ရွာငံမှ COVID -19 အတည်ပြုလူနာအမှတ် ၂၃၀ ၏ ဓါတ်ခွဲအဖြေတွင် ပိုးမတွေ့တော့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွာငံမှ COVID -19 အတည်ပြုလူနာအမှတ် ၂၃၀ ၏ ဓါတ်ခွဲအဖြေတွင် ပိုးမတွေ့တော့

စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ရွာငံမြို့နယ်မှ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ အမှတ် (၂၃၀) ၏ ဓါတ်ခွဲအဖြေတွင် ပထမဆုံးအကြိမ်အဖြစ် ရောဂါပိုး တွေ့ရှိခြင်း မရှိတော့ကြောင်း သိရသည်။
.
 
.
“ရှမ်းတောင်က ၃၂၂ ယောက် ပို့ထားတာ အားလုံး ပိုးမတွေ့ဘူး။ Case-230 ရဲ့ ဓါတ်ခွဲအဖြေမှာ ပိုးမတွေ့ဘူးလို့ ထွက်တယ်။ နောက်တစ်ကြိမ် ထပ်စစ်ဖို့ လုပ်နေပြီ။ စဝ်စံထွန်းမှာရှိတဲ့ အတည်ပြုလူနာ ၂ ဦးလုံး ကျန်းမာရေး အခြေအနေ ကောင်းပါတယ်။ ဘာလက္ခဏာမှ မပြဘူး” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြေသည်။
.
အဆိုပါ လူနာအမှတ် (၂၃၀) သည် တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ရွာငံမြို့နယ်၊ ကျောက်ငှက် ကျေးရွာနေ အသက် ၃၁ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၎င်းသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် တရုတ်နိုင်ငံ၊ မန်စီမြို့သို့ ကြံခုတ်ရန် သွားရောက်ခဲ့သူဖြစ်ကာ မေလ ၁၅ ရက်တွင် မူဆယ်မြို့မှတစ်ဆင့် ကွတ်ခိုင်-သိန္နီ-လားရှိုး-သီပေါ-ကျောက်မဲ-နောင်ချို လမ်းအတိုင်း ပြန်လာခဲ့ပြီး ယင်းမှတစ်ဆင့် အင်တော-ကျောက်ဂူ-ရပ်စောက်-ပင်းတယ-ရွာငံလမ်းအတိုင်း ရွာငံမြို့သို့ ပြန်လည်ဝင်ရောက်လာကာ မေလ ၁၇ ရက်တွင် ရွာငံ မြို့နယ်၊ ရွာမရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ အသွားအလာ ကန့်သတ်စောင့်ကြည့်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။
.
အလားတူ ရှမ်းပြည်နယ်တောင်ပိုင်းမှ ဓါတ်ခွဲနမူနာ ထပ်မံပေးပို့ထားသူ ၅၅၃ ဦး ရှိနေပြီး ၎င်းတို့၏ ဓါတ်ခွဲ အဖြေများ ရရှိခြင်း မရှိသေးကြောင်း သိရသည်။
.
ယနေ့ ဇွန်လ ၁၈ ရက်၊ နံနက်ပိုင်းအထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် COVID-19 ပိုးတွေ့အတည်ပြုလူနာ ၂၆၃ ဦး ရှိလာ နေပြီဖြစ်ပြီး ၎င်းတို့အနက် ပြန်လည်သက်သာလာသူ ၁၈၅ ဦး ရှိကာ ရှမ်းပြည်နယ်အတွင်းရှိ ပိုးတွေ့ လူနာ ၁၀ ဦးအနက် ၇ ဦးမှာ ရောဂါ မှ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats