မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တောင်ကြီးခရိုင်ဘဏ်ခွဲမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တောင်ကြီးခရိုင်ဘဏ်ခွဲမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေး


ထမံသီ
.
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တောင်ကြီးခရိုင်ဘဏ်ခွဲမှ ၂၀၂၀ ပြည့်နှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများထံ ထုတ်ချေးပေးလျက်ရှိသည်ဟု သိရသည်။
.
 
.
၂၀၂ဝ ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စပါး(လယ်)တစ်ဧကလျှင် ကျပ် ၁၅၀၀၀၀ နှုန်း၊ ပြောင်း (ယာ) တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် အများဆုံး ၁၀ ဧကအထိ ထုတ်ချေးပေးနေခြင်း ဖြစ်ပြီး မေလလယ်ပိုင်းမှ စတင်ထုတ်ချေးခဲ့ရာ တောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုမှ စပါး ၁၄၇ ဧက၊ ပြောင်း ၁၁၇၀ ဧက၊ စုစုပေါင်းဧက ၁၃၁၇ ဧက၊ တောင်သူပေါင်း ၁၈၈ ဦးတို့ကို ချေးငွေ ကျပ် ၁၃၉၀ ဒသမ ၅၀ သိန်း ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရသည်။
.
“ချေးငွေထုတ်ချေးရာမှာလည်း အရင်လိုလူစုလူဝေးနဲ့ ထုတ်ပေးတာမျိုးမလုပ်ဘဲ အခုဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါကို ကာကွယ်နိုင်အောင် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပေးတယ် ဟု တောင်ကြီးခရိုင် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်ခင်ပြုံးရည်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မိုးစပါးချေးငွေအတွက် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း တောင်ကြီးမြို့နယ် အပါအဝင် ပင်းတယ၊ ရွာငံ၊ ကလော၊ ညောင်ရွှေ မြို့နယ်များတွင် ထုတ်ချေးပေးနေခြင်းဖြစ်ကာ ယခုနှစ်မိုးစပါးချေးငွေကို  စက်တင်ဘာ လကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ၎င်းထံက သိရသည်။
.

Journal Download

Photo of three cats