အောင်ပန်းတွင် ၁၂ ဘီးယာဉ်နှင့် ဆိုင်ကယ် တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, June 5, 2020

အောင်ပန်းတွင် ၁၂ ဘီးယာဉ်နှင့် ဆိုင်ကယ် တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ မင်္ဂလာကန်ကွေ့၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဇွန်လ ၄ ရက်၊ ညနေပိုင်းက ၁၂ ဘီးမော်တော်ယာဉ်နှင့် ဆိုင်ကယ် တိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
.
 
.
တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်နေ ယာဉ်မောင်း ဦးအောင်ဟန် (၅၇ နှစ်) မောင်းနှင်သော ဖူဆို ၁၂ ဘီး  မော်တော်ယာဉ်သည် ဇွန်လ ၄ ရက်၊ ညနေ ၆ နာရီခန့်က အောင်ပန်းဘက်မှ ဟဲဟိုးဘက်သို့ မောင်းနှင်လာစဉ် အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်၊ မင်္ဂလာကန်ကွေ့၊ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၇၉/၀) နှင့် (၇၉/၁) အကြားတွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး မျက်နှာချင်းဆိုင်မှ အမျိုးသားတစ်ဦး မောင်းနှင်လာသည့် LOUJIA-100 အမျိုးအစား ဆိုင်ကယ်အား ဝင်ရောက်တိုက်မိကာ  ဆိုင်ကယ်မောင်းနှင်သူတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ နားနှစ်ဘက် သွေးထွက်ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ပါးစပ်သွေးထွက် ဒဏ်ရာများ ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင် မောင်းနှင်ပြီး တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိတိုက်မိခဲ့ သဖြင့် အခြားသူများအား ထိခိုက်ဒဏ်ရာရသေဆုံးစေသူ ယာဉ်မောင်း ဦးအောင်ဟန် (၅၇ နှစ်) အား အောင်ပန်းနယ်မြေ ရဲစခန်းတွင် ယာဉ် (ပ) ၃၄/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၀၄-က ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About