အောင်ပန်းတွင် ဆိုင်ကယ်နှင့်ကား တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူ ၂ ဦးဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းတွင် ဆိုင်ကယ်နှင့်ကား တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူ ၂ ဦးဒဏ်ရာရ

စုလှိုင်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ သာမိုင်းခမ်းကျေးရွာတွင် ဇွန်လ ၁၅ ရက်က မော်တော်ယာဉ် နှင့် မော်တော်ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ်ပေါ်ပါ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

.

အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်နေ လင်းလတ်အောင် (၂၀ နှစ်) မောင်းနှင်ပြီး ကျော်ကျော်ဦး (ခ) သားပု (၃၀ နှစ်) လိုက်ပါစီးနင်းလာသော မော်တော်ဆိုင်ကယ်သည် ဇွန်လ ၁၅ ရက်၊ ညနေ ၄ နာရီအချိန်က ပြည်ထောင်စုလမ်းမကြီး အတိုင်း ဟဲဟိုးမြို့ဘက်မှ အောင်ပန်းမြို့ဘက်သို့ မောင်းနှင်လာစဉ် အောင်ပန်း ကညနရုံးရှေ့၊ မိုင်တိုင်အမှတ် (၈၀/၂) နှင့် (၈၀/၃) အကြား အရောက်တွင် ရှေ့မှ ယာဉ်ကို ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်မှ ယာဉ်မောင်း စိုးမင်းထွန်း (၂၃ နှစ်) မောင်နှင်လာသည့် SCANA DUMP TRUCK ၁၂ ဘီးယာဉ်အား ဝင်ရောက်တိုက်မိသဖြင့် ဆိုင်ကယ် မောင်းနှင်သူ လင်းလတ်အောင်တွင် ဝဲဘက်ပါး ပွန်းပဲ့ ဒဏ်ရာ၊ ဝဲဘက်ပုခုံးပေါက်ပြဲဒဏ်ရာ၊ ဝဲဘက် ဒူးပွန်းပဲ့ ဒဏ်ရာ၊ ဝဲဘက်ခြေမ ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ကျော်ကျော်ဦး တွင် ဝဲဘက်ပုခုံးပေါက်ပြဲဒဏ်ရာ၊ ဝဲဘက် ခြေမပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်ဒူး ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်ခြေဖမိုး ပေါက်ပြဲသွေးထွက်ဒဏ်ရာ (စိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

.

"ယာဥ်တိုက်မှုနဲ့ပဲ အမှုဖွင့် ထားပါတယ်” ဟု အောင်ပန်းနယ်မြေ ရဲစခန်းမှ ရဲအုပ် သိန်းထိုက်ထွန်းက ကမ္ဘောဇတိုင်း သို့ပြောသည်။

.

အဆိုပါ ယာဉ်တိုက်မှုမှ မဆင်မခြင်မောင်းနှင်သဖြင့် မိမိနှင့် အခြားသူများအား ဒဏ်ရာများ ရရှိစေသူ ဆိုင်ကယ် ယာဉ်မောင်း လင်းလတ်အောင်အား အောင်ပန်း နယ်မြေ ရဲစခန်းတွင် ယာဥ် (ပ)၃၆/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats