သွေးလွန်တုပ်ကွေး အန္တရာယ် ဝိုင်းဝန်းကာကွယ်ကြစို့ - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, June 21, 2020

သွေးလွန်တုပ်ကွေး အန္တရာယ် ဝိုင်းဝန်းကာကွယ်ကြစို့

ကောင်လေး (မြန်မာစာ)
.
ယနေ့အချိန်တွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသော် လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန သည် ပုံမှန် ဆောင်ရွက်လျက်ရှိသော ပြည်သူ့ကျန်းမာရေး စီမံချက်လုပ်ငန်း ၆၈ ခု၏ လုပ်ငန်းဆောင်ရွက် မှုများကို လစ်ဟာမှု မရှိစေရေး ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ COVID-19 ရော ဂါနှင့် လုံးပန်းနေရချိန်တွင် မိုးရာသီ၌ ဖြစ်တတ်သည့် သွေးလွန် တုပ်ကွေးရောဂါ၊ ဆင်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ဝမ်း ပျက် ဝမ်းလျှောနှင့် ကာလဝမ်းရောဂါများ၊ ရာသီတုပ်ကွေး ရော ဂါများကိုလည်း သတိ မေ့လျှော့မှု မရှိဘဲ ကာကွယ်ရန် လိုအပ်ပါ သည်။ သို့မှသာလျှင် မိုးရာသီတွင် သေဆုံးနှုန်း၊ ဖြစ်ပွားနှုန်း အ များဆုံး ဖြစ်လေ့ဖြစ်ထ ရှိသော သွေးလွန်တုပ်ကွေး ရောဂါကို COVID-19 ရောဂါနှင့် အတူ ကာကွယ်နိုင်မည် ဖြစ်ပါသည်။ COVID-19 ရောဂါ ဖြစ်ပွားနေချိန် Home Stay နေချိန် ကာလ တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နည်းလမ်းများကို ဤ ဆောင်းပါးတွင် ရေးသား တင်ပြသွားမည် ဖြစ်ပါသည်။
.
မိုးရာသီကာလ ကျရောက်လာသည့်အတွက် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် မိုးရာသီ၌ အဖြစ်များသော ရောဂါများ အနက်မှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်း ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ သွေးလွန် တုပ်ကွေး ရောဂါသည် Arbo-virus အုပ်စုဝင် Dengue virus ကြောင့် ဖြစ်ပွားပါသည်။ Dengue Virus မှာ Serotype ၄ မျိုး ရှိပါသည်။ DEN-1၊ DEN-2၊ DEN-3 နှင့် DEN-4 ဟု ခေါ်သည်။ Serotype တစ်မျိုးအတွက် ရောဂါဖြစ်ပွားပါက ၎င်း Serotype တစ်ခုအတွက်သာ ကာကွယ်မှု (immunity) ရပြီး၊ အခြားအမျိုး အစား (Serotype) အတွက် မကာကွယ်နိုင်ပါ။ ယင်းဗိုင်းရပ်စ် ပိုးများ၌ ရှိသော Nonatructural Protein များအနက် NSI ခေါ် Glycoptotein တစ်မျိုးသည် ရောဂါရှာဖွေ ဖော်ထုတ်ရာ တွင် အထိုက်အလျောက် အရေးပါသော ပဋိပစ္စည်း တစ်မျိုးဖြစ် သည်။
.
 .

သွေးလွန်တုပ်ကွေးရောဂါ အဆင့် များမှာ ဒင်ဂီးအဖျားရောဂါ၊ သွေးလွန်တုပ်ကွေးအဆင့်နှင့် သွေး လန့်ခြင်း အဆင့်ဟူ၍ ၃ ဆင့်ရှိပါသည်။

.
သွေးလွန်တုပ်ကွေးရောဂါသည် (အေးဒီးစ်) ခြင်ကျား အကိုက်ခံရခြင်းကြောင့် ဖြစ်ပွားသည့် ရောဂါ ဖြစ်သည်။ နေ့အချိန် မှာ အများအားဖြင့် ကိုက်လေ့ရှိပါသည်။ မိုးရာသီမှာ ခြင်ကျားအ များဆုံး ပေါက်ပွား သဖြင့် သွေးလွန်တုပ်ကွေးရောဂါ အများဆုံး ဖြစ်ပွားပါသည်။ သွေးလွန်တုပ်ကွေး ရောဂါသည် အသက်အ ရွယ်မရွေး၊ ကလေး/လူကြီးမရွေး၊ ကျား/မ မရွေး ဖြစ်ပွားနိုင်ပါ သည်။ အထူးသဖြင့် အသက် ၁၅ နှစ်အထက် လူကြီးများတွင် ဖြစ်ပွားပါက သေဆုံးနှုန်း မြင့်မားသည်ကို တွေ့ရှိရပါသည်။ ခြင်ကျားများသည် ၎င်းတို့ ခန္ဓာကိုယ်တွင် အဖြူအစက်များ ပါရှိ သည့်အတွက် ခြင်ကျားဟု ခေါ်ဆိုခြင်းဖြစ်သည်။ ခြင်ကျားသည်  နေအိမ်အတွင်း၌ နေထိုင်လျက်ရှိပြီး ရေကြည် ရေသန့်တွင် ပေါက်ပွားလေ့ရှိပါသည်။ သောက်သုံးရေ သိုလှောင်သည့် ရေ လှောင်ကန်၊ အိုးခွက်များ၊ ရေတင်ကျန်နိုင်သည့် နေရာများဖြစ် ကြသော (ဥပမာ- စွန့်ပစ်ထားသော ပုလင်းခွံ၊ ဘူးခွံ၊ အုန်းမှုတ် ခွက်၊ ဝါးဆစ်၊ တာယာဟောင်း၊ ဘတ္ထရီအိုးဟောင်း၊ ငှက်ပျော လက်၊ အုန်းလက်များအကြား၊ ခြံစည်းရိုးဝါးလုံးခေါင်း စသည့်) နေရာများတွင် ပေါက်ပွားလေ့ရှိသည်။ ခြင်ကျားပေါက်ပွားပုံ အ ဆင့်ဆင့် ဖြစ်သော (ဥ- ပိုးလောက်လန်း-ပိုးရုပ်ဖုံး-သက်ကြီး ကောင်) ပြောင်းလဲပုံ ဖြစ်စဉ်က ၈ ရက်မှ ၁၀ ရက်ခန့်အထိသာ ကြာမြင့်သည့်အတွက် ပေါက်ပွားမှုနှုန်း အလွန်မြန်ဆန်ပါသည်။ သက်ကြီးခြင်မ တစ်ကောင်က ၃ ရက်ခန့် တစ်ကြိမ်လျှင် ဥ ပေါင်း ၁၀၀ ခန့် ဥချနိုင်ပါသည်။ ခြင်သက်တမ်း ၂ ပတ်မှ ၁ လ အတွင်း ဥပေါင်း ၄၀၀ မှ ၈၀၀ ခန့်အထိ ဥနိုင်ပါသည်။ ခြင်ဥတွေ က ခြောက်သွေ့သည့် နေရာ၌ ၈ လခန့်အထိ အသက်ရှင်နိုင် ပါသည်။ ခြင်ကျားက မီတာ ၁၀၀ အကွာအဝေးထိ ပျံသန်းနိုင် ပါသည်။ ထို့ကြောင့် ပတ်ဝန်းကျင်မှာ ပိုးလောက်လန်း၊ ခြင်ကျား များ ပေါက်ပွားနေပါက မိမိနှင့် မိမိပတ်ဝန်းကျင်မှာ သွေးလွန် တုပ်ကွေးရောဂါ ဖြစ်နိုင်ပါသည်။ ခြင် သက်ကြီးကောင် ဖြစ်မှ နှိမ်နှင်းသည်ထက် ပိုးလောက်လန်း ဘဝမှ နှိမ်နှင်းတာက ပို လွယ်ကူပြီး ထိရောက်မှု ရှိပါသည်။
.
သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများမှာ ၂ ရက်မှ ၇ ရက် အတွင်း အဖျားအလွန်ကြီးခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက် ခြင်း၊ ပြင်းထန်စွာ ဗိုက်အောင့် ဗိုက်နာခြင်း၊ ကိုယ်ခန္ဓာ အရေ ပြားပေါ်တွင် အနီစက်များ ပေါ်လာခြင်း၊ သွေးယိုသော လက္ခ ဏာများ ဖြစ်ပေါ်လာခြင်း၊ ကော်ဖီရောင်များ အန်ခြင်း၊ ဝမ်းမည်း မည်းများ သွားခြင်းနှင့် သွေးဥမွှား ၁၀၀ အောက် လျော့နည်း သွားခြင်းများ ခံစားရသည်။ သွေးလွန်တုပ်ကွေးရောဂါ အဆင့် များမှာ ဒင်ဂီးအဖျားရောဂါ၊ သွေးလွန်တုပ်ကွေးအဆင့်နှင့် သွေး လန့်ခြင်း အဆင့်ဟူ၍ ၃ ဆင့်ရှိပါသည်။ သာမန်တုပ်ကွေး အ ဆင့်မှာ အခြားတုပ်ကွေး ရောဂါများနှင့် ရောဂါလက္ခဏာ အတူ တူပင် ဖြစ်ပါသည်။ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ ခေါင်းမူးခြင်း၊ ကိုယ်လက် မအီမသာ ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ်များ နာကျဉ်ခြင်း၊ မျက်လုံးအောင့်ခြင်း၊ မျက်လုံး လှုပ်ရှားမှု ပြုလုပ်တိုင်း နာကျဉ်ခြင်း၊ ပျို့အန်ခြင်း၊ အစားအ သောက်ပျက်ခြင်း စသည့်ရောဂါလက္ခဏာများ ခံစားရပါသည်။ ပုံမှန် ရာသီအကူးအပြောင်းတွင် ဖြစ်တတ်သည့် တုပ်ကွေးရော ဂါနှင့်လည်း ကွာခြားမှုရှိသောကြောင့် များသောအားဖြင့် သွေး လွန်တုပ်ကွေးမှန်း မသိလိုက်ကြပါ။ သွေးလွန်တုပ်ကွေး အဆင့် နှင့် သွေးလန့်ခြင်း အဆင့် စိုးရိမ်ရသည့် လက္ခဏာများမှာ ခန္ဓာ ကိုယ်တွင်း သွေးယိုစီးသည့် အတွက်ကြောင့် ကော်ဖီမှုန့်ရောင်၊ အညိုရောင် အဖတ်အမျှင်လေးများပါသော အရည်များ အန် ခြင်း၊ ဝမ်းမည်းမည်း သွားခြင်း၊ နှာခေါင်းသွေးယိုခြင်း သွားဖုံး ကြား သွေးထွက်ခြင်းများ ဖြစ်တတ်ပါသည်။ တစ်ဖန် ခန္ဓာကိုယ် တွင် ထိခိုက်သကဲ့သို့ အနီကွက်များပေါ်ခြင်း၊ ကိုယ်ပူချိန် ရုတ် တရက် ကျဆင်းသွားခြင်း(များသောအားဖြင့် စဖျားသည့်နေ့မှ ၃ ရက်မြောက်တွင် ဖြစ်တတ်ပါသည်)။ ရုတ်တရက် ဗိုက်အောင့် ခြင်း၊ ဗိုက်နာခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း (သို့) သတိလစ်ခြင်း၊ ခြေ ဖျားလက်ဖျား အလွန်အမင်း အေးစက်ခြင်း စသည့်အန္တရာယ်ရှိ သော အခြေအနေဖြစ်နိုင်ပါသည်။ ၎င်းစိုးရိမ်ရသည့် လက္ခဏာ တစ်ခုခု တွေ့ရှိခဲ့ပါက နီးစပ်ရာ ဆေးရုံ/ ဆေးခန်းသို့ ချက်ချင်း ခေါ်ဆောင် ပြသရန် လိုအပ်ပါသည်။ နောက်ဆက်တွဲဆိုးကျိုး များမှာ ဦးနှောက်နှင့် ဦးနှောက်အမြှေးပါး ရောင်ခြင်း၊ အသည်း ပျက်ဆီးခြင်း၊ နှလုံးရောင်ခြင်း၊ ကိုယ်တွင်း အင်္ဂါများ ပျက်စီး ခြင်းနှင့် သေဆုံးခြင်းများ ဖြစ်ပါသည်။ သွေးလွန်တုပ်ကွေး ရောဂါအတွက် သီးခြားကုထုံးမရှိပါ။ ရောဂါကို ‌ဆောလျင်စွာ သိ ရှိရန်နှင့် သေချာစွာ ပြုစုကုသလျှင် သွေလွန်တုပ်ကွေး ရောဂါ ကြောင့် သေဆုံးနှုန်းကို သိသာစွာ လျှော့ချနိုင်မည် ဖြစ်ပါသည်။ ထိုကဲ့သို့ သွေးလန့်သည့် လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံး ခေါ်ဆောင်ပြသရန် လိုအပ်ပါသည်။
.
ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်ဟူ သော ကျန်းမာရေးဆောင်ပုဒ်အတိုင်း COVID-19 ရောဂါ ဖြစ် နေသော်လည်း မိမိတို့ အိမ်တွင်းမှာ Home Stay နေရင်း ပြည် သူတစ်ဦးချင်းစီသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သ ဖြင့် အောက်ဖော်ပြပါ အချက်များကို ပြည်သူလူထု တစ်ရပ်လုံး လိုက်နာဆောင်ရွက် သင့်ပါသည်။ သွေးလွန်တုပ်ကွေး ရောဂါ သည် ခြင်ကျားကိုက် ခံရခြင်းကြောင့် ကူးစက်ဖြစ်ပွားရခြင်း ဖြစ် ၍ ခြင်ကျားမရှိပါက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်မည်မဟုတ် ပါ။ သို့ဖြစ်၍ ခြင်ကျားနှိမ်နင်းရေးကို အဓိကထား ဆောင်ရွက် ခြင်း ဖြစ်ပါသည်။ ခြင်ကျားနှိမ်နှင်းရာတွင်လည်း သက်ကြီး ကောင်များကို နှိမ်နင်းခြင်းထက် ပိုးလောက်လန်းဘဝတွင် နှိမ် နင်းခြင်းက ပိုမိုလွယ်ကူ ထိရောက်ပါသည်။ ပြည်သူလူထု အ နေဖြင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ရအောင် ကြိုတင်လုပ် ဆောင်ရမည့် အချက်များမှာ လူတိုင်းသိနေပြီး မရိုးနိုင်သော စကားလုံးများ ဖြစ်သည်။ ၎င်းတို့မှာ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ လောင်း၊ ထောင်၊ ဖွင့်၊ မြုပ်၊ ရှင်း၊ မွေး တို့ဖြစ်ပါသည်။ ထိုအချက် ထဲမှ ပြည်သူလူထု လိုက်နာဆောင်ရွက်ရမည့် အချက်များကို အကျယ်တဝင့် ရှင်းပြပေးသွားမည် ဖြစ်ပါသည်။ ဆိုလိုသည်မှာ ရေ(အိုး၊ ခွက်၊ စည်) မှန်သမျှ ခြင်မဝင်အောင် ဖုံးထားခြင်း ဖြစ် ပါသည်။ အိုးခွက်များထဲသို့ ခြင်လုံးဝ မဝင်နိုင်ပါက ပိုးလောက် လန်း ပေါက်ပွားနိုင်မည် မဟုတ်တော့ပါ။ သွန်ဆိုသည်မှာ ရေ ထည့်ထားသော အိုး၊ ခွက်၊ စည်များကို တစ်ပတ်တစ်ကြိမ် အ တွင်းနံရံများကို တိုက်ချွတ်ဆေးကြော၍ ရေများမကျန်အောင် သွန်ပစ်ခြင်း ဖြစ်ပါသည်။ လဲဆိုသည်မှာ ဘုရားပန်းအိုးများကို တစ်ပတ်တစ်ကြိမ် ဆေးကြော၍ ပုံမှန်လဲပေးခြင်း ဖြစ်ပါသည်။ စစ်ဆိုသည်မှာ ရေ(အိုး၊ ခွက်၊ စည်) ထဲသို့ ရေကိုစစ်၍ ထည့် ခြင်း ပိုးလောက်လန်းများကို ရေစစ်ဖြင့် ဖယ်ရှားပေးခြင်း ဖြစ်ပါသည်။ လောင်းဆိုသည်မှာ ဗီရိုအောက်ခံခွက်များ ထဲသို့ ဆား (သို့) စက်ဆီဟောင်းများ လောင်းထည့်ခြင်း ဖြစ်ပါသည်။ ထောင် ဆိုသည်မှာ ဘယ်အချိန် အိပ်အိပ် ဘယ်နေရာမှာ အိပ် အိပ် ခြင်ထောင်ဖြင့် ထောင်အိပ်ခြင်း ဖြစ်ပါသည်။ ဖွင့် ဆိုသည် မှာ အလင်း ရောင်ရ၍ ခြင်မခိုအောင်းနိုင်ရန် နေ့ပိုင်းတွင် ပြတင်း ပေါက်များ ဖွင့်ထားခြင်း ဖြစ်ပါသည်။ မြုပ် ဆိုသည်မှာ ရေဝပ်/ ရေတင် ကျန်နိုင်သော ရေအိုးကွဲ၊ ခွက်၊ တာယာဟောင်း စ သည်တို့ကို မြေမြှုပ်ခြင်း ဖြစ်ပါသည်။ ရှင်း ဆိုသည်မှာ အိမ်ခြံ ကျောင်း ပတ်ဝန်းကျင် နေရာများတွင် ခြင်မခိုအောင်းနိုင်ရန် ချုံ နွယ်ပိတ်ပေါင်း များကို ရှင်းလင်းခြင်းဖြစ်သည်။ မွေး ဆိုသည်မှာ ခြင်လောက်လန်းစား ငါးများ မွေးမြူခြင်းဖြစ်သည်။ အခြေခံ ကျန်းမာရေး ဝန်ထမ်း ပညာရှင်များမှလည်း ပြည်သူလူထုကို ကျန်းမာရေး အသိပညာပေးခြင်း၊ မလှယ် မသွန်နိုင်သော ကျောက်စည်၊ ရေကန်များထဲသို့ ပိုးလောက်လန်း သေစေသော အဘိတ် ဆေးများ ခတ်ပေးခြင်း၊ လိုအပ်ပါက ခြင်ဆေးမှုတ်ခြင်း များ ဆောင်ရွက်ပေးနေပြီဖြစ်သည်။ ခြင်ဆေးမှုတ်ခြင်းမှာ သွေး လွန်တုပ်ကွေးလူနာ ရှိသောအိမ်နှင့် မီတာ ၃၀၀ ပတ်လည်အ တွင်းရှိ သွေးလွန်တုပ်ကွေးဖြစ်စေသော ခြင်များ မရှိစေရန်အ တွက် လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ သွေးလွန်တုပ်ကွေး ရောဂါ ကို သယ်ဆောင်သည့် ခြင်သည် နေအိမ်တွင်းနှင့် နေအိမ်ပတ် ဝန်းကျင်ရှိ ရေကြည်ရေသန့်တွင် ပေါက်ဖွားခြင်း ဖြစ်သဖြင့် ပြည်သူများမှ မိမိတို့နေအိမ်နှင့် ပတ်ဝန်းကျင်တွင် ခြင်ပေါက်ဖွားမှု မရှိစေရေး၊ ပိုးလောက်လန်း နှိမ်နင်းရေး လုပ် ငန်းများကို ကိုယ်တိုင်ပါဝင် ဆောင်ရွက်မှသာ သွေးလွန်တုပ် ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ အောင်မြင်မှုရရှိ နိုင်မည် ဖြစ်ပါသည်။ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်း ချုပ်မှု လုပ်ငန်းများ အောင်မြင်မှု ရရှိစေရေး၌ အဓိက အရေးကြီး ဆုံးအချက်မှာ ပြည်သူများကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက် ခြင်း ဖြစ်ပါသည်။ တစ်ဖန် အခြေခံ ကျန်းမာရေး ဝန်ထမ်းပညာ ရှင်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ဦးဆောင်၍ သွေးလွန်တုပ်ကွေး ရောဂါနှင့် ပတ်သက်သော ကျန်းမာရေး အ သိပညာပေး နှိုးဆော်မှုများကို ဆောင်ရွက်လျက် ရှိပါသည်။
.
နိဂုံးချုပ် ဆိုရသော် သွေးလွန်တုပ်ကွေး ရောဂါမဖြစ်အောင် အကောင်းဆုံး ကာကွယ်နည်းမှာ ခြင်ကိုက်မခံရအောင် နေခြင်း နှင့် ခြင်ကျားမပေါက်ပွားနိုင်အောင် ပြုလုပ်ခြင်းတို့ ဖြစ်သည်။ မိုးတွင်းကာလ သာမက မည်သည့် အချိန်တွင်မဆို ကလေးများ ဖျားနာလျှင် သွေးလွန်တုပ်ကွေး ရောဂါအန္တရာယ်ကို သတိပြုရ ပေမည်။ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ် များ အောင်မြင်မှု ရရှိရန်မှာ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု အ ဓိက ကျပါသဖြင့် အပြည့်အဝပူးပေါင်း ဆောင်ရွက်ဖို့လည်း လိုအပ်ပါသည်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် ယခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အမျိုးသားရေး အသွင်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး ပြည်သူလူထု၊ လူမှုရေး အဖွဲ့အစည်းများနှင့် ဒေသအာ ဏာပိုင်များ အားလုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြ ပါရန် တိုက်တွန်းနိုးဆော်လိုက်ရပါသည်။ ။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)