အောင်ပန်းတွင် အသက် ၈ နှစ်အရွယ် ကလေးငယ် ၂ ဦး ရေနစ်သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းတွင် အသက် ၈ နှစ်အရွယ် ကလေးငယ် ၂ ဦး ရေနစ်သေဆုံး

စုလှိုင်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ နယ်မြေ (၄)၊ ကမ်းပါးမြောင် ချောင်းအနီး၊ စိုက်ခင်းရေလောင်းကန်တွင် ယနေ့ ဇွန်လ ၁၂ ရက်၊ ညနေပိုင်းက အသက် ၈ နှစ်အရွယ် ကလေးငယ် ၂ ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

“လောလောဆယ်တော့ ရပ်ကွက် (၃) ကလို့ သိရတယ်။ တစ်အိမ်ထဲကပဲ။ မြေးရယ်၊ သားရယ်လို့ပြောတယ်။ ၂ ယောက်လုံး ယောက်ျားလေးတွေပါပဲ” ဟု အောင်ပန်းမြို့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစိုးနိုင်က ကမ္ဘောဇတိုင်း သို့ ပြောသည်။

.

ရေနစ်သေဆုံးခဲ့သော ကလေး ဦး မှာ အောင်ပန်းမြို့ ၊အမှတ်(၃)ရပ်ကွက်၊ နယ်မြေ(၉)နေထိုင်သူများ ဖြစ်ပြီး တစ်အိမ်တည်းနေသူများ ဖြစ်ကြောင်း သိရသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ အောင်ပန်းနယ်မြေရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်း  မရခဲ့ချေ။

.

Journal Download

Photo of three cats