COVID-19 ပိုးတွေ့ လူနာ တစ်ဦး ​တွေ့ရှိ

COVID-19 ပိုး​တွေ့ အတည်ပြုလူနာ တစ်ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဇွန်လ ၂၃ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသု​တေသနဦးစီးဌာနနှင့် ရန်ကုန်မြို့ရှိ တပ်မ​တော် ​ဆေးရုံတို့မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၈၆၆ ခုအနက် တစ်ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်သည်။
.
အဆိုပါ အတည်ပြုလူနာမှာ ရခိုင်ပြည်နယ်၊ စစ်​တွေမြို့နယ်၌ အသွားအလာ ကန့်သတ်ထားသည့် ဘင်္ဂလား​ဒေ့ရှ်နိုင်ငံသို့ ခရီးသွား ရာဇဝင် ရှိသည့် အသက် ၃၈ နှစ်အရွယ် အမျိုးသား ဖြစ်​ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဇွန်လ ၂၃ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၂၉၂ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၂၀၄ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်တွင်မူ COVID-19 အတည်ပြုလူနာ ၁၀ ဦး ရှိကာ ၉ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်ကြောင်း သိရသည်။ 

Comments