ထမံသီ
.
ရှမ်းပြည်နယ် ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ နှစ်စဉ် ပျားရည်တန်ချိန်
၃၀၀ ခန့်ကို ထုတ်လုပ်ပေးလျက်ရှိကြောင်း ရှမ်းပြည်နယ် ပျားမွေးမြူ ရေး ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး
ဦးသွင်ခန့်လမ်းထံက သိရသည်။
.
.
ရှမ်းပြည်နယ်အတွင်း ဒေသခံ တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများ
အရည်အသွေး ပြည့်မီ၍ အထွက်တိုးရန် ပျားများဖြင့် ဝတ်မှုန် ကူးပြောင်းခြင်း၊ ပျားရည်နှင့်
ပျား ထွက်ပစ္စည်းများ ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပပို့ကုန် တိုးမြှင့် တင်ပို့နိုင်ရေးတို့
အတွက် ရည်ရွယ်ထုတ်လုပ်ခြင်းဖြစ် ပြီး၊ ပျားမွေးမြူရေးလုပ်ငန်းအား နိုင် ငံခြား ဝတ်ရည်စုပျားမျိုးဖြစ်သည့်
အေဖစ်မယ်ရီဖီလာမျိုးကို အက်ဖ်အေ အို အစီအစဉ်ဖြင့် ၁၉၇၉ ခုနှစ်က တည်းက စတင် မွေးမြူခဲ့ခြင်း
ဖြစ် ကြောင်း သိရသည်။
ပျား မွေးမြူရာတွင် အခြေစိုက် မွေးမြူခြင်းနှင့် ရွှေ့ပြောင်း
မွေးမြူ ခြင်း ၂ မျိုးရှိပြီး ဝတ်ရည်စုပျားမျိုး အ သုံးမပြုပါက တောင်သူများအနေနှင့်
သီးနှံထွက်နှုန်း၏ ၅၀ ရာခိုင်နှုန်းခန့် လျော့ကျသွားစေနိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
ပြည်နယ် ပျားဦးစီးဌာန၏ လမ်း ညွှန်မှုဖြင့် ပုဂ္ဂလိကပျားမွေးမြူသူ
များမှ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ပျား ရည် ၆၁၀၀၁၀ ပေါင်၊၂၀၁၈-၂၀၁၉ ခုနှစ် တွင်
ပျားရည် ၆၁၉၈၁၅ ပေါင် ထုတ်လုပ် နိုင်ခဲ့ခြင်းကြောင့်ပျားရည် ၉၈၀၅ ပေါင် တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ ပြီး၊ ဝတ်မှုန်ကူး ဧကများ အနေနှင့်
၂၀၁၇-၂၀၁၈ ခုတွင် ၁၁၈၃၃၀ ဧက ရှိရာမှ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ၁၃၅၄၂၀ ဧကကို ဆောင်ရွက် ပေးခဲ့ ခြင်းအားဖြင့်
၇၀၈၉၀ ဧက ပိုမိုတိုး တက်ခဲ့သည်ဟု သိရသည်။
.
ရှမ်းပြည်နယ်အတွင်း ပျားမွေး မြူရေး လုပ်ငန်းဌာနများ အနေဖြင့်
တောင်ကြီးမြို့နယ် ဦးစီးမှူးရုံး၊ က လောမြို့နယ် ဦးစီးမှူးရုံး၊ ရပ်စောက် မြို့နယ်
ဦးစီးမှူးရုံးနှင့် လားရှိုးမြို့နယ် ဦးစီးမှူးရုံးများကို ဖွင့်လှစ်ထားပြီး ပုဂ္ဂလိက
လုပ်ငန်းရှင် ၆၂ ဦးက ပျား အုံ ၁၁၀၈၅ မွေးမြူထားကာ တစ်နှစ် လျှင် ပျားရည်တန်ချိန် ၃၀၀
ခန့်ကို ထုတ်လုပ်ပေးနေခြင်း
ဖြစ်ကြောင်း သိရသည်။
.
ပျားမွေးမြူရေး ဦးစီးဌာနမှ အခြေ ခံပျားမွေးမြူရေးသင်တန်းများကို
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီး သီးတွင် လိုက်လံဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်း
သိရသည်။
No comments:
Post a Comment