ပင်းတယ၌ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း တစ်သောင်းခြောက်ထောင်ကျော် ထုတ်ချေး‌ပေးမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, June 2, 2020

ပင်းတယ၌ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း တစ်သောင်းခြောက်ထောင်ကျော် ထုတ်ချေး‌ပေးမည်


ခင်မျိုးနွယ် (ပင်းတယ)
.
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၀ ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလမှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယခုနှစ်အတွင်း ငွေကျပ် သိန်းပေါင်း တစ်သောင်းခြောက်ထောင်ကျော် ထုတ်ချေးပေးသွားရန် ရှိနေကြောင်း သိရသည်။
.
.
“အခုလိုချေးငွေထုတ်ချေးတဲ့ကာလမှာလည်း လတ်တလော COVID-19 ရောဂါဖြစ်ပွါးနေတဲ့ ကာလဖြစ်တဲ့အတွက် မိမိဘဏ်ခွဲမှ ဝန်ထမ်းများ နှင့်တောင်သူများရဲ့ကျန်းမာရေးအတွက် အလေးထားပြီး လူစုလူဝေး မဖြစ်စေရန် အတွက် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေး နည်းလမ်းများအတိုင်း စနစ်တကျဆောင်ရွက်ပြီးချေးငွေများကိုထုတ်ချေးပေးလျက်ရှိပါတယ်” ဟု ပင်းတယ မြို့နယ်မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာဒေါ်မို့မို့အေးက ပြောကြားသည်။
.
ယင်းကဲ့သို့ ချေး‌ငွေ ထုတ်ချေးရာတွင် လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ရည်ရွယ်ချက်နှင့်စည်းမျဉ်းစည်းကမ်းများအတိုင်း ချေးငွေများ ကို ထုတ်ချေးပေးလျက်ရှိပြီး ယခု ၂၀၂၀ ပြည့်နှစ်မှာပင်းတယမြို့နယ်ရှိ ကျေးရွာအုပ်စု ၂၄ အုပ်စုမှ တောင်သူ ၂၅၀၀ ဦး စပါးစိုက်ဧက ၉၆၆ ဧက၊ အခြားသီးနှံ ၂၂၅၆ ဧက စုစုပေါင်းမိုးရာသီ သီးနှံ စိုက်ဧက ၁၁၉၂၀ ဧက အတွက် စုစုပေါင်းစိုက်ပျိုးစရိတ်ချေးငွေကျပ် ၁၆၇၅၂၀၀၀၀ဝ ကျပ်ကို လျာထားချက်အတိုင်း ထုတ်ချေးပေးမည်ဖြစ် ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About