တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တစ်ပတ်တာ ကံကြမ္မာ


ဆရာ ယဉ်မင်းအောင်
.
၂၀၂၀ ပြည်နှစ်၊ ဇွန်လ ၁၆ ရက်မှ ၂၂ ရက်အထိ
.
တနင်္ဂနွေ
.
ခရီးသွားရမည်။ စိတ်မတည်ငြိမ်သောကာလဖြစ်သည်။ ငွေကြေး အထူး လိုအပ်ချက်များနေသောကာလလည်းဖြစ်ပါသည်။ အိမ်အတွက် အပူ သောကများနေလိမ့်မည်။ ထူးခြားသောလက်ဆောင်ရမည်။ ကောင်း သော မိတ်ဆွေများ ကြောင့် အခက်အခဲ လွတ်ပါမည်။ အကူအညီများ ရပါလိမ့်မည်။ ယခုကာလ ငွေကြေးဝင် လာသမျှ မလုံလောက်ပါ။ အထွက်များနေမည်။ ကုန်သည်များ အရောင်းပါးနေလိမ့်မည်။ ဝန်ထမ်း များ အလုပ်တွင် အတိုက်အခံ အခက်အခဲ ကြုံရ လိမ့်မည်။ ပွဲစားများ ငွေချေးငှါး သုံးနေရလိမ့်မည်။ ငယ်သူများ အချစ်ရေးကိစ္စတွင် ချစ်သူနှင့် ပြန်လည်အဆင်ပြေပါမည်။ ကျန်းမာရေးတွင် ချောင်းဆိုးခြင်း၊ အအေးမိခြင်းကြုံပါမည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၇/၈)ဖြစ်သည်။
ယတြာ။ စေတီမှာ ပန်း လှူပါ။
.

တနင်္လာ
.
အဝေးမှဧည့်သည်လာမည်။ ပျောက်နေသောပစ္စည်းများ စာရွက်စာတမ်း များ ပြန်တွေ့ပါမည်။ ကောင်းသည့်သတင်း ကြားသိရမည်။ အကြံ ကောင်းပေါ်မည်။ ကူညီမည့် ကြီးသူများကြောင့် အခက်အခဲမှ လွတ် မြောက်မည်။ အမွေရခြင်း ကြုံမည်။ ကြွေးဟောင်း ပြန်ရတတ်သည်။ စီးပွားရေး သိပ်မကောင်းသေးပါ။ ရွှေအဝင်မခံသင့်ပါ။ ကုန်သည်များမှာ ပစ္စည်းများ အသစ်ဝင်လာမည်။ အလုပ်ကွဲလွဲကွာဟချက်တော့ ပေါ်မည်။ ဝန်ထမ်းများမှာ ကြီးသူ အထင်လွဲလိမ့်မည်။ ပွဲစားများ မြေအရောင်း တည့်ပါမည်။ ငယ်သူများအချစ်ရေး ကံ များတွင် ချစ်သူထံမှ လက်ဆောင်ကောင်း ရမည်။ သတင်းကောင်း ကြားတတ်သည်။ ကျန်းမာရေးကိစ္စတွင် မိမိဖျားနာလိမ့်မည်။ ကံကောင်းစေသော ဂဏန်းများမှာ (၀/၆/၇)ဖြစ်သည်။
ယတြာ။ ဘုရားမှာ ကောက်ညှင်းပေါင်း လှူပါ။
.

အင်္ဂါ
.
အမှုကိစ္စ ကြုံခြင်း၊ သူတစ်ပါး ကိစ္စတွင် ဝင်ပါနေရခြင်း စသည်တို့ ကြုံ မည်။ ငွေကြေးအထူး ဝင်လာတတ် ပါသည်။ ငွေကြေးများ ဝင်နေသော် လည်း မစုမိတတ်ချေ။ သူတစ်ပါး အပ်နှံထားသော ပစ္စည်း ပျောက်ဆုံး တတ်သည်။ ငယ်သူ အတွက် ငွေကြေးအထွက်များမည်။ မထင်မှတ် သော သူနဲ့ ပြန်လည်ဆုံတွေ့လိမ့်မည်။ ကုန်သည်များမှာ အရောင်းအား ပြန်ကောင်းမွန်လာမည်။ ဝန်ထမ်းများမှာ အလုပ်အကိုင်များပြီး မှားယွင်း တတ် ပါသည်။ သတိထားပါ။ ပွဲစားများ ယခင် ဆောင်ရွက်ပေးထားသောကိစ္စများ ပြဿနာများပေါ်မည်။ ငယ်သူများ အချစ်ရေးကိစ္စတွင် ချစ်သူ၏ အသိုင်းအဝိုင်း ကြောင့် စိတ်ဆင်းရဲရလိမ့်မည်။ ကျန်းမာရေးကိစ္စ တွင် ဗိုက်နာ၊ ဝမ်းကိုက်ခြင်း စသည်တို့ ကြုံပါမည်။ ကံကောင်းစေသော ဂဏန်းမှာ (၁/၃/၆)ဖြစ်သည်။
ယတြာ။ စေတီတွင် သစ်သီးလှူပါ။
.

ဗုဒ္ဓဟူး
.
စီးပွားရေး အနည်းငယ် ပြန်ကောင်းလာမည်။ စိတ်ပျော်ရွှင် ကျေနပ်ခြင်း များလည်း ရလာတော့မည်။ မိမိအကြံအစည် အသစ်များ အောင်မြင် လာမည်။ သတိထားရမည့် အချက်မှာ သူတစ်ပါး ကိစ္စ အာမ မခံသင့် ပါ၊ ဒုက္ခရောက်တတ်သည်။ မြှုပ်နေသောငွေများ ပြန်ရလိမ့်မည်။ ခရီး ယာယီသွားလာရမည်။ တန်ခိုးကြီး ဘုရားဖူးမြော်ရမည်။ အဝတ်အစား သစ်များ ဝင်လာမည်။ ကုန်သည်များမှာ အဆောက်အဦ ကိစ္စ စိတ်ညစ်ရ မည်။ အခွန်ကိစ္စများကို ပြောဆိုရမည်။ ဝန်ထမ်းများ အလုပ် ပိနေလိမ့်မည်။ ပွဲစားများမှာ အပေါင် ဖြစ်လိမ့် မည်။ နည်းနည်း ခက်ခဲစွာ လုပ်ကိုင်ပြောဆိုရလိမ့်မည်။ ငယ်ရွယ်သူများမှာ ချစ်သူ၏ စိမ်းကားသလို ပြုခြင်း ခံရမည်။ ကျန်းမာရေးကိစ္စတွင် ချောင်းဆိုးမည်။ လည်ပင်းနာမည်။ ကံကောင်းစေသော ဂဏန်းမှာ (၄/၆/၉) ဖြစ်သည်။
ယတြာ။ သံဃာတော်ကို မုန့် လှူပါ။
.

ကြာသပတေး
.
ကြီးသူအတွက် ငွေကုန်တတ်သည်။ သူငယ်ချင်း အထင်လွဲခံရမည်။ ငွေကြေးများကို အတိုးပေးပါက ဆုံးရှုံးတတ်သည်။ စီးပွားရေးကိစ္စများ တွင် အောင်မြင်လာမည်။ ကွဲကွာနေသူ ပြန်ဆုံတွေ့ပါမည်။ အထက် တန်းကျသော အသုံးအဆောင် ဝင်ရောက်လာမည်။ လိုချင်သော ပစ္စည်းများ ဝင်လာမည်။ အစားကောင်းများကို စားရမည်။ ကုန်သည်များ ကုန်လှောင် ထားပါက အမြတ်ရမည်။ ဝန်ထမ်းများအလုပ်မအားမလပ် ဖြစ်နေလိမ့်မည်။ ပွဲစားများ အတူလုပ်ကိုင်သူက သစ္စာဖောက် ခံရလိမ့်မည်။ ငယ်သူများအချစ်ရေးကိစ္စတွင် ချစ်သူနဲ့အဆင်ပြေသော်လည်း ကြီးသူနဲ့ သဘောကွဲလိမ့်မည်။ ကျန်းမာရေး တွင် အထူးညံ့ မရှိပါ။ ညောင်းညာခြင်း စသည်တို့ ဖြစ်လိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၅/၈)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ထီးလှူပါ။
.

သောကြာ
.
ခရီးသွားရလိမ့်မည်။ စိတ်ကျေနပ်ပျော်ရွှင်စရာကြုံပါမည်။ အထူးသဖြင့် အကြံအစည်ကောင်းရလိမ့်မည်။ အလုပ်မရှိ သေး သူများ အလုပ်ရမည်။ အလုပ် ထူထောင်ရမည်။ မိမိအတွက် အမြတ်ရမည့် အခွင့်အလမ်း ပေါ်မည်။ စက်ပစ္စည်းများ ဝင်မည်။ ရေနဲ့ ပတ်သက်ပြီး ပြင်ဆင်ရ လိမ့်မည်။ ဘဝကံဇာတာများမှာ ကောင်းမွန်လာမည်။ ကုန်သည်များ ကုန်ရှုံးခြင်း၊ ပစ္စည်း အဝယ်မှားခြင်း ကြုံမည်။ ဝန်ထမ်းများ အောက်လူ အတွက် အပူတွေ့မည်။ အောက်လူ တော်လှန်မည်။ ပွဲစားများ အိမ်အရောင်း တည့်သဖြင့် ပွဲခရလိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ကြားလူ ဝင်ရှုပ်သဖြင့် စကားများရမည်။ ရှင်းလင်းပြောဆိုရမည်။ ကျန်းမာရေး တွင် မိန်းကလေးဖြစ်က ဆီးလမ်း ပိုးဝင်မည် သတိပြုပါ။ ယောကျ်ားလေးများ လေနာကြုံတတ်ပါသည်။ ကံကောင်းစေသော ဂဏန်းမှာ (၀/၂/၄)ဖြစ်သည်။
ယတြာ။ စေတီတွင် ထီးဖြူလှူပါ။
.

စနေ
.
ငွေအပို ဝင်လာမည်။ မြှုပ်နေသောငွေ ပြန်ရမည်။ နာရီပျက်မည်။ ဖုန်း ပျက်မည်။ သူငယ်ချင်း ပြန်ဆုံမည်။ အဝေးခရီးများ သွားရတတ်ပါသည်။ စီးပွားရေး အခွင့်အလမ်းကောင်းများ ပေါ်ပေါက်ပြီး အလုပ်အကိုင် စသည် အဆင်ပြေလာမည်။ ငွေ များများရမည်။ ရေခဲသေတ္တာများ၊ လျှပ်စစ်သုံး စက်ပစ္စည်းများ ဝင်လာကံ ရှိနေသည်။ ယခုကာလတွင် နာရီ အဝင် မခံသင့်ပါ။ ကုန်သည်များ ရန်ကြုံမည်။ အခက်အခဲ ပေါ်သဖြင့်စိတ်ညစ်ရ လိမ့်မည်။ ဝန်ထမ်းများ အောက်လူနှင့် သဘော ကွဲလိမ့်မည်။ ပွဲစားများ အရောင်း အဝယ် ဖြစ်လုနီးမှ ပျက်သွား တတ်ပါသည်။ ငယ်သူများမှာ အချစ်ရေးတွင် သံသယ ဖြစ်ပေါ်ကာ အထင်လွဲသဖြင့် စိတ်ညစ်ရမည်။ ကျန်းမာရေးတွင် သွားကိုက်မည်။ သွားနာတတ်သည်။ ကံကောင်းစေ သော ဂဏန်းမှာ (၁/၆/၇)ဖြစ်ပါသည်။
ယတြာ။ စေတီမှာ နှင်းဆီ ၁၁ ပွင့် လှူပေးပါ။
.

Journal Download

Photo of three cats