နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မွေးနေ့ အထိမ်းအမှတ်အဖြစ် အောင်ပန်းတွင် သစ်ပင်စိုက်ပျိုး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မွေးနေ့ အထိမ်းအမှတ်အဖြစ် အောင်ပန်းတွင် သစ်ပင်စိုက်ပျိုး

ခွန်သန်းအောင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ယနေ့ ဇွန်လ ၁၉ ရက်၊ နံနက်ပိုင်းက နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၅ နှစ်ပြည့် မွေးနေ့အဖြစ် အမှတ်ရ သစ်ပင် စိုက်ပျိုးပွဲတော် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
 
.
ထိုသို့ သစ်ပင်စိုက်ပျိုးရာတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလတ်၊ ကလောမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ၊ အောင်ပန်းမြို့ အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကလော မြို့နယ်သစ်တောဦးစီးဌာနဦးစီးမှူး ဦးစည်သူလင်းနှင့်သစ်တောဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ၊စုစုပေါင်း ၅၀ ဦးခန့်တို့မှ အရိပ်ရ လေကာပင် များဖြစ်သော ချယ်ရီ/ခါတော်မှီ/အင်ကြင်း/ ထင်းရှူးနှင့် ပင်စိမ်းသီးပင် များ၊ စုစုပေါင်း အပင် ၁၀၀၀ ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
.

Journal Download

Photo of three cats