သူနာပြု လိုအပ်ချက်အား ဖြည့်ဆည်းရန် သီပေါတွင် Care Giver သင်တန်း ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, June 1, 2020

သူနာပြု လိုအပ်ချက်အား ဖြည့်ဆည်းရန် သီပေါတွင် Care Giver သင်တန်း ပြုလုပ်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် သူနာပြု လိုအပ်ချက်အား ဖြည့်ဆည်းရန် ရည်ရွယ် ဖွင့်လှစ်သည့် လူမှုဂရုဏာကူညီရေး လူနာပြုစု စောင့်ရှောက်သူ ၉ လ သင်တန်းကို ဖွင့်လှစ်သင်ကြား နေလျက်ရှိပြီး ပထမအကြိမ် အဖြစ် ဖွင့်လှစ်သည့် သင်တန်းဆင်း လက်မှတ် ပေးအပ်ပွဲကို မေလ ၃၁ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
COVID-19 ကာလဖြစ်လို့ အကျဉ်းရုန်းပဲ လက်မှတ် ပေးလိုက်တာပါ။ သူနာပြု လိုအပ်ချက် ရှိနေတဲ့ နေရာမှာ လူနာပြုစု စောင့်ရှောက်ဖို့ ကွက်လပ်ကို ဖြည့်ဆည်းဖို့ ကျွန်တော်တို့ တည်ထောင်ထားတဲ့ တန်ဖိုးသင့် အဖွဲ့က ရရှိတဲ့ ရန်ပုံငွေနဲ့ သူတို့ကို မြေတောင် မြှောက်ပေးခဲ့တာပါ။ အဆောင်က အစ ကျွေးမွေးတာ အလယ်၊ ထောက်ပံ့ကြေး အဆုံး လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒီသင်တန်းမှာ တက်ခဲ့သူတွေက အရည်အချင်း ပြည့်ဝတဲ့ လူနာ စောင့်ရှောက်သူတွေ ဖြစ်လို့ သူတို့ဘဝအတွက်ရော လိုအပ်တဲ့သူတွေ အတွက်ရော အားလုံး အဆင်ပြေကြမှာ ဖြစ်ပါတယ်။” ဟု သီပေါ ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ နန္ဒဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

အဆိုပါ သင်တန်းကို ၉ လတာ သင်ကြား လေ့ကျင့်ပေးခြင်း ဖြစ်ပြီး ပထမအကြိမ်အဖြစ် သင်တန်းသူ ၁၁ ဦးအနက် အကြောင်း အမျိုးမျိုးကြောင့် ၆ ဦးသာ သင်တန်း ဆင်းနိုင်ကြောင်းနှင့် ဒုတိယအကြိမ် ဖွင့်လှစ်သည့် သင်တန်းတွင်လည်း စတင် ဖွင့်လှစ်စဉ်က၂၄ ဦး ရှိခဲ့သော်လည်း ယခုတွင် ၁၄ ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။
.
လူမှုဂရုဏာကူညီရေး လူနာပြုစု စောင့်ရှောက်သူ ၉ လ သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ သင်တန်း ပြီးမြောက်သူများ အနေဖြင့် သူနာပြုသားဖွားသင်တန်း လျှောက်ရန်၊ ကျန်းမာရေးကြီးကြပ်-၂ လျှောက်ရန်၊ ဆေးဆိုင်တွင် အလုပ်ဝင်ရောက်နိုင်ရန်နှင့် ပြည်ပ Care Giver အဖြစ် သွားရောက် လုပ်ကိုင်ရန်တို့ ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About