စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် COVID-19 လူနာအမှတ်(၂၃၀) ဆေးရုံဆင်းခွင့် ရတော့မည် - Kanbawza Tai News

Breaking

Boxed(True/False)

Tuesday, June 23, 2020

စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် COVID-19 လူနာအမှတ်(၂၃၀) ဆေးရုံဆင်းခွင့် ရတော့မည်


တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် COVID-19 လူနာအမှတ်(၂၃၀)၏ ဓါတ်ခွဲနမူနာတွင် ၂ ကြိမ်ဆက် ပိုး မတွေ့ရတော့သဖြင့် ဇွန်လ ၂၄ ရက်တွင် ဆေးရုံမှ ဆင်းခွင့် ရတော့မည် ဖြစ်ကြောင်း သိရသည်။
.
“ ၂ ကြိမ် ဆက် Negative ဖြစ်တာ ဟုတ်ပါတယ်။ ဒီနေ့ မနက် ထွက်တာ။ ဆိုက်ခေါင်က လူနာလည်း ဒုတိယ အကြိမ် စစ်တာမှာ ပထမအကြိမ် Negative ထွက်ပါတယ်ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ နှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

လူနာအား ဆေးရုံမှ ဆင်းခွင့် ပြုပြီးပါက ရွာငံမြို့၌ Facility Quarantine နှင့် Home Quarantine အဖြစ် ၁၄ ရက် ထားရှိ သွားမည် ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ COVID-19 လူနာအမှတ် (၂၃၀)သည် ရွာငံမြို့နယ်မှ အသက် ၃၁ နှစ်အရွယ် အမျိုးသား ဖြစ်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြီးခဲ့သည့် ဇွန်လ ၂ ရက်တွင် ပိုးတွေ့ လူနာ အဖြစ် အတည်ပြု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ထို့အတူ မူဆယ်ဆေးရုံ၌ ဆေးကုသမှု ခံယူခဲ့သည့် လူနာအမှတ်(၂၃၁)၏ ဓါတ်ခွဲနမူနာတွင်လည်း ၂ ကြိမ် ဆက် ပိုး မတွေ့ရတော့သဖြင့် Hospital Quarantine ဝင်နေကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ လှထွန်းထံက သိရသည်။
.
ရှမ်းပြည်နယ်တွင် COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၀ ဦး ရှိပြီး ယင်းတို့အနက် ၉ ဦးမှာ ၂ ကြိမ်ဆက် ပိုး မတွေ့တော့ဘဲ လက်ရှိ ဆေးကုသမှု ခံယူနေသူ ၁ ဦးသာ ကျန်ရှိတော့ပြီး ၎င်းမှာ ဆီဆိုင်မြို့နယ်မှ လူနာအမှတ် (၂၄၅) ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)