ရှမ်းပြည်နယ်အစိုးရသစ်ကို ရှာဖွေခြင်း - Kanbawza Tai News

Breaking

Wednesday, June 24, 2020

ရှမ်းပြည်နယ်အစိုးရသစ်ကို ရှာဖွေခြင်း


မင်းဇော်မင်း
.
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလလောက်မှာ လုပ်မယ့် ပါတီ စုံ အထွေထွေ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ ခတ် ကွင်းပြင်လာကြပြီဖြစ်တယ်။
.
၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အစိုးရတာဝန်ယူခဲ့တဲ့ ဒီချုပ်အနေနဲ့ လာမယ့်၂၀၂၀ ပြည့်နှစ် မတ်လ ၃၁ ရက်မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ NLD က အစိုးရ သက်တမ်း တိုးနိုင်ရန်အတွက် ကျင်းပမယ့် ရွေးကောက်ပွဲဝင် ဖို့ ပွဲမဝင်ခင်အပြင်က ကျင်းပဆိုသလို ဒီမိုကရေစီ နည်းကျကျ လူထုရွေးချယ်မှုနဲ့ လုပ်ဆောင် နေတာကိုလည်း အားလုံးမြင် သိကြမှာဖြစ်ပါတယ်။
.
အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၅ နဲ့ မတူတဲ့ မြို့မိမြို့ဖများကို အရင်ရွေးချယ်ပြီး ယင်းမြို့ မိမြို့ဖ ဆို သူတွေက လျှောက်လွှာတင်ထားတဲ့ ကိုယ်စားလှယ်လောင်း ကို ရွေးချယ်ပြီးတော့ ဗဟိုကအသိအမှတ်ပြုရင် လာမယ့်ရွေး ကောက်ပွဲမှာပါတီကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်စေမယ့် နည်း လမ်းမှာ အမျိုးမျိုးအဖုံဖုံသော ကွဲပြားသည့် အမြင်၊ ခံယူမှု၊ ယုံကြည်မှု၊ သူ့လူကိုယ့်လူ ပြိုင်ဆိုင်မှုများ ပွတ်တိုက်မှု ပြင်း ထန်နေတာကို မြင်ရ ကြားရ သိနေရခြင်းက ထူးခြားချက်ပါ။
.
NLD အနေနဲ့ လွှတ်တော်အဆင့်ဆင့် အတွက် အမတ် လောင်းများ ရွေးချယ်နေပြီဖြစ်ပါတယ်။ ၂၀၁၅ နဲ့ အခင်းအ ကျင်း မတူတာကတော့ မြို့မိမြို့ဖက တစ်ဆင့် လွှတ်တော် ကိုယ်စားလှယ်ကို ရွေးချယ်ပေးရတဲ့မူပါပဲ။ ဒီရွေးချယ်မှုဟာ စိန်ခေါ်မှုများပြားစေသလို မြို့မိမြို့ဖ စံနှုန်းတွေလည်း စိတ်ဝင် စား စရာပါ။
.
မြို့မိမြို့ဖဆိုတာကို မြန်မာအဘိဓာန် အကျဉ်းချုပ် အတွဲ ၃၊ (ပ-ယ)အတွဲ၊ စာမျက်နှာ ၁၉၂ မှာ ဖွင့်ဆိုထားတာကို ပြောပြချင် ပါတယ် -
.
မြို့မိမြို့ဖဟူသည်ကား- မြို့ပေါ်တွင် ဂုဏ်အား၊ ပညာ အား၊ အသက်အား စသည် ကြီးမြင့်ထင်ရှားသော အများအ ကျိုးဆောင်ရွက်သူ `မြို့မျက်နှာဖုံးပုဂ္ဂိုလ်`ဟူ၍ပါ။
.
မြို့မိမြို့ဖဟု ခေါ်ဆိုထိုက်သူသည် ကိုယ်ကျင့်တရား ကောင်းမွန်မှုနဲ့ ပြည့်စုံစေသည့် `ဂုဏ်အား`။
.
ပြဿနာအရပ်ရပ်အပေါ် ခွဲခြမ်းဝေဖန်နိုင်စွမ်းရှိသော အ သိဉာဏ်ဖြင့် ပြည့်စုံသည့် `ပညာအား`။
.
အပြစ်ကင်းသော အလုပ်ဖြင့် ဘဝတစ်လျှောက် ရှင် သန် ရပ်တည်ခဲ့ကာ အတွေ့အကြုံ၊ ဗဟုသုတဖြင့် ပြည့်စုံ သည့်`အသက်အား`။ ထို ၃ ပါးအားဖြင့် ပြီးပြည့်စုံသူများသာ ရပ်မိရပ်ဖ ဖြစ်ထိုက်ပေ၏ ဟု ပါရှိသည်။
.
ယခု ရွေးကောက်ပွဲအတွက် ဒီချုပ်(NLD) မှ သတ်မှတ်သည့် မြို့မိမြို့ဖ(၅)ဦး၏ အရည်အချင်းများမှာတော့ -
သက်ဆိုင်ရာဒေသတွင် နှစ်ရှည်နေထိုင်ခဲ့သူ။ အများ ပြည်သူ ယုံကြည်လေးစားမှု ခံရပြီး ဦးဆောင်မှု ပေးနိုင်သူ။ ဒီမို ကရေစီအရေးကို အစဉ်တစ်စိုက် အားပေးထောက်ခံ ကူညီသူ။ NLD ထိခိုက်စေမည့် လုပ်ရပ်များမှ ကင်းရှင်းသူ၊ အဖွဲ့ချုပ် အ ကျိုးစီးပွားကို လိုလားသူ ။ ဒေသ၏ သာရေး၊ နာရေး၊ လူမှုရေး များတွင် စေတနာအလျောက် အကျိုးဆောင်ပေးသူ။ နိုင်ငံရေး အသိအမြင် ကြွယ်ဝသူ ဖြစ်ရမည် ဆိုသည့် အချက် ၆ ချက်ဖြင့် သတ်မှတ်ကြောင်း သိရပါတယ်။
.
အရပ်ဒေသရဲ့ လေးစားအားကိုး ယုံကြည်လောက်ဖွယ် ဖြစ် တဲ့သူဟု အကျဉ်းဆိုရလျှင် မြို့မိမြို့ဖ အခေါ်အဝေါ်အစား ရပ် မိရပ်ဖက ပိုမိုသင့်တော် အံဝင်ခွင်ကျဖြစ်မယ်လို့ ထင်ပါတယ်။
.
ဘယ်လိုပဲ ရွေးချယ်ရွေးချယ် အရင်ကလို ပါတီ တစ်ခု တည်းတွင်မက  လူထုအကျိုးပြု အမတ်တွေဖြစ်ဖို့ လူကိုစိစစ်
ရွေးချယ်ဖို့ လိုအပ်ပါမယ်၊ အရင်ကတော့ ပါတီဖြစ်ပြီးရော ရွေး ခဲ့ကြပေမယ့် အရည်အချင်းစစ်တဲ့ ၅ နှစ်သက်တမ်း အတွင်းမှာ ခြေမပေါ်တဲ့ အမတ်တွေလို မဖြစ်ဖို့လိုမှာ ဖြစ်ပါတယ်၊ ဒီလိုပဲ အထက်က ခန့်လိုက်တဲ့ အစိုးရမင်းများကလည်း ဘဝင်မြင့် အောက်ခြေလွတ် ၊ သုံးစားမရတာအပြင် လူထုနဲ့ကင်းကွာပြီး လူထုဆန္ဒကို ဆန့်ကျင်ပြီး ထိပ်တိုက်တိုးတဲ့ သူတွေမဖြစ်ဖို့ မ ရွေးချယ်မိဖို့ သတိကြီးကြီးနဲ့ စိစစ်နိုင်ဖို့ လိုမှာ ဖြစ်ပါတယ်။
.
အစိုးရဆိုတာ အစပဲ ရိုးတာဆိုတဲ့ စကားလို အာဏာ ထောင်ချောက်ထဲ ကျမသွားဖို့ သိပ်အရေးကြီးပါတယ်။ အခု သက်တမ်းမှာ သူ့လူ ကိုယ့်ဘက်သား ပုံစံမျိုးတွေ အများကြီး ပြန်ခန့်တာတွေ တွေ့ရတော့ ကိုယ့်လူတွေထဲမှာ အရည်အချင်း မရှိတဲ့သူတွေ ဒီလောက်ရှားသလားလို့ ထင်မိတယ်၊ ခန့်တဲ့သူ တွေကိုလည်း မေးချင်တယ်။ ထရိုဂျန်လို၊ ခြံခုန်သူတွေလို အရည် အချင်း ရှိပေမယ့် ဒီမိုကရေစီ လိုလားသူဆိုတဲ့ သမိုင်း မရှိရင် တော့ လက်မခံကြဖို့ လိုမှာ ဖြစ်ပါတယ်။
.
မြန်မာနိုင်ငံကို ၂၀၀၈ အရ အဆုံးအဖြတ် ဂဏန်းတွေက တော့ ၂၉၁၊ ၂၀၇ နဲ့ ၃၃၃ တို့ဖြစ်ကြတယ်။
.
ဒီဂဏန်းတွေကို ပုံဖော်မယ်ဆိုရင် မြန်မာပြည်ရဲ့ တိုင်း ၇ တိုင်းက အမျိုးသားနဲ့ ပြည်သူ့လွှတ်တော် စုစုပေါင်းဆိုရင် ရွေး ကောက် တင်မြှောက်ရမယ့် ကိုယ်စားလှယ် ၂၉၁ ယောက်ရှိ မယ်။
.


.
ပြည်နယ် ၇ ပြည်နယ်မှာ ၂၀၇ ဦးရှိမယ် ။ ဒီအတွက် ၂၉၁ နဲ့ ၂၀၇ ပေါင်းရင် အမျိုးသားနဲ့ ပြည်သူ့လွှတ်တော် ၂ ရပ် ပေါင်းမှာ ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ် ၄၉၈ ဦး ရှိတယ်။ တပ်မတော်က ကိုယ်စားလှယ်က လွှတ်တော်၂ ရပ် ပေါင်းမှာ ၁၆၆ ဦးရှိတယ် ။
.
ရွေးကောက်ခံနဲ့ ရွေးချယ်စေလွှတ်ခံ စုစုပေါင်းဟာ လွှတ် တော် ၂ ရပ်မှာ ၆၆၄ ဦးရှိတော့ ရွေးကောက်ပွဲမှာ ဒီဦးရေရဲ့ ထက်ဝက် ကျော်ရတဲ့ ပါတီက အစိုးရဖွဲ့ခွင့်ရှိမယ်၊ ဆိုလိုတာက ၃၃၃ ဦးခိုင်လုံမဲရတဲ့ ပါတီက အစိုးရဖွဲ့မှာဖြစ်တယ်။
.
တိုင်းတွေမှာ NLD က ၂၉၁ မဲ အပြည့်နိုင်တယ်ဆိုဦး  ပြည် နယ်က ၄၂ မဲလိုမယ် ။ ၂၀၁၅ ရလဒ်ကို ဆန်းစစ်ရင် မကွေးနဲ့ တနင်္သာရီ တိုင်းလုံးကျွတ်ပေမယ့် ကျန်တိုင်းတွေမှာ ကွက်ရှုံး တာတွေရှိခဲ့တယ်။ ပြည်နယ်တွေမှာတော့ ချင်းနဲ့ကချင်မှာ မဲ အများစုရပေမယ့် ရခိုင်မှာ မဲကွဲတယ်။ ကယားက နိုင်ခဲ့တယ် ဆိုပေမယ့် ဝန်ကြီးချုပ်ကြောင့် အရင်လို မရနိုင်ဘူးလို့ ဒေသခံ တွေက ပြောခဲ့ပြီ။ အဲတော့ ပြည်နယ်တွေထဲမှာ ရှမ်းပြည်ကိုပဲ Height Light လုပ်မှာ ဖြစ်လို့ စဉ်းစားကြည့်ရအောင်ပါ။ ရှမ်း ပြည်နယ် အစိုးရသစ်ကို မှန်းဆမှုဆိုတော့ ရှမ်းပြည်နယ် လွှတ် တော်ကနေ စပါ့မယ်။
.
ရှမ်းပြည်နယ်တွင် အမျိုးသားလွှတ်တော် အတွက် တောင် ကြီး၊ ပင်းတယတို့ ရရှိပြီး  ရှမ်းအရှေ့တွင် တာချီလိတ်သာ ရရှိ ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်နေရာများအဖြစ် ရှမ်းတောင်မှာ တောင်ကြီး၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ညောင်ရွှေ၊ ဖယ်ခုံ၊ ရှမ်း အရှေ့မှာ တာချီလိတ်၊ မိုင်းယောင်း၊ မိုင်းတုံ ၊ ရှမ်းမြောက်မှာ  နောင်ချို၊ မိုးမိတ်၊ မဘိမ်းတို့တွင် ရရှိခဲ့တဲ့အတွက်  အမျိုးသား လွှတ်တော် ၃ နေရာ၊ ပြည်သူ့လွှတ်တော် ၁၂၊  စုစုပေါင်း ၁၅ နေရာသည် အစိုးရဖွဲ့နိုင်ရန် အထောက်အပံ့ပြု ရရှိခဲ့သည်ဟု သိရှိထားပါတယ်။
.
ရှမ်းပြည်နယ်ရှိ မြို့ပေါင်း ၅၅ မြို့မှာ ပြည်သူ့လွှတ်တော် နေရာကို NLD အနေဖြင့် ၁၅ နေရာသာရရှိထားခဲ့ရာ လာမယ့့်် ၂၀၂၀ မှာ ဒီထက် ပိုမိုရရှိနိုင်မလား ဒါမှမဟုတ်လျော့သွားမလား ဆန်းစစ်ဖို့လိုအပ်မှာဖြစ်ပါတယ်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်မှာ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် စုစုပေါင်း ၁၃၉ ဦးရှိရာ ၂၀၁၅ ရွေးကောက် ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီမှ ၃၁ ဦး၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ချုပ်မှ၂၈ ဦး၊အမျိုးသား ဒီမိုကရေစီ အ ဖွဲ့ချုပ်မှ၂၅ ဦး၊ တအာင်း (ပလောင်) အမျိုးသား ပါတီမှ ၇ ဦး၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်မှ ၆ ဦး၊ လားဟူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီမှ ၂ ဦး၊ `ဝ` ဒီမိုကရက်တစ်ပါတီမှ ၂ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ၁ ဦး၊ ကိုးကန့်ဒီမို ကရေစီနှင့် ညီညွတ်ရေးပါတီမှ ၁ ဦး၊ `ဝ`အမျိုးသားစည်းလုံး ညီညွတ်ရေးပါတီမှ ၁ ဦး၊ အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ၁ ဦး၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ၁ ဦး၊ တစ်သီးပုဂ္ဂလ ၁ ဦးတို့ အနိုင်ရ ကိုယ်စားလှယ် စုစုပေါင်း ၁၁၄ ဦးနဲ့ တပ်မတော်မှ ၃၆ ဦးတို့ ဖြစ်ကြတဲ့အတွက် NLD အနေဖြင့် တတိယနေရာသာ ရရှိထားပေသည်။
.
NLD အစိုးရ  ဖွဲ့နိုင်မှ ရှမ်းပြည်နယ်အစိုးရ ဖွဲ့နိုင်မည်ဖြစ်ရာ ၂၀၁၅ တွင် သောင်ပြိုကမ်းပြို နိုင်ခဲ့သည်ဟု ပြောသော်လည်း ရှမ်းပြည်နယ်တွင်မူ တတိယနေရာသာ ရရှိထားခဲ့ရာ လာမည့် ၂၀၂၀ တွင် ယခုထက် လျော့နည်းနိုင်ချေ များမည်ဟု ခန့်မှန်း နိုင်သည်။
.
SNLD အားကောင်းမှု၊ `ဝ`၃ ပါတီ ပေါင်းစည်းထားသည့် ပါ တီက ရှမ်းအရှေ့တစ်ခုလုံး ဝင်ပြိုင်မယ်လို့ ယခုလ အတွင်းက ကြေညာခဲ့တာကလည်း မိုင်းတုံလို နေရာမျိုးအတွက် မျက်ခုံး လှုပ် ရပါတယ်။ ဘာကြောင့်ဆိုတော့ ၂၀၁၅ က ပြည်သူ့လွှတ် တော် ရရှိခဲ့ခြင်းမှာ`ဝ`တောင်ပိုင်း စစ်ဒေသ(၁၇၁)မှ ရရှိသည့် မဲများဖြင့် ရရှိခဲ့ခြင်းကြောင့် ဖြစ်လို့ပါ။
.
ဒါပေမဲ့ UWSA က နိုင်ငံရေးအရ `ဝ`တိုင်းရင်းသား ပါ တီတွေကို အားပေးမလား အစိုးရ ဖွဲ့နိုင်ခြေများတဲ့ NLD ကို ပဲ၂၀၁၅ ကလိုပဲ ပြန်မဲပေးမလား ဆိုတာတော့ ခန့်မှန်းရတာ ပဲ ရှိပါတယ်။ NLD ကို နိုင်ငံရေး မိတ်ဖက်အနေနဲ့ ထားပြီး တပ်မ
တော်ကို စစ်ရေးမိတ်ဖက်အနေနဲ့ ထားနိုင်တာဖြစ်လို့ ဒီလိုခန့် မှန်းတာပါ။
.
ညောင်ရွှေမှာလည်း အင်းပါတီများ အားကောင်းလာတဲ့ အ နေအထားကလည်း သတိထားစရာပါ။ အင်းပါတီ၂ ခုရှိတယ် ဆိုပေမယ့် အများစုကတော့ မဲမကွဲအောင် ညှိနှိုင်းနေတယ်ဆိုတဲ့ အသံတွေ ကြားနေရပါတယ်။ အခြားနေရာတွေကတော့ ကိုယ် စားလှယ်တွေရဲ့ လူထုနဲ့ထိတွေ့ လုပ်ဆောင်မှုများတဲ့ နေရာ တွေက စိုးရိမ်ဖွယ်မဟုတ်သော်လည်း ရှိမှန်းပင် မသိရတဲ့ နေ ရာတွေမှာ Swing Vote တွေ ပေါ်လာနိုင်ပါတယ်။
.
ဘာပဲပြောပြော ရှမ်းပြည်နယ် အစိုးရအနေနဲ့ တတိယ နေရာကသာ ပြေးပွဲ ဝင်နေရလို့ အခြားတိုင်းနှင့် ပြည်နယ်အ စိုးရတွေလို ခြေမပေါ်တာတော့ အမှန်အတိုင်း ပြောရမှာ ဖြစ် တယ်၊ ကွင်းကလည်း တိုင်းရင်းသား အများစုပိုင် ကွင်းတွေဖြစ် လို့ ကွင်းကျယ်လို့၊ EAOs အဖွဲ့တွေ များပြားလို့ ခြေပြချင်သ လောက် အခွင့်မရတာလဲ ဖြစ်တယ်။ ရှေ့မှာကျင့်သုံးခဲ့တဲ့ နည်း ဗျူဟာအရ တိုင်းရင်းသားပါတီတွေနဲ့ မိတ်ဖက်မလုပ်ခဲ့ တာလဲ ထောက်ပြစရာတစ်ခုလို့ ထင်တယ်။
.
ပြည်နယ်အစိုးရကို အဓိက ပဲ့ကိုင်တာကတော့ ဝန်ကြီးချုပ် ပဲ ဖြစ်တယ်၊ မညှာတမ်းပြောရရင်တော့ ဝန်ကြီးချုပ် ခြေမပေါ် ပါဘူး၊ သက်သက်ညှာညှာ နားလည်ပေးရရင်တော့ သူ့လိုအ လယ်အလတ် သဘောထားရှိသူမှသာ ပြည်နယ်အတွင်းက မီးတောက်တွေကို အဆင်ပြေပြေ ဖြတ်ကျော်နိုင် ခဲ့တယ်လို့  ပြောနိုင်ပါတယ်။
.
Hard Liner တစ်ဦးအနေနဲ့မဟုတ်ဘဲ Soft Liner တစ် ဦးအနေနဲ့ ကစားသွားတယ်လို့ပဲ ယူဆပါတယ်။ အခုလည်း လား ရှိုးမှာ နောက်သက်တမ်းအတွက် ကိုယ်စားလှယ် ရွေးတဲ့အထဲ မှာ ပြန်ပါတယ် ကြားရပါတယ်။ အခြားပြည်နယ် ဝန်ကြီးတွေ ထဲကတော့ ဆက်ဆံရေးပိုင်း (Public Relation) အကျွမ်း တဝင် ဖြစ်ဖို့ အင်မတန် လိုအပ်တာ တွေ့ရပါတယ်။ အာဏာ ထောင်ချောက်ထဲ မကျဖို့ လိုအပ်တဲ့ နိုင်ငံရေးဝမ်းစာ ပြည့်မ ပြည့်ကတော့ သူတို့ကိုယ်တိုင် သိပါလိမ့်မယ်။ ကြုံလို့ပြောရ ရင် လူထုအခက်အခဲကို တင်ပြလာမှ နှမ်းဖြူးပြီး လုပ်မယ့် အစား အောက်ခြေအထိ သိရှိပြီး လူထုလိုအပ်ချက်ကို ဖြည့် ဆည်း လုပ်ဆောင်ပေးနိုင်တဲ့ ပြည်နယ်အစိုးရအဖွဲ့ကို လူထု က ပိုလိုလားပါတယ်။ ငိုပြမှမုန့်ကျွေးမယ် ဆိုတာက အရင်အ စိုးရတွေရဲ့ လုပ်ရပ်ပါ။ မငိုပြတတ်ရင် မုန့်မစားရမယ့် ပြည်သူ မျိုးတွေလည်း ရှိကြလို့ ငိုငို မငိုငို မုန့်ကျွေးနိုင်ဖို့ လုပ်ဆောင်မှသာ ပြည်သူ့အစိုးရဖြစ်မှာပါ။
.
မည်သို့ပင်ဆိုစေ ပြည်နယ်မဲ ၄၂ မဲထဲက ရှမ်းပြည်က ၁၅ နေရာဆိုတာ အတော် ထိရောက်တဲ့ အရေအတွက်ပါ။ ရှမ်းပြည်နယ်ကြီးဟာ နယ်မြေ၊ လူဦးရေက အစ ကျန်ဒေသ တွေထက် ကြီးပြီး ကျယ်တဲ့ နယ်မြေကြီးပါ၊ ဒီအထဲမှာပဲ တစ် ကန့် တစ်ကန့်သော အရောင်ကွဲတွေ ရောယှက်နေပြီး ပြင်း ထန်တဲ့ ပွတ်တိုက်မှုတွေ များပြားတဲ့ ဒေသကြီးဖြစ်လို့ နောက် လာမယ့် အစိုးရမှာ ညွန့်ပေါင်း မဖြစ်ခဲ့ရင်လည်း ဒီထက် ခြေ ကောင်းတဲ့ Political Player တွေဖြစ်ဖို့ တကယ့်ကို လိုပါမယ်။
.
၂၀၁၆  မှသည် ၂၀၂၀  အထိကတော့ ပုံမှန်လို့ပဲ ဆိုနိုင် ပေမယ့် အရင်ခေတ်ဟောင်း တွေထက်တော့ ဒီမိုကရေစီ အ ရည်အသွေးတွေ ပိုမိုမြှင့်လာနေတာကတော့ အမှန်ပါ။ အ ချို့သော ဒေသတွေက တောင်းဆုဖြစ်တဲ့ ကြောက်ရွံ့ခြင်း လွတ်ကင်းစေဖို့၊ ကိုယ်/စိတ်ဆင်းရဲခြင်း လွတ်ကင်းအောင် လုပ်နိုင်ဖို့ကတော့ ဒီထက်ခြေသွက်ဖို့ လိုမှာဖြစ်ကြောင်းပါ။
.
လက်တလောမှာကိုပဲ အစိုးရကို ထိခိုက်စေမယ့် မြေသိမ်း ယာသိမ်းကိစ္စရပ်တွေ ပြင်းထန်လာမှုမှာ ပြည်သူက အစိုးရကို အားကိုးတာပါ။ အခုဖြစ်နေတာကတော့ လူထုရဲ့ စိုက်ပျိုးနေ ဆဲ၊ ဘိုးဘွားပိုင်မြေတွေကို ဥပေဒေအကြောင်းပြ  အားကိုးနဲ့ သိမ်းယူနေတာပါ။ အရင်ကြားဖူးတဲ့ ချစ်တီးခေတ်က ငွေရှိ ရင်ကို ရွေးလို့ရသေးတယ်၊ ခုကအဆတရာ ဆိုးတယ်ပြောရ မယ်။
.
ဒီတော့ လာမယ့်ရှမ်းအစိုးရကို ရှာဖွေရမယ်ဆိုရင် ဥုံဖွအပ် ချလောင်းဆိုပြီး မဖြစ်လာနိုင်ပေမယ့် အခုသက်တမ်းထက် ပိုပြီး အရည်အချင်း ပြည့်ဝတဲ့၊ လူထုစိတ်ချ ယုံကြည်အားကိုးရမယ့် လူထုဘက်တော်သားတွေဖြစ်ဖို့ အထူးလိုအပ်နေကြောင်းပါ။ ရွေးစရာရှားလို့ ပြည်သူတွေ ကံဆိုးတယ်လို့တော့ မပြောချင် ပါခင်ဗျား ။
.
လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ရဲ့ ဖြစ်တည်မှု၊ လုပ်ပိုင်ခွင့်ကို လိုချင်တာထက် ဥပဒေပြု အာဏာတစ်ရပ်ရဲ့ ဦး တည်ရွေ့လျားမှုမှာ စီးမျောအားဖြည့်မှု လုပ်တာကို လိုချင်တာ ပါ။ ဒါမှ လူထုအကျိုးပြု အစိုးရကောင်းကိုရမှာပါ။
လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ရဲ့ ဖြစ်တည်မှု၊ လုပ်ပိုင်ခွင့်ကို လိုချင်တာထက် ဥပဒေပြု အာဏာတစ်ရပ်ရဲ့ ဦး တည်ရွေ့လျားမှုမှာ စီးမျောအားဖြည့်မှု လုပ်တာကို လိုချင်တာ ပါ။ ဒါမှ လူထုအကျိုးပြု အစိုးရကောင်းကိုရမှာပါ။
.
အတိုက်အခံဘဝကနေ အစိုးရ ဖြစ်ခဲ့ပြီးပါပြီ၊ အစိုးရဖြစ်နေ သော်ငြားလည်း ခုချိန်ထိ အတိုက်အခံလုပ်ရပ် လုပ်နေရတာ ကတော့ သိကြတဲ့အတိုင်း ၂၀၀၈ စာအုပ်စိမ်းကြောင့်ပါ။ ဖွဲ့ စည်းပုံ အခြေခံဥပဒေကလည်း အရပ်ဘက်နဲ့ စစ်ဘက်ပူးတွဲ ကွပ်ကဲမှု(Hybrid Control) က တစ်ဖက်သတ်ပုံစံနဲ့ ရှိနေဆဲ ပါ။ ဒီတော့ ဥပဒေပြင်ဖို့ကိုပဲ တစိုက်မတ်မတ် တောက်လျှောက် လုပ်နေရတဲ့ အထဲမှာ မျှတ ကောင်းမွန်တဲ့ လူထုဗဟို ပြု အစိုးရဖြစ်ဖို့ လူထုထဲက လူထုအကျိုးကို တစ်ကယ်ကို လို လားတဲ့ သူတွေရွေးချယ် တာဝန်ပေးဖို့ လိုအပ်မှာပါ။
.
ကိုယ်ပြောစကား ကိုယ်တာဝန်ခံပါ Seriosly think before speak out . ၊ Polite Notice  နိုင်ငံရေးသတိချပ်ပါလို့ ပြော ချင်ပါတယ်။လူထုကတော့ သမိုင်းပေးတာဝန်ကို ထပ်ကျေပြွန် မှာကို မလွဲမသွေ ယုံကြည်တယ်။ အဲဒီလူထု အတွက်ပဲ တာ ဝန်ကျတဲ့ အစိုးရတွေ ဖြစ်လာအောင် လုပ်ဖို့က Policy Maker တွေဖြစ်လို့ အစိုးရကောင်းဖြစ်အောင် ရွေးချယ်တာဝန်ပေးအပ် နိုင်ပါစေလို့ လူထုထဲက ပြည်သူတစ်ယောက်အနေနဲ့ အကြံပြု အပ်ပါတယ်။
.
အခုနောက်ဆုံး တင်ပြလိုတာက ယခု ၂၀၂၀ ပြည့်နှစ်ဟာ  Povit -20 အဖြစ် ဖွင့်ဆိုရမည့်အခြေအနေ ရောက်ရှိနိုင်ကြောင်း သတိပေးလိုပါတယ်။ ရောဂါန္တရကပ်ဖြစ်သည့် ရောဂါဘေးနဲ့ တွဲလျက် ဒုဗ္ဗိကန္တရကပ်ဆိုတဲ့ ငတ်မွတ်ခေါင်းပါးခြင်း ဘေး ဆက်တိုက်လာနိုင်တဲ့ အခြေအနေရှိနေတာ ၎င်းမှသည် သတ္တန္တရကပ်ဆိုတဲ့ တိုက်ခိုက်သတ်ဖြတ် လုယက်သည့် လက် နက်ဘေး၏များ ကြုံလာနိုင်တာကို ဖွင့်ဆိုသည့်အနေဖြင့် Poverty Virus Desease -2020 (Povid- 20)  ဆင်းရဲမှု ကူးစက်ရောဂါဗိုင်းရပ်စ် ရောဂါ -၂၀၂၀ ဟုတင်စား ခေါ်ဝေါ် ရခြင်းပါ။ အဆိုးမြင်အနေနဲ့ ပြောလိုရင်း မဟုတ်ပါ၊ ကမ္ဘာနဲ့ ပြည်တွင်းမှာ ဖြစ်လာနိုင်ချေရှိတဲ့ ပေါက်ကွဲမှုတွေအပေါ် ရွေး ကောက်ပွဲလည်း လုပ်ရင်း စောင့်ရှောက်နိုင်ဖို့ပါ။

No comments:

Post a Comment

Journal Download

Photo of three cats
'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();

Fixed Sidebar (true/false)