အောင်ပန်းတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, June 30, 2020

အောင်ပန်းတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

ခွန်သန်းအောင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်တွင် ယနေ့ ဇွန်လ ၃၀ ရက်၊ နံနက် ပိုင်းက အမျိုးသားတစ်ဦး ရေချောင်းအတွင်း ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက် အရှေ့ဘက်ရှိ ချောက်အိုင် (ခ) ရိုးချောင်းအတွင်း ဇွန်လ ၃၀ ရက်၊ နံနက် ၈ နာရီခန့်က အမျိုးသားတစ်ဦး ရေနစ်သေဆုံးကြောင်း အကြောင်းကြားလာသဖြင့် အောင်ပန်းနယ်မြေ ရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ သက်သေများမှ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ကျော်သူအောင် (ခ) အူငဲ (၃၉ နှစ်) ဆိုသူဖြစ်ပြီး အကျယ် ၁၀ ပေ၊ အနက် ၂ ပေခွဲခန့်ရှိ ရေချောင်းအတွင်း မှောက်လျက် အနေအထားဖြင့် သေဆုံးနေကြောင်း တွေ့ရသဖြင့် အောင်ပန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရ သည်။
.
အဆိုပါ ရေနစ်သေဆုံးသူ ကျော်သူအောင် (ခ) အူငဲ သည် နေအိမ်တွင် တစ်ကိုယ်တည်း နေထိုင်သူဖြစ်ပြီး အရက် အလွန်အကျွံ သောက်သုံးတတ်ကာ ရပ်ကွက်အတွင်း တစ်ဦးတည်း လျှောက်သွားတတ်သူတစ်ဦး ဖြစ်ကြောင်း ၎င်း၏ အစ်မဖြစ်သူထံက သိရသည်။
.
ယင်း အမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် အောင်ပန်း နယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၉/၂၀၂၀) ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats