မိုင်းဖြတ်မြို့မှ COVID-19 လူနာအမှတ် (၆၄) ဆေးရုံ ဆင်းခွင့်ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းဖြတ်မြို့မှ COVID-19 လူနာအမှတ် (၆၄) ဆေးရုံ ဆင်းခွင့်ရ

ကိုစိုး (ကမ္ဘောဇတိုင်း)

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူခဲ့သော မိုင်းဖြတ်မြို့နယ်မှ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ အမှတ် (၆၄) သည် ယနေ့ ဇွန်လ ၁၄ ရက်၊ နေ့လယ်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။

.

Photo - Dr Hla Htay Min

.

“ဒီနေ့ ဆေးရုံက ဆင်းပါပြီ။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ COVID-19 လူနာ တစ်ဦးမှ မရှိတော့ပါဘူး။ အခု လူနာအမှတ် (၆၄) က ကျန်းမာရေးလည်း ကောင်းသွားပါပြီ” ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဘစိုးသက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ထို့အပြင် လတ်တလော၌ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် COVID-19 စောင့်ကြည့်လူနာ ၅ ဦး ရှိနေပြီး ၎င်းတို့၏ ဓါတ်ခွဲ နမူနာများကို ပေးပို့ထားကာ အဖြေစောင့်ဆိုင်းနေဆဲဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

အဆိုပါ COVID-19 အတည်ပြုလူနာ အမှတ် (၆၄) သည် မိုင်းဖြတ်မြို့မှ အမျိုးသားတစ်ဦးဖြစ်ပြီး ဧပြီလ ၁၅ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ COVID-19 ပိုး တွေ့ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့် မေလ ၃၁ ရက်တွင် ၂ ကြိမ်ဆက်တိုက် ရောဂါပိုး မတွေ့ရှိတော့သဖြင့် ဆေးရုံတွင် Hospital Quarantine ၁၄ ရက် ဆက်လက်နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ရှမ်းပြည်နယ်အတွင်း COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၁၀ ဦး ရှိပြီး ၎င်းတို့အနက် ၇ ဦးမှာ ပြန်လည်သက်သာ လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကာ လက်ရှိတွင် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေသော လူနာအမှတ် (၂၃၀)၊ လူနာအမှတ် (၂၄၅) နှင့် မူဆယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသော လူနာအမှတ် (၂၃၁) တို့ ၃ ဦးသာ ကျန်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats