ကျိုင်းတုံမြို့အဝင်ရှိ ကျိုင်းဖောင်း ချောင်းအတွင်း သဲ အလွန်အကျွံ စုပ်ယူနေသည့် လုပ်ငန်းများအား ရပ်ဆိုင်းပေးရန် ဒေသခံများ လိုလားနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံမြို့အဝင်ရှိ ကျိုင်းဖောင်း ချောင်းအတွင်း သဲ အလွန်အကျွံ စုပ်ယူနေသည့် လုပ်ငန်းများအား ရပ်ဆိုင်းပေးရန် ဒေသခံများ လိုလားနေ

ထက်တိုင်းကျော်

.

ကျိုင်းတုံမြို့အဝင် ပြည်ထောင်စု လမ်းမပေါ်ရှိ ကျိုင်းဖောင်းချောင်း ကူးတံတား အနီးတွင် သဲ အလွန်အ ကျွံ စုပ်ယူနေသည့် လုပ်ငန်းများ ကြောင့် ချောင်းသဘာဝပတ်ဝန်း ကျင် ပျက်စီးခြင်းနှင့် တံတားပျက်စီး မည်ကို စိုးရိမ်သဖြင့် ရပ်ဆိုင်းပေး ရန် ဒေသခံများက လိုလားလျက်ရှိ ကြောင်း သိရသည်။

.

.

ကျိုင်းတုံမြို့အဝင်မှာ သဘာဝ နဲ့ လှပပြီး မိသားစုအတွက် ဟင်း စားငါးနဲ့ ဟင်းရွက်ခူးတဲ့ ချောင်းက အခုတော့ ပျက်စီးနေတာ တွေ့ရလို့ စိတ်မကောင်းပါဘူး။ တာဝန်ရှိသူ တွေ အချိန်မီ ထိန်းသိမ်းပေးစေချင် ပါတယ်”ဟု ကျိုင်းတုံ ဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။

.

ယင်း ကျိုင်းဖောင်း တံတား အောက်ရှိ ကျိုင်းဖောင်းချောင်း အ တွင်း ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင် အချို့မှ သဲ စုပ်လုပ်ငန်းများ လုပ်ကိုင် နေကြသဖြင့် ချောင်းရေ စီးကြောင်း တိမ်ကော၍ ရေလမ်းကြောင်း ပြောင်း လဲခြင်း၊ ချောင်း၏ သဘာဝပတ်ဝန်း ကျင်များ ပျက်စီးခြင်းများ ဖြစ်ပေါ်နေ ပြီး ချောင်းပေါ်တွင် တည်ဆောက် ထားသည့် AH-2 လမ်း စီမံကိန်းဝင် တံတား၏ ခံနိုင်ဝန်အား အတွက် ချောင်းအောက်ခြေမှ ဒေါက်တိုင်များ ဖြင့် ထိန်းမတ်ထားရကြောင်း  သိရ သည်။

.

ချောင်း တစ်လျှောက် တံတား အောက် ကိုက် ၁၀၀၀ အကွာအဝေး အထိကို တံတား တည်တံ့ဖို့အတွက် သဲ ကျောက်စုပ်ထုတ်ယူခွင့် မပြုပေး ဘူးဆိုတဲ့ သတ်မှတ်ချက်မျိုးကို ကျွန် တော်တို့ အရင် တာဝန်ထမ်းဆောင် ခဲ့တဲ့ မြို့နယ်တွေမှာ ထုတ်ခဲ့ဖူးပါ တယ်။ အခုဒီမှာတော့ မြေပြင်ကွင်း ဆင်းစစ်ဆေးပြီး ခရိုင်ကို တင်ပြမယ်။ ဘယ်လို ညွှန်ကြားလာ မလဲတော့ မ သိသေးဘူး” ဟု ကျိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက ပြောသည်။

.

ယင်းကဲ့သို့ ပြောဆိုမှုများနှင့် ပတ်သက်၍ ကျိုင်းဖောင်းချောင်း အ တွင်း သဲစုပ်လုပ်ငန်း လုပ်ကိုင်နေ သူတစ်ဦးကလည်း “သဲစုပ်လုပ်ငန်း အတွက် လိုင်စင်လျှောက် ရပါတယ်။ ခွင့်ပြုချက်ရလို့ လုပ်တာဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။

.

အဆိုပါ ကျိုင်းဖောင်း ချောင်း ကူးတံတား အနီးဝန်းကျင် ကိုက် ၁၀၀၀ ခန့်အတွင် ပုဂ္ဂလိကလုပ်ငန်း ရှင်များ၏ သဲစုပ်စက် ၁၀ လုံးခန့်ဖြင့် သဲစုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေ ခြင်း ဖြစ်ကြောင်း သိရသည်။

.

မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ - တာချီလိတ် မြို့တို့ကို ဆက်သွယ် ထားသည့် အာဆီယံ အဝေးပြေးလမ်း မ (AH-2) စီမံကိန်း၌ ပါဝင်သည့် ကျိုင်းဖောင်းချောင်းကူး ကျောက်စီ ကွန်ကရစ် တံတားသည် ယင်းလမ်း ၌ ကုန်သွယ် စီးပွားရေးလုပ်ငန်း၊ ခရီး သွားလုပ်ငန်း၊ နယ်စပ်ဒေသ တည် ငြိမ်အေးချမ်း‌ရေး တို့တွင် အရေးပါ သည့် တံတားတစ်စင်း ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats