စုလှိုင်
.
အဂတိလိုက်စားမှု
တိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုထားသည့် လားရှိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးနှင့် အကျိုးဆောင်တစ်ဦးတို့ကို ယနေ့ဇွန်လ ၂၃ ရက် နေ့လယ်ပိုင်းက ရှမ်းပြည်နယ်တရားလွှတ်တော်မှ အလုပ်နှင့် ထောင်ဒဏ် ၃
နှစ် စီ ကျခံစေရန် အမိန့်ချမှတ် ခဲ့ကြောင်း သိရသည်။
.
.
လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မှ ဝန်ထမ်း ဖြစ်သော ဒေါ်ခင်မေထွန်းအား ၂၀၁၃ ခုနှစ်
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥအဒေပုဒ်မ ၅၆ အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် တိတိ
ကျခံစေရန် နှင့် ချုပ်ရက်များကို ထောင်ကျရက်များမှ ထုတ်နှုတ်ခုနှိမ်ကျခံစေရန်
အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
အလားတူ
အကျိုးဆောင် ဒေါ်မာရှောက်ဆန်း ကို ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး
ဥအဒေပုဒ်မ ၅၆/၆၃ အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် တိတိ ကျခံစေရန် နှင့်
ချုပ်ရက်များကို ထောင်ကျရက်များမှ ထုတ် နှုတ် ခုနှိမ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း
သိရသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
လားရှိုးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံး (လဝက)မှ
မြို့နယ် ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်ကျော်လင်းနှင့် ဝန်ထမ်း ၆ ဦး၊ အကျိုးဆောင်
၁ ဦးတို့အား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ အဂတိလိုက်စားမှုဖြင့်
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၂ ရက်က တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
.
No comments:
Post a Comment