COVID-19 ပိုးတွေ့လူနာအမှတ်(၂၄၅) နှင့် ထိတွေ့ခဲ့သူ ၁၇ ဦး၏ ဓါတ်ခွဲနမူနာများကို စစ်ဆေးမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ပိုးတွေ့လူနာအမှတ်(၂၄၅) နှင့် ထိတွေ့ခဲ့သူ ၁၇ ဦး၏ ဓါတ်ခွဲနမူနာများကို စစ်ဆေးမည်


စုလှိုင်
.
တောင်ကြီးမြို့ ၊ စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေသော ဆီဆိုင်မြို့နယ်မှ COVID -19 ပိုးတွေ့ အတည်ပြုလူနာ အမှတ် (၂၄၅) နှင့် ထိတွေ့ခဲ့သူ ၁၇ ဦး၏ ဓာတ်ခွဲ နမူနာများကို စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
“ သူနဲ့ ထိတွေ့ခဲ့တာ လမ်းတစ်လျှောက်နဲ့ အိမ်မှာ ထိတွေ့ခဲ့သူ ၁၇ ယောက် ရှိတယ်။ ထိတွေ့ခဲ့သူ အကုန်လုံးကို ပြန်စစ်မယ်။”ဟု ရှမ်းပြည်နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ နှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

အဆိုပါ လူနာအမှတ် (၂၄၅) သည် ကချင်ပြည်နယ်တွင် လမ်းလုပ်ငန်း သွားရောက် လုပ်ကိုင်ပြီးနောက် ပြန်လာသူ ဖြစ်ကာ ဆိုက်ခေါင်ကျေးရွာသို့ မေလ ၂၁ ရက်တွင် ပြန်လည် ရောက်ရှိပြီး မိသားစုဝင်များနှင့်အတူ အသွားအလာကန့်သတ်ထားသူ ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် ရွာငံမြို့နယ်မှ COVID -19 ပိုးတွေ့ အတည်ပြုလူနာ အမှတ် (၂၃၀) နှင့် ထိတွေ့ခဲ့သူ ၆ ဦး၏ ဓာတ်ခွဲ နမူနာများကို စစ်ဆေးရာတွင်လည်း ပိုး မတွေ့ရကြောင်းနှင့် လက်ရှိ လူနာ ၂ ဦး၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက် ရှိကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
.
ရှမ်းပြည်နယ်အတွင်း၌ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၀ ဦး ရှိပြီး ယင်းတို့အနက် ၇ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကာ တောင်ကြီးမြို့၊ စဝ်စံထွန်း ဆေးရုံ၌ လူနာအမှတ် (၂၃၀)နှင့် လူနာအမှတ် (၂၄၅)၊ မူဆယ်ဆေးရုံ၌ လူနာအမှတ် (၂၃၁)တို့ ဆေးကုသမှုခံယူနေလျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats