အောင်ပန်းရှိ အလင်္ကာ KTV တွင် အုပ်စုဖွဲ့ သီချင်းသီဆိုသူများကို ဒဏ်ငွေ ၅၀၀၀၀ စီ ပြစ်ဒဏ်ချမှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းရှိ အလင်္ကာ KTV တွင် အုပ်စုဖွဲ့ သီချင်းသီဆိုသူများကို ဒဏ်ငွေ ၅၀၀၀၀ စီ ပြစ်ဒဏ်ချမှတ်

ခွန်သန်းအောင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ အလင်္ကာ KTV ဆိုင်တွင် အုပ်စုဖွဲ့ သီချင်း သီဆိုခဲ့သူ ၉ ဦးအား ကလောမြို့နယ်တရားရုံးက တစ်ဦးလျှင် ဒဏ်ငွေ ၅၀၀၀၀ ကျပ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ သည်ဟု သိရသည်။
.
 
.
အဆိုပါ အမျိုးသား ၉ ဦးသည် ပြီးခဲ့သည့် ဇွန်လ ၅ ရက်၊ ည ၁၀ နာရီအချိန်က အောင်ပန်းမြို့၊ အောင်ပန်း-ပင်းတယ သွားကားလမ်းဘေးရှိ အလင်္ကာ KTV ဆိုင်တွင် အုပ်စုဖွဲ့ သီချင်းသီဆိုနေမှုအား အောင်ပန်း နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးတွေ့ရှိသဖြင့် ၎င်းတို့အား ဇွန်လ ၁၁ ရက် တွင် ၁၉၉၅ ခုနှစ်၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေပုဒ်မ ၁၈ ဖြင့် အရေးယူပေးရန် ကလောမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ပြီး မြို့နယ်တရားရုံးမှ ရာကြီးအမှုအမှတ် ၃၀၂/၂၀၂ဝ ဖြင့် လက်ခံစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်း အုပ်စုဖွဲ့ သီချင်းသီဆိုခဲ့သည့် အမျိုးသား ၉ ဦးနှင့် KTV ဆိုင် တာဝန်ခံမန်နေဂျာတို့အား ယနေ့ ဇွန်လ ၁၉ ရက်တွင် ကလောမြို့နယ်တရားသူကြီးက တစ်ဦးလျှင် ဒဏ်ငွေ ကျပ် ၅၀၀၀၀ ပေးဆောင်ရန်နှင့် မဆောင်က ထောင်ဒဏ် ၁ လ ကျခံရန် အမိန့်ချမှတ်ရာ ဒဏ်ငွေများ ပေးဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
.

Journal Download

Photo of three cats