အောင်ပန်းတွင် ဆိုင်ကယ်ခိုးယူသူတစ်ဦးအား ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းတွင် ဆိုင်ကယ်ခိုးယူသူတစ်ဦးအား ဖမ်းမိ


ခွန်သန်းအောင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ဇွန်လ ၈ ရက်က ဆိုင်ကယ်ခိုးယူသူတစ်ဦးအား ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
.
 
.
အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်၊ ပုပ္ပါးလမ်းနေ မမိုးနေဝါ (၄၄ နှစ်) ဆိုသူသည် ဇွန်လ ၈ ရက်၊ နံနက် ၈ နာရီခန့်က အောင်ပန်းမြို့မဈေး ရှေ့ရှိ “မလယ်” မုန့်မျိုးစုံဆိုင်ရှေ့တွင် ဆိုင်ကယ်ရပ်ထားခဲ့ပြီး မြို့မဈေးအတွင်း ဈေးဝယ်ကာ ပြန်အထွက်တွင် ဆိုင်ကယ်မှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
.
သို့ဖြစ်၍ မမိုးနေဝါမှ ၎င်း၏ သူငယ်ချင်းဖြစ်သူ ခွန်စန္ဒီလ (၄၅ နှစ်) အား ဖုန်းဆက်အကူအညီတောင်းခံခဲ့ရာ ခွန်စန္ဒီလ မှ ၎င်း၏ဆိုင်ကယ်အား ကုလားဆင်အမျိုးသားတစ်ဦး စီးနင်းသွားကြောင်း ပြောဆိုသဖြင့် လူစုခွဲ၍ ရှာဖွေခဲ့ရာ ယင်းနေ့ ညနေ ၆ နာရီခန့်တွင် အောင်ပန်းမြို့၊ မြို့ဟောင်းရပ်ကွက်၊ နယ်မြေ (၈)၊ မင်းဂူလမ်းရှိ ထင်အောင်ဇော် (ခ) အုမရ် (ခ) အာနိုး (၃၀ နှစ်) ၏ နေအိမ်အတွင်း ဆိုင်ကယ်အား ပြန်လည်တွေ့ရှိသဖြင့် ဆယ်အိမ်မှူးနှင့် ရဲစခန်းသို့ အကြောင်းကြား ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဆိုင်ကယ်ခိုးယူသူ ထင်အောင်ဇော် (ခ) အုမရ် (ခ) အာနိုး (၃၀ နှစ်) အား အောင်ပန်းနယ်မြေရဲစခန်းမှ (ပ) ၁၀၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉(ဆ)ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats