ခိုလမ်တပ်သိမ်းမြေနှင့် ပတ်သက်၍ ကိုယ်စားလှယ်ဖြင့်သာ တရားရုံးသို့ သွားရောက် တရားရင်ဆိုင်နိုင်ရေး လျှောက်ထား - Kanbawza Tai News

Breaking

Boxed(True/False)

Monday, June 29, 2020

ခိုလမ်တပ်သိမ်းမြေနှင့် ပတ်သက်၍ ကိုယ်စားလှယ်ဖြင့်သာ တရားရုံးသို့ သွားရောက် တရားရင်ဆိုင်နိုင်ရေး လျှောက်ထား

မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန် မြို့နယ်၊ ခိုလမ်မြို့တွင် တပ်သိမ်းမြေ အတွင်း ကျူးကျော်စိုက်ပျိုးသည်ဟု ဆိုကာ တရားစွဲဆို ခံထားရသည့် တောင်သူ ၄၇ ဦးအနက် ဖျားနာသူ များ ရှိလာနေ၍ အုပ်စုလိုက် တရား ရုံးသို့ သွားရောက် တရားရင်ဆိုင်မှု အ စား ကျင့်ထုံးအရ ကိုယ်စားလှယ်များ ဖြင့်သာ သွားရောက် တရားရင်ဆိုင် နိုင်ရေး လျှောက်ထားတင်ပြထား သည်ဟု တောင်သူများ၏ ရှေ့နေအ ဖြစ် လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးတင် အောင်ဝင်းထံက သိရသည်။
.
.
“အုပ်စုလိုက် လာရတာ အသက် ကြီးသူတွေ၊ ဖျားနာသူတွေ၊ သွားခ လာခတွေနဲ့ အလုပ်ပျက်အကိုင်ပျက် ဖြစ်ရ တာကြောင့် ကျင့်ထုံးပုဒ်မ ၂၅၁ (၁) အရ တရားရုံးရှေ့ကို လာရောက် ခွင့်ကို ၃ ဦးကနေ ၅ ဦး ရရှိအောင် လျှောက်ထား တင်ပြထားပါတယ်။ အမိန့်တော့ မချသေးဘူးပေါ့၊ တပ်မြေ သိမ်းစဉ်က စနစ်တကျ မတိုင်းတာခဲ့ တဲ့ ပြဿနာကစတယ်လို့ လေ့လာမိ တယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်အောင်ဝင်းက ပြောသည်။
.
ကျင့်ထုံးပုဒ်မ ၂၅၁(၁) တွင် ရာဇ ဝတ် တရားသူကြီးတစ် ယောက်သည် သမ္မန်စာ ထုတ်ဆင့်သည့်အခါတိုင်း စွပ်စွဲခံရသူ တို့ကိုယ်တိုင် လာရောက် ခြင်းမှ ကင်းလွတ်စေရန် ခွင့်ပြုသင့် သည်ဟု ထင်မြင်လျှင် ထိုသို့ခွင့်ပြုပြီး ၎င်း၏ ရှေ့နေကိုသာ ရောက်ရှိစေရန် ခွင့်ပြုနိုင်သည်ဟု ပြဌာန်းထားသည်။
.
“တရားစွဲတဲ့ အချက် ၁၁ ချက်မှာ တပ်မြေ ပုံစံ (၁၀၅) ပါတယ်ပြော တယ်။ အမှုတွဲဖိုင်မှာ မပါဘူး။ ပါတာ က ဟိုက်ဖရွာဘက်က ပုံစံ (၁၀၅) ဖြစ် နေတာတွေ့ရတယ်။ အခုတရားစွဲခံ ရတဲ့ထဲမှာ မြေစာရင်းပုံစံ (၇) ရပြီး သား တစ်ယောက်တောင်ပါတယ်”ဟု တရားစွဲခံ တောင်သူတစ်ဦး ဖြစ်သူ ကိုရိုဆန်းက ပြောသည်။
.
၂၀၁၅ တွင် ခိုလမ်မြို့သို့ ပြောင်း ရွှေ့လာသည့် ခလရ(၆၆) အနေဖြင့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် ယင်းအချိန်က တာဝန်ထမ်းဆောင်ခဲ့ သည့် တပ်ရင်းမှူးမှ မြေဧက ၂၃၅၅ ဒသမ ၃၃ ဧကအား ပြန်လည်စွန့် လွှတ်ပြီး ဖြစ်ကြောင်း ထောက်ခံစာ ပေးပို့ထားသော်လည်း ၂၀၁၉ ခုနှစ် တွင် တပ်သိမ်းမြေဟု ကြေညာခဲ့ရာ တောင်သူများက လက်မခံသော ကြောင့် တပ်သိမ်းမြေအဖြစ် သဘော တူ လက်မှတ်ရေးထိုးမှု မပြုခဲ့သည့် တောင်သူများကို အစည်းအဝေးတက် သည့် လူစာရင်းအတိုင်း နမ့်စန်မြို့ နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“လွန်ခဲ့တဲ့ နှစ် ၃၀/၄၀ ကတည်း က လုပ်လာတာပါ။ ၂၀၁၅ မှာလည်း ပြန်စွန့်လွှတ်တယ် ပြောတယ်။ ၂၀၁၉ ကျတော့မှ သိမ်းထားတာသိရပြီး မြေမှာ သက်ဆိုင်တဲ့ ၆၄ ဦး အနက် ထွေအုပ်မှာ အစည်းအဝေး တက်တဲ့ ၄၇ ယောက်ကိုပဲ လက်မှတ်ထိုးထား လို့ တရားစွဲတယ်။ ဒီ ၄၇ ယောက်ထဲ မှာ အစည်းအဝေးမတက်ဘဲ အမည် ပဲပါတဲ့ သူကိုလည်း အခုဝရမ်းပြေးလို့ ဆိုတယ်။ ဟိုက ဒီပြဿနာတောင် မ သိဘူး။ စီးပွားရေးအရ တရုတ်နယ် စပ်မှာ သွားအလုပ် လုပ်နေတာ၊ ပြန် ခေါ်နေပေမယ့် အဆက်အသွယ် မရ ဘူးဖြစ်နေတယ်၊ အသက် ၇၀ ကျော် အဖိုးကြီး၊ အဖွားကြီး တွေလည်း တ ရား ရုံးရင်ဆိုင်ဖို့ မိုးဒီလောက်သည်း နေတဲ့ အထဲက သွားရတာ၊ ဘဝက ဆိုးလွန်းပါတယ်။ ပြစ်ဒဏ် ရှိလာမယ် ဆိုရင်လည်း ဘယ်လိုရင်ဆိုင်ကြရ မ လည်း မသိဘူး။ အခုတော့ လူအုပ်စုနဲ့ သွားရလာရတာကိုကပဲ ငွေကုန်၊ လူ ပန်းနဲ့ လုပ်စားစရာကလည်း မရှိနဲ့ ဒုက္ခပါ”ဟု ခိုလမ်မြို့၊ အမှတ် (၂) ရပ် ကွက် အုပ်ချုပ်ရေးမှူး ဦးတီလေးက ပြောသည်။
.
အဆိုပါ တောင်သူ ၄၇ ဦးအား ခိုလမ်နယ်မြေရဲစခန်းတွင် (ပ)၃၁/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၄၇ ဖြင့် ဇွန်လ ၉ ရက်က အမှုဖွင့် တိုင်တန်းခဲ့ ပြီး နမ့်စန်မြို့နယ် တရားရုံးသို့ တရား စွဲတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ၏ပြစ်ဒဏ်မှာ “မည်သူမဆို ရာဇဝတ် မကင်းသော ကျော်နင်းမှုကို ကျူးလွန် လျှင် ထိုသူကို ၃ လအထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေကျပ် ၅၀၀၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေချမှတ်ရမည်”ဟု ပြဌာန်း ဖော် ပြထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)