တစ်မျိုးသင်ပြီး အကုန်တတ်၊ ဟီးရိုး မှတ်သူတွေ - Kanbawza Tai News

Breaking

Boxed(True/False)

Monday, June 22, 2020

တစ်မျိုးသင်ပြီး အကုန်တတ်၊ ဟီးရိုး မှတ်သူတွေ

ဇန်
.
သဘာဝလောကကြီး၏  သဘောတရားအရ နှံပြီစုတ်ငှက်က လေးသည် နှံပြီစုတ်ငှက် အသိုင်းအဝိုင်းတွင် နေထိုင်ရှင်သန် ကြီး ပြင်းပြီး နှံပြီစုတ် ငှက်မကလေးနှင့် ငြိစွန်းကာ နှံပြီစုတ် ငှက်က လေးများကိုသာ မျိုးဆက် ပြန့်ပွားစေခဲ့သည်။
.
လယ်ကြွက်မကြီးသည် သူ၏ ချစ်လှစွာသော ကြွက်သမီး ငယ်လေးအတွက် သားမက် ရှာသော ပုံပြင်တစ်ပုဒ် ရှိခဲ့ဖူးသလို သီချင်းတစ်ပုဒ်လည်း ရှိခဲ့ဖူးသည်။ ကြွက်မကြီးသည် ရိုးရိုးကျင့် မြင့်မြင့်ကြံတတ်ပြီး ဖောက်ထွက်တွေးခေါ် ကြံစည် လုပ်ဆောင် တတ်သည့် စွန့်ဦး တီထွင်သူမျိုး ဖြစ်လေရာ သူ၏ ကြွက်သမီး လေးကို ဤလောက ကမ္ဘာမြေပေါ်တွင် အင်အား အကြီးမားဆုံး၊ တန်ခိုး အကြီးမားဆုံးသူနှင့်သာ ထိုက်တန်သည်ဟု အထင်ရှိပြီး ထိုပုဂ္ဂိုလ် သားမက်မျိုးကို ရှာလေရာ ကမ္ဘာလောကကို အလင်း စွမ်းအားပေးနိုင်သည့် နေနတ်သားကို တွေ့ပြီး နေနတ်သားအား ၎င်း၏ သမီးကြွက်မလေးနှင့် လက်ထပ် ထိမ်းမြားရန် အရေးဆို လေရာ နေနတ်သားက မိမိထက် မိုးနတ်သားသည် အင်အားကြီး မားကြောင်း မိုးနတ်သားသည် မိမိ၏ အလင်းနှင့်အပူ စွမ်းအား များကို မိုးတိမ်များဖြင့် မိုးစက် မိုးပွင့်များဖြင့် အမြဲပင် ဖုံးအုပ် လွမ်းမိုးကာ အနိုင်ယူလေ့ ရှိပါကြောင်း ထို့ကြောင့် မိမိထက် အင်အားကြီးမားသော မိုးနတ်သားနှင့်သာ သင်၏ သမီးငယ်နှင့် ပေးစား သင့်ပါကြောင်း ညွှန်းဆိုပြီး မိုးနတ်သားထံသို့ လယ် ကြွက်မကြီးကို စေလွှတ် လိုက်လေသည်။ အတိုချုပ် ဆိုရလျှင် မိုးနတ်မင်းက လေတိုက်လျှင် လွင့်ပြယ်ရသောကြောင့် လေနတ် သားထံ လွှတ်ပြန်သည်။ လေနတ်သားက တောင်စောင့်နတ်မင်း ၏ တောင်ကို ရွေ့လျားအောင် မတိုက်ခတ် မပြိုလဲနိုင်သဖြင့် တောင်စောင့်နတ်ထံ ညွှန်ပြန်သည်။ တောင်စောင့်နတ်က ငါ့ တောင်အား ဗလကြီးမားသော နွားသိုးကြီးသည် ငါ့၏တောင် ကို ဦးချိုသွေးရင်း လာလာဖြိုပျက်နေသောကြောင့် ယင်းကို ကြောက်လန့်နေရကြောင်း၊ ထို့ကြောင့် မိမိထက် အင်အားကြီး မားသည့် ကိုရွှေနွားသိုးနှင့်သာ လက်ထက်ပါဟု ဆိုလေသည်။ ကိုရွှေနွားသိုးကလည်း ငါသည် မည်မျှပင် အင်အားကြီးမားစေ ကာမူ နားဖားကြိုးကို မလွန်ဆန်နိုင်သောကြောင့် နားဖားကြိုး နှင့်သာ သင့်တော်သည်ဟု ဆိုပြန်သည်။ နားဖားကြိုးကမူ ၎င်း အား မောင်မောင်ကြွက် ကလေးသည် ညစဉ်လိုလို လာရောက် လိုက်ဖြတ် နေသောကြောင့် မောင်မောင်ကြွက်ကို ကြောက်နေရ ပါကြောင်း၊ ထို့ကြောင့် မောင်မောင်ကြွက်နှင့်သာ သင်၏ ကြွက် မင်းသမီးလေးသည် အသင့်တော် အလျှော်ကန်ဆုံးဖြစ်ပါကြောင်း ပြောလေသည်ဖြစ်ရာ နောက်ဆုံးတွင် အန်တီ ဒေါ်လယ်ကြွက်မ ကြီး၏ ကြွက်မင်းသမီးတော်လေးနှင့် မောင်မောင်ရွှေ ကြွက်က လေးတို့သာ ရွှေလမ်းငွေလမ်းဖောက် နှစ်ဖြာဂဟေဆက်လျက် ကာ နေနှင့် လ ရွှေနှင့်မြ ကြရသည့်ဖြင့်  ပုံပြင်ကလေး အဆုံးသတ် သွားပါသည်။
.
ရှေးသရောအခါ ဆင်းရဲ နွမ်းပါးသော လင်မယား နှစ်ဦးတွင် သားငယ်ကလေး တစ်ဦး ဖွားမြင်ခဲ့သည်။ ဆင်းရဲနွမ်းပါးသဖြင့် သားကလေးကို ပညာ မသင်ပေးနိုင်သည်ဖြစ်ရာ အတတ်ပညာ၊ အသိပညာ၊ အတွေးအခေါ်၊ အယူအဆ၊ ဗဟုသုတတို့ ခေါင်းပါး ငတ်မွတ်သော ပတ်ဝန်းကျင်တွင် နေထိုင် ကြီးပြင်းစေခဲ့ရပြီး ၎င်းတို့ ကိုယ်တိုင်လည်း ပညာမဲ့ခဲ့သည်ဖြစ်ရာ အတိတ်၊ပစ္စုပ္ပန်၊ အနာဂတ်တို့တွင် ဘာလုပ်သင့်သည်၊ ဘယ်လိုနေထိုင် ပြုမှုကျင့် ကြံသင့်သည်၊ ဘာလုပ်လျှင် ဘာဖြစ်တတ်သည်၊ ဘာဖြစ်နိုင် သည်၊ ဘာဖြစ်သွားမည် စသည်ဖြင့် တွေးခေါ် မြော်မြင်နိုင်သော အသိဉာဏ်ပညာ ဗဟုသုတ အကြားအမြင် မရှိလေရာ မတရား မှုများ ပြုလုပ်မိလေသည်။ တားမြစ်ထားသော ဥပဒေများကို ဖောက်ဖျက်မိလေသည်။ လောကတွင် စောင့်ထိန်းရမည့် ကျင့် ဝတ်များကို ချိုးဖောက်မိလေသည် ဖြစ်ရာ တစ်စတစ်စနှင့် ဘုရင် မင်းမြတ်၏ ရွှေနားတော်သို့ ပေါက်ကြားကာ မရမက ရှာဖွေဖမ်း ဆီးပြီး ဖမ်းချုပ်ကာ တောင်စွယ် နေကွယ်ချိန်တွင် သုသာန်ထုတ် ဓားခုတ်သတ်စေ အမိန့်တော် ချမှတ်ပြီး နောက်ဆုံး ဆန္ဒလိုရာ ဆုတစ်ခု တောင်းစေရာ မိခင်နှင့်သာ တွေ့ဆုံလိုကြောင်း တောင့် တ အရေးဆိုလေသည်ဖြစ်ရာ ရှင်ဘုရင်ကလည်း မိခင်ကို ရှာဖွေ ပြီး တွေ့ဆုံခွင့် ပြုခဲ့လေသည်။ ယင်း ခိုးသူသည် မိခင်နှင့်တွေ့ ဆုံသောအခါ ကြိုးများနှင့် တုပ်နှောင်ထားသည် ဖြစ်၍ အနား သို့ လာရောက်ကာ မှာကြားစရာ ရှိသည့် စကားများကို နား ထောင်ပေးပါရန် ခေါ်ယူလေသည်။ မိခင်ဖြစ်သူ အနားသို့ ရောက် သောအခါ မိခင်၏ နားရွက်အား သွားနှင့် အားကုန် ကိုက်ဖြတ် ကာ ဒဏ်ရာ အနာတရ ဖြစ်စေခဲ့လေသည်။ ထို့နောက် ယခုတွင် မိမိသည် ဤသို့ ဘဝဆိုး ဒုက္ခဆိုး ဘေးအန္တရာယ်ဆိုးများ ကြုံ တွေ့ ရင်ဆိုင်ရခြင်းမှာ မိခင်ဖခင်တို့၏ ညံ့ဖျင်းမှုကြောင့် ဖြစ် ကြောင်း ငယ်စဉ်က အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် အကြားအမြင်များ မသင်ကြား ပေးခဲ့ခြင်းကြောင့် ဖြစ်ကြောင်း အပြစ် ဆိုခဲ့လေသည်။
.


.
ကျွန်ုပ်တို့သည်  နှံပြီစုတ်  ငှက်ကလေးများထံမှာ  သိမ်းငှက် နှင့်  စွန်ရဲများ၊  သာလိကာနှင့် ကြက်တူရွေးများ၊ ကြက်နှင့် ဘဲများ၊ ဝက်နှင့် ခွေးများ၊ ဆင်နှင့် ဆိတ်များ၊ ကြောင်နှင့် ကြွက်များ မွေး ဖွားလာဖို့ မျှော်လင့်ချက်များ မထားရှိသင့်ပေ။ ယင်း ပြဿနာ သည် အလွန် ကျယ်ပြန့်သွားသည် ဆိုပါက ခွေး၊ ဝက် မျိုးနွယ် ထဲမှာပင် တယ်ရီယာလေး မွေးထားပြီး ယင်း၏ မျိုးဆက်ကို အယ်ဇေးရှင်းနှင့် အင်းခွေးများ မွေးဖွားလာဖို့ပင် မမျှော်လင့်နိုင် ကြပေ။ သို့သော် အမျိုးအစားတူ၊ အမျိုးအနွယ် တူသော်ငြား လည်း အရောင်အသွေး၊ အမူအကျင့် မတူတမူ ထူးခြားသည့် မျိုးဆက်သစ်များကိုတော့ မျှော်လင့်နိုင်ကြပါသည်။
.

ကျွန်ုပ်တို့သည် ကြွက်ကလေး မွေးဖွားထားပြီးမှ အရာရာနှင့် တန်းတူညီမျှကြောင်း၊ သင့်တင့် လျောက်ပတ်ကြောင်း၊ သင့်တော် မျှတကြောင်း၊ တတ်သိ နားလည်ကြောင်း ထင်မြင်ယူဆချက် မျိုး ကိုလည်း မထားရှိနိုင်ကြသင့်ပေ။ လယ်သမားကြီးသည် ငါးဖမ်း တော်ကြောင်း၊ တံငါသည်သည် စက်ချုပ် ကျွမ်းကျင်ကြောင်း၊ လေယာဉ်မှူးသည် ပန်းချီဆွဲတော်ကြောင်း၊ ပန်းချီပညာရှင်သည် သီချင်း ဆိုကောင်းကြောင်း၊ အဆိုတော်သည် သရုပ်ဆောင် ကောင်းကြောင်း၊ သရုပ်ဆောင်သည် စာရေး ကောင်းကြောင်း၊ ဆရာဝန်သည် စာရေးခြင်း၊ သီချင်းဆိုခြင်း၊ ပန်းချီဆွဲခြင်း၊ သီချင်း ရေးခြင်း၊ သရုပ်ဆောင်ခြင်း အားလုံးတွင် ထူးချွန်ကြောင်း၊ လက် သမားသည် ပန်းရံလုပ်ငန်းလည်း ကျွမ်းကျင်ကြောင်း၊ ပန်းရံဆရာ သည် ပန်းထိမ်လည်း လုပ်တတ်ကြောင်း၊ ပန်းထိမ်ဆရာသည် စာရင်းအင်း ကျွမ်းကျင်အဆင့်ဖြစ်ကြောင်း၊ စာရင်းအင်း ပညာ ရှင်သည် ရထားလည်း မောင်းတတ်ကြောင်း၊ အင်ဂျင်နီယာသည် စီးပွားရေးတွင် တော်ကြောင်း၊ စီးပွားရေးပညာရှင်သည် ဥပဒေ များကို နှံ့စပ် ကျွမ်းကျင်ကြောင်း၊ ဥပဒေပညာရှင်များသည် ဈေး ရောင်းတော်ကြောင်း၊ ဆရာဝန်၊ အင်ဂျင်နီယာနှင့် စစ်သားများ သည် ဥပဒေများကို နှံ့စပ်စွာ သိမြင်တတ်ကြပြီး ဥပဒေများကိုပင် ပြုနိုင်၊ မြင်နိုင်၊ ပြောင်းနိုင်၊ ရေးဆွဲ ပြဋ္ဌာန်းနိုင်ကြောင်း၊ စစ်တက္က သိုလ် တစ်ခုခုမှ ကျောင်းပြီးသူဖြစ်လျှင် အရာရာကို တတ်သိ နား လည် ကျွမ်းကျင်ပြီး လုပ်ငန်းစုံ၊ ပညာစုံ၊ ဌာနစုံနှင့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး စသည်ဖြင့် အစစ အရာရာတို့တွင် သူတလူတို့ထက် သက်ဆိုင်ရာ ဘာသာ ရပ်နှင့် လုပ်ငန်းပိုင်ဆိုင်ရာ ပညာရှင်များထက် တော်၊ တတ်၊ ထက် မြက်၊ ပိုမို တတ်သိ နားလည်ကြောင်း မယူဆနိုင်မခန့်အပ်နိုင် တာဝန်မ ပေးနိုင်ကြပေ။
.
သေနတ်ပစ်သင်ထားလျှင် ဆေးကုတတ်သည်လား၊ ဗုံးခွဲ သင်ထားလျှင် စီးပွားရေး လုပ်တတ်သည်လား၊ လက်ပစ်ဗုံး ပစ် နည်း သင်ထားလျှင် လမ်းတံတား အဆောက်အဦများ ဆောက် တတ်သည်လား။ မိုင်းထောင်နည်း သင်ထားလျှင် လယ်ယာစိုက် ပျိုးတတ်သည်လား၊ အမြောက်ပစ်နည်း သင်ထားလျှင် ဥပဒေ များကို ပြုပြင်ပြောင်းလဲ ရေးဆွဲပြဌာန်းတတ် ကြသည်လား၊ ဝါးခုတ်နည်း သင်ထားလျှင် စေတီပုထိုး ဘုရားများတွင် ဂေါပက လုပ်တတ်သည်လား၊ ကရာတေး၊ ဂျူဒို သင်ထားလျှင် စာသင် ကြားရေး၊ ပညာရေးစနစ် ရေးဆွဲ ပြဌာန်းရေးများ တတ်ကျွမ်း သွားသည်လား၊ ဆေးကျောင်းတက်လျှင် သီချင်းဆိုတတ်သည် လား၊ စာရေးတတ်သည်လား၊ သရုပ်ဆောင် တတ်သွားသည်လား၊ သီချင်းလည်း ရေးတတ်သွားသည်လား၊ ဥပဒေပြုရေး လွှတ်တော် အမတ်ကြီးများလည်း ဆေးကျောင်းနှင့် စစ်တက္ကသိုလ်များက   မွေးထုတ် ပေးနိုင်သည်လား။
.
အဆိုတော် ထူးအိမ်သင် ခဏ ငှားပြောရရင် နည်းနည်းလေး တော့ လွဲနေပြီဖြစ်သည်။ လွဲလွဲလေးလည်း ကောင်းပါတယ်ဟုဆို ကာ ဆက်သွားကြရဦးမည်ဖြစ်သည်။ ကျုပ်တို့သည် ပတ်ဝန်းကျင် ဆိုးဆိုးတွင် လူကောင်းတွေ ကို မျှော်လင့်ခဲ့ကြသည်လား။ အစိုးရ ဆိုးဆိုးများ အောက်တွင် နိုင်ငံသားကောင်းများကို တောင့်တခဲ့ ကြသည်လား။ လူတို့သည်မှာကား အတုမြင် အတတ်သင်ပင်ဖြစ် လေရာ ပြည်သူဆိုးဆိုးအချို့ရှိခဲ့လျှင် အစိုးရဆိုးဆိုး ပေါ် လာမည် ဖြစ်ပြီး အစိုးရ ဆိုးဆိုးအဖြစ်သာ ကျင့်ကြံခဲ့လျှင် နိုင်ငံသား ဆိုး ဆိုးများကိုသာ ရရှိမည် ဖြစ်သည်။
လူတို့သည်မှာကား အတုမြင် အတတ်သင်ပင်ဖြစ် လေရာ ပြည်သူဆိုးဆိုးအချို့ရှိခဲ့လျှင် အစိုးရဆိုးဆိုး ပေါ် လာမည် ဖြစ်ပြီး အစိုးရ ဆိုးဆိုးအဖြစ်သာ ကျင့်ကြံခဲ့လျှင် နိုင်ငံသား ဆိုး ဆိုးများကိုသာ ရရှိမည် ဖြစ်သည်။
.
ကျားကို မွေးထားပြီး အားကို မမျှော်လင့် နိုင်ပေ။ မီးကို မွေး ထားပြီး ထီးကို မမျှော်လင့်နိုင်ပေ။ ဘူးပင် စိုက်ထားပြီး မုန်လာဥ နှင့် သရက်သီး၊ ခဝဲညွန့်နှင့် စံပယ်များ ပန်းဖြူများကို မမျှော်လင့် ထား သင့်ကြပေ။ အမှန်တကယ်က ချစ်တတ်ကြသည်၊ မြတ်နိုး တတ်ကြသည်၊ တန်ဖိုးထား တတ်ကြသည်၊ သစ္စာရှိကြသည်၊ ကတိ တည်ကြည်ကြသည်၊ ဂုဏ်သိက္ခာ ရှိကြသည်၊ လူသားဆန် ကြသည်၊ နိုင်ငံကြီးသား ပီသကြသည်ဆိုလျှင် မိမိတတ်ကျွမ်းရာ၊ ပိုင်ဆိုင်ရာ၊ ပညာရှင်ဆန်ဆန် ပြုလုပ်ဖန်တီးနိုင်ရာ၊ တီထွင်ကြံဆ တွေးတော မြော်မြင်နိုင်ရာ ရပ်ဝန်းကိုသာ ပညာရှင်ပီသစွာ၊ ပညာ သည်ပီသစွာ၊ ပရိုဆန်ဆန် တာဝန်ယူမှု တာဝန်ခံမှုများဖြင့်တာဝန် ဝတ္တရားကျေပွန်အောင် ထမ်းဆောင်သင့်ကြပြီး နိုင်ငံတော်ကို တ ကယ်ချစ်လျှင် ဘဲငန်းကဲသို့ လမ်းလည်း နည်းနည်းလျှောက်၊ ရေ လည်း နည်းနည်းကူး၊ လေမှာလည်း နည်းနည်း ပျံစသည်ဖြင့် ဟို စပ်စပ် သည်စပ်စပ်နှင့် နေရာတကာ ဝင်ပြီး တတ်ချင်ယောင် မ ဆောင်သင့်ပါကြောင်း အသိပေး ဆွေးနွေး တင်ပြအပ်ပါသည်ခင်ဗျား။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)