ဝေဘာဂီဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် တောင်ကြီးမြို့မှ COVID-19 ပိုးတွေ့လူနာအမှတ် (၁၉၂) ရောဂါမှ ပြန်လည်သက်သာလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, June 7, 2020

ဝေဘာဂီဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် တောင်ကြီးမြို့မှ COVID-19 ပိုးတွေ့လူနာအမှတ် (၁၉၂) ရောဂါမှ ပြန်လည်သက်သာလာ


စုလှိုင်
.
ရန်ကုန်တိုင်းဒေသကြီး၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် တက်ရောက်ဆေးကုမှု ခံယူနေသည့် တောင်ကြီးမြို့နေ COVID-19 ပိုးတွေ့လူနာအမှတ် (၁၉၂) ၏ ဓါတ်ခွဲအဖြေတွင် ၂ ကြိမ်ဆက်တိုက် ရောဂါပိုး မတွေ့ရှိသဖြင့် ရောဂါမှ ပြန်လည်သက်သာ လာပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.
 
.
“လောလောဆယ်တော့ သူက ပြန်မလာသေးပါဘူး။ ရန်ကုန်မှာပဲ Quarantine ရက်ပြည့်အောင် ဆက်နေရမှာပါ” ဟု ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အတည်ပြုလူနာအမှတ် (၁၉၂)သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ နေထိုင်သည့် အသက် ၃၄ နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး ယူအေအီးနိုင်ငံသို့ ခရီးသွား ရာဇဝင် ရှိသူ ဖြစ်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မေလ ၁၉ ရက်၊ ည ၈ နာရီအချိန် ထုတ်ပြန်ချက်တွင် COVID-19 ပိုးတွေ့လူနာအဖြစ် ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇွန်လ ၆ ရက်၊ ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ ဓာတ်ခွဲအတည်ပြု လူနာဟောင်း များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် ၂ ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ ၅ ဦးရှိကာ ၎င်းတို့မှာ လူနာအမှတ် (၄၂)၊ လူနာအမှတ် (၆၁)၊ လူနာအမှတ် (၉၁)၊ လူနာအမှတ် (၉၃) နှင့် လူနာအမှတ် (၁၉၂) တို့ ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats