ကာတာနိုင်ငံသို့ ခရီးသွားရာဇဝင် ရှိသူ ၃ ဦးတွင် COVID-19 ပိုးတွေ့ - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, June 21, 2020

ကာတာနိုင်ငံသို့ ခရီးသွားရာဇဝင် ရှိသူ ၃ ဦးတွင် COVID-19 ပိုးတွေ့

ကာတာနိုင်ငံသို့ ခရီးသွား ရာဇဝင် ရှိသူ အမျိုးသား ၃ ဦးတွင် COVID-19 ပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇွန်လ ၂၁ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)နှင့် ဆေးသု​တေသနဦးစီးဌာနတို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၈၀၉ ခုအနက် ၃ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်သည်။
.
အဆိုပါ အတည်ပြုလူနာမှာ ရန်ကုန်တိုင်း​ဒေသကြီး၊ လှိုင်မြို့နယ်နှင့် မရမ်းကုန်း မြို့နယ်တို့တွင် အသွားအလာ ကန့်သတ်ထားသည့် ပဲခူးတိုင်း​ဒေသကြီး၊ လက်ပံတန်းမြို့နယ်မှ အသက် ၃၅ နှစ်အရွယ် အမျိုးသား၊ ​နေပြည်​တော်၊ လယ်​ဝေး မြို့နယ်မှ အသက် ၂၅ နှစ်အရွယ် အမျိုးသားနှင့် ရန်ကုန်တိုင်း​ဒေသကြီး၊ ​ကျောက်တံတား မြို့နယ်မှ အသက် ၂၃ နှစ်အရွယ် အမျိုးသားတို့ ဖြစ်​ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဇွန်လ ၂၁ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၂၉၀ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၂၀၀ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၁၀ ဦး ရှိကာ ၇ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)