တောင်ပိုင်းတွင် ကျေးရွာ ပေါင်း ၁၃၀ ၊ ရှမ်းပြည်နယ်မြောက်ပိုင်း တွင် ကျေးရွာပေါင်း ၇၀ နှင့် ရှမ်းပြည် အရှေ့ပိုင်းတွင် ကျေးရွာပေါင်း ၅၀ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိ ရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)