တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, June 9, 2020

တစ်ပတ်တာ ကံကြမ္မာ


ဆရာယဉ်မင်းအောင်
.
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၉ ရက်မှ ၁၅ ရက် အထိ
.

တနင်္ဂနွေ
.
ထူးခြားသော သတင်းစကား ကြားသိရလိမ့်မည်။ အလုပ်အကိုင်များ နှေးကွေးနေမည်။ စိတ်ညစ်နေ လိမ့်မည်။ ဝေးနေသူများ ပြန်လည် ဆုံတွေ့မည်။ နေအိမ် ငှားရမ်းခြင်းကိစ္စများ ပါဝင်ကူညီပေးရတတ်ပါ သည်။ ပရိဘောဂများ ပြုပြင်ရမည်။ စီးပွားရေး အခက်အခဲ နည်းနည်းရှိနေလိမ့်မည်။ ငွေဝင်ပြီး ငွေကြပ်နေ လိမ့်မည်။ စက်ပစ္စည်း ပျက်သဖြင့် အပူတွေ့မည်။ ကုန်သည်များမှာ လုပ်ငန်းနှေးကွေးနေလိမ့်မည်။ ဝန်ထမ်း များ အလုပ်ပိနေလိမ့်မည်။ ပွဲစားများ အပေါင်မှ ပွဲခရလိမ့်မည်။ ငယ်သူများ အချစ်ရေးကိစ္စတွင် ချစ်သူပေးသော လက်ဆောင်ကောင်းကို ရလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း ကြုံပါမည်။ အထူး မဆိုးပါ။ ကံကောင်းစေသော ဂဏန်းမှာ (၂/၄/၉)ဖြစ်သည်။
ယတြာ။ စေတီတွင် ကံ့ကော်ညွန့် လှူပါ။
.

တနင်္လာ
.
ဖုန်းနဲ့ ဆိုင်ကယ်များ ပျောက်ဆုံးတတ်ပါသည်။ သတိထားပါ။ အစားမှားလိမ့်မည်။ ပစ္စည်းအဝယ်မှား ခြင်းလည်း ကြုံတတ်ပါသည်။ အလိုရှိသော ပစ္စည်းများ ဝင်လာမည်။ မရောက်ဖူးသော ဒေသ သွားလာရ မည်။ အထင်လွဲခံရခြင်း စွပ်စွဲခံရခြင်း ကြုံမည်။ သူတစ်ပါးအတွက် အချိန်ကုန် ငွေကုန် ဖြစ်နေရလိမ့်မည်။ ကုန်သည်များမှာ ဆိုင်အပြောင်းအလဲ၊ ဝန်ထမ်း အပြောင်းအလဲ စသည်တို့ ကြုံမည်။ ဝန်ထမ်းများမှာ အ ကြီးအကဲ မစ ခံရလိမ့်မည်။ ပွဲစားများမှာ အလုပ် ရပ်တန့်နေလိမ့်မည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူ သစ္စာ ဖောက်လိမ့်မည်။ ကျန်းမာရေး ကိစ္စများတွင် လေနာမည်။ လေထိုးလေအောင့် ဖြစ်မည်။ ကံ ကောင်းစေသော ဂဏန်းများမှာ (ဝ/၅/၈)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို တဘက် လှူပါ။
.

အင်္ဂါ
.
ကျန်းမာရေးအတွက် သောက အပူများ နေမည်။ အထူးညံ့ မရှိပါ။ စီးပွားရေး အလုပ်အကိုင်ကောင်း တွေ့မည်။ အလုပ်ရှိသူများ အလုပ်ကောင်းလာမည်။ စီးပွားရေး ဝင်ငွေ တိုးတက်လာပြီး စုဆောင်းမိလိမ့်မည်။ လက်ဆောင်ပစ္စည်းများ ရလိမ့်မည်။ စက်ပစ္စည်း ပြုပြင်ရလိမ့်မည်။ ခက်ခဲသော အနေအထားကြုံက လွတ်မည့်ကံ ရှိသည်။ ကုန်သည်များမှာ ဖောက်သည်ထံ ကျန်ငွေ တောင်းရခက်ခဲနေမည်။ ကြန့်ကြာနေ မည်။ ဝန်ထမ်းများ စိတ်ရှုပ်ထွေးရသော ကာလဖြစ်လိမ့်မည်။ ပွဲစားများမှာ အရောင်းအဝယ် နည်းနည်းဖြစ် လိမ့်မည်။ ငွေ အသင့်တင့် ဝင်လာမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူနဲ့အတူ စားသောက်ဆိုင် ကောင်း ရောက်မည်။ ကျန်းမာရေး ကိစ္စများတွင် လေနာမည်။ ကံကောင်းစေသော ဂဏန်းများမှာ (၁/၅/၉) ဖြစ်သည်။
ယတြာ။ စေတီတွင် မုန့်လှူပါ။
.

ဗုဒ္ဓဟူး
.
အိမ်ဆောက်ခြင်း၊ အိမ်ပြင်ခြင်း ကြုံမည်။ သတင်းကောင်း ကြားသိရမည်။ သတိပြုရန်မှာ ငွေချေးငှား မိက ဆုံးမည်။ စီးပွားရေး အခွင့်အလမ်းကောင်း ပေါ်လာမည်။ မထင်ထားသော သူက မိမိအပေါ်ကောင်း နေလိမ့်မည်။ ငွေ ပျောက်ဆုံးတတ်ပါသည်။ မရဖူးသော ပစ္စည်းများ ဝင်လာတတ်ပါသည်။ အတွင်းလူ ဒုက္ခ ပေးလိမ့်မည်။ ကုန်သည်များမှာ ပစ္စည်း အခိုးခံရလိမ့်မည်။ ဝန်ထမ်းများမှာ သင်တန်းပေါ်ခြင်း အသိပညာ တိုးခြင်း စသည်တို့ ကြုံမည်။ ပွဲစားများ ချေးငွေကိစ္စ အောင်မြင်သဖြင့် ပွဲခရလိမ့်မည်။ ငယ်ရွယ်သူများမှာ ချစ်သူနဲ့ ပြန် အဆင်ပြေမည်။ ချစ်သူ မရှိသေးသူများ ချစ်သူ ရလိမ့်မည်။ ကျန်းမာရေးတွင် သွားနာမည်။ သွားကိုက်ခြင်း ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၅/၇)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ဖိနပ်လှူပါ။
.

ကြာသပတေး
.
စိတ်ရှုပ်ထွေးနေလိမ့်မည်။ အကြံအစည်များ ပျက်လိမ့်မည်။ အိမ်တွင်း အပူများနေလိမ့်မည်။ သူတစ်ပါး ကိစ္စ ဝင်ပါရတတ်သည်။ ကြီးသူနှင့် ရှင်းလင်းပြောဆိုရတတ်ပါသည်။ အဝေးမှ ပြန်လာသူလာမည်။ ရွှေ ကြောင့် စိတ်ညစ်စရာ ပေါ်လိမ့်မည်။ အိမ်ထောင် ရှိသူများ ယာယီခွဲခွာနေထိုင်ရလိမ့်မည်။ စကားများတတ် ပါသည်။ ကုန်သည်များ အရောင်းအဝယ် ဆက်လက် အောင်မြင်နေလိမ့်မည်။ ဝန်ထမ်းများ စိတ်ပျော်ရွှင် ရမည်။ သတင်းကောင်း ကြားရမည်။ ပွဲစားများမှာ အတိုက်အခံ အခက်အခဲ တွေ့လိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူနှင့်အတူ ပွဲတက်ရလိမ့်မည်။ ကျန်းမာရေးတွင် ခါးနာမည်။ နောက်ကျော တက်လိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၆/၇)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ဆေးဝါးလှူပါ။
.

သောကြာ
.
ကားအသစ် လဲလှယ်ရခြင်း၊ ကား အရောင်းအဝယ် ထွက်ခြင်း စသည်တို့ ကြုံလိမ့်မည်။ ခရီးယာယီ သွားလာရမည်။ အိမ်ဆေး သုတ်ရတတ်ပါသည်။ ကြီးသူ ကျန်းမာရေး နည်းနည်းညံ့မည်။ ရေကိစ္စ စိတ်ညစ် ရမည်။ ငွေနည်းနည်း ဝင်မည်။ လှပသော အသုံးအဆောင်ဆန်းများလည်း ဝင်မည်။ စာချုပ် ပြုလုပ်ရတတ် ပါသည်။ အိမ်သို့ သူခိုးကပ်မည်။ ကုန်သည်များ အကြွေးဟောင်း ပြန်လည် ရရှိလိမ့်မည်။ ဝန်ထမ်းများ ကြီး သူ၏ ဆိုဆုံးမခြင်း ခံရလိမ့်မည်။ ပွဲစားများမှာ အရောင်းအဝယ် ရပ်တန့်နေမည်။ ငယ်သူများမှာ အချစ်ရေး ကိစ္စတွင် လမ်းခွဲစရာ ပေါ်တတ်ပါသည်။ အထင်လွဲခြင်း ဖြစ်တတ်သည်။ ကျန်းမာရေးကိစ္စများတွင် ဖျားနာမည်။ အကြောတက်ခြင်း ဖြစ်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၅/၉)ဖြစ်သည်။
ယတြာ။ စေတီမှာ စံပယ်ပန်း လှူပါ။
.

စနေ
.
ပစ္စည်းပြန်ထွက်လိမ့်မည်။ ငွေ အထွက်များလိမ့်မည်။ အိမ်နီးချင်းကြောင့် စိတ်ရှုပ်ထွေးရလိမ့်မည်။ ခေတ်ပေါ်လှပ ပစ္စည်းဝင်လာမည်။ စီးပွားရေးကြောင့် ခရီးသွားရတတ်သည်။ ငွေ သိန်းများများ ဝင်လာကံ ရှိသော်လည်း ပြန်ထွက်ပါမည်။ မီးဖိုသုံး ပစ္စည်း အသစ်လဲလှယ်ရမည်။ တံခါးပြူတင်း စသည် ပြင်ရမည်။ အဝတ်အစား စွန့်ရတတ်သည်။ ကုန်သည်များမှာ လှောင်ကုန်မြတ်တတ်ပါသည်။ မိမိလက်ထဲရှိ ပစ္စည်း ဈေးကောင်းရလိမ့်မည်။ ဝန်ထမ်းများမှာ ရာထူးတက်ခြင်း၊ လစာတိုးခြင်း (သို့)အပိုငွေ ဝင်လာခြင်း ကြုံမည်။ ပွဲစားများမှာ ရှုပ်ထွေးနေဆဲကာလ ဖြစ်လိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ကံခေနေလိမ့်မည်။ ကံကောင်း စေသော ဂဏန်းမှာ (၁/၄/၅) ဖြစ်ပါသည်။
ယတြာ။ စေတီမှာ တံခွန် ၁ လက် လှူဒါန်းပါ။
.

No comments:

Post a Comment

Journal Download

Photo of three cats

About