ပညာရေးအတွက် ပညာပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပညာရေးအတွက် ပညာပေး


ဇန်
.
လူတို့သည် ဘာအတွက် ပညာသင်ကြား ကြပါသလဲဆို သည့် မေးခွန်းကလေးသည် လွယ်မယောင်နှင့် ခက်ပေလိမ့်မည်၊ တိမ်မယောင်နှင့် နက်ပေလိမ့်မည်။ အလွယ်ကလေးပင် ဖြေ လိုက်လျှင်လည်း ရပေသည်ပေါ့ ပညာတွေ တတ်ချင်လို့ပါ။
.
ပညာတွေ တတ်ရင် ဘာလုပ်ကြမလဲပေါ့၊ ဘာအတွက် တတ်ချင်ကြတာလဲ၊ ပညာတွေကို သင်ကြားပြီးရင် အသုံးပြုဖို့ လား၊ တတ်ပြီးရင် ပြီးပြီလား၊ ကိုယ့်အတွက် အသုံးပြုကြမှာလား၊ အများအတွက် အသုံးပြုကြမှာလား စသည်ဖြင့်   မေးခွန်းတွေ များစွာများစွာ ထပ်မံ ပေါ်ထွက်လာတော့မှာပဲ ဖြစ်ပါတယ်။
.
ဟုတ်ပြီ။ ပညာဆိုတာကရော ဘာလဲ၊ ဘယ်ပညာကို သင် ချင်တာလဲ၊ ပညာ ဆိုတာကရော ကိုယ်သင်ချင်တာကို ရွေးချယ် သင်ကြားခွင့် ရှိသလား၊ သင်ကြားပေးသူက သင်ပေးသလောက် ကိုသာ၊ သူတတ်သည့် ပညာကိုသာ၊ ပြဋ္ဌာန်းထားသည့်  သင်ရိုး များကိုသာ သင်ကြားရတာမျိုးလားဆိုတဲ့ မေးခွန်းတွေကိုရော ဖြေရှင်းနိုင်ကြပြီလားဆိုတာ စဉ်းစားဆင်ခြင်စရာ ဖြစ်ပါတယ်။
.
အစကို ပြန်ကောက်ရရင် ပညာ သင်ကြားကြတယ် ဆိုတာ အဓိကအားဖြင့် လူတွေ အကြောင်း၊ လောကကြီး အကြောင်း၊ သက်ရှိသက်မဲ့ ဒြပ်ရှိ ဒြပ်မဲ့တွေ အကြောင်း၊ နိယာမတွေအ ကြောင်း၊ သိအိုရီတွေ အကြောင်း၊ လူ လောကကြီးမှာ ဖြစ်ပျက် ခဲ့ပြီးတဲ့ ကောင်းခြင်းဆိုးခြင်း သဘောတရားတွေကို အလွယ်တ ကူ ထပ်မံပြီး မမှားအောင်၊ ဆင်ခြင်နိုင်အောင်၊ အတုယူ သိကြား နားလည်နိုင်အောင်၊ ဘဝမှာ ကြုံတွေ့ ရင်ဆိုင်ရမယ့်ကိစ္စ ကြီး ငယ်များနဲ့ ပြဿနာတွေကို ရင်ဆိုင် ဖြေရှင်းနိုင်အောင်၊ မိမိအ ကျိုးစီးပွား သို့မဟုတ် အများ အကျိုးစီးပွား တွေကို ဖော်ဆောင် နိုင်အောင် ဆိုပြီး ပညာတွေ  သင်ကြား သင်ယူကြတာလို့ပဲ  ဆို ရမှာ ဖြစ်ပါတယ်။
.
ပညာလို့ အလွယ်တကူ ခေါ်ဆို သတ်မှတ်ပြီး သင်ကြားနေ ကြရတဲ့ သင်္ကေတများ၊ အက္ခရာများ၊ အမှတ်အသားများ၊ နုတ် များ၊ ဗျည်းများ၊ သရများဟာ ပညာ မဟုတ်သေးပါဘူး။ ဒါတွေ ဟာ လူအများစု အသုံးပြုနားလည်တဲ့ အမှတ်အသားတွေဖြစ် ပြီး လူတွေရဲ့ တွေ့ရှိသမျှ၊ သိကြားသမျှ၊ ဖန်တီးတီထွင် သမျှ၊ အကြားအမြင်၊ ဗဟုသုတ၊ အတတ်ပညာ၊ အသိပညာ၊ အတွေး အခေါ်၊ အယူအဆတွေကို အများဆုံး မှတ်တမ်းတင်နိုင်တာမို့ ပညာတတ်ချင်ရင်၊ ပညာသင်ယူချင်ရင် အများသိတဲ့ အများ သုံးပြုတဲ့ ဘာသာစကားနဲ့ စာပေတွေကို လေ့လာ၊ သင်ယူ၊ မှတ်သား၊ အသုံးပြု၊ ဝေဖန်၊ ဆန်းစစ်၊ သရုပ်ခွဲ၊ ငြင်းခုန်၊ ဆွေး နွေး၊ မေးမြန်း၊ သက်သေပြ၊ စာရင်းပြုစု၊ သုတေသနလုပ်၊ အ သစ်သစ်သော ကိစ္စကြီးငယ်တွေ ပြဿနာတွေကို ဖြေရှင်း ဆောင်ရွက်ပြီး ကိုယ်တိုင်လည်း တဖန်ပြန်လည် မှတ်တမ်းတင် ထားနိုင်အောင် စတင် သင်ကြားကြရတဲ့ အခြေခံပညာရေး တစ် ခုသာ ဖြစ်ပါတယ်။
.


.
ဥပမာ “ မီး ”ဆိုတဲ့ အရာသည် စာနဲ့ ဘယ်လို မှတ်သားထား တယ်။ ရုပ်ပုံ သင်္ကေတနဲ့ ဘယ်လို အမှတ်အသားပြုထားတယ်။ အသံအားဖြင့် ဘယ်လို ထွက်ဆိုရတယ်လို့ သင်ကြားရတာ သည် အခြေခံပညာရေး ဖြစ်ပါတယ်။ မီးကို လူသားတွေ ဘယ် နှစ်ရာစုက စတင်တွေ့ရှိခဲ့တယ်။ မီးကို မာကျောတဲ့အရာဝတ္ထု တွေ အချင်းချင်းပွတ်တိုက်ခြင်း၊ ကြိတ်ချေခြင်း တွေကနေရ နိုင်တယ်၊ မီးကို ဘယ်အရာတွေက ကြာရှည်ခံအောင် ထိန်း သိမ်း ထွန်းညှိထားနိုင်တယ်။ မီးကို ဘယ်အရာတွေက သုတ် သင် ရှင်းလင်း ပတ်သက်နိုင်တယ်။ မီးကို ဘယ်အရာတွေက သို့မဟုတ် အောက်ဆီဂျင်က၊ ဓာတ်ဆီက၊ ရေနံက၊ သဘာဝ ဓာတ်ငွေ့က၊ အားအင် ပြင်းထန်စေတယ် ကြီးထွားစေတယ် ဆို တာတွေသည် အသိပညာ ဗဟုသုတတွေ ဖြစ်လာစေမှာဖြစ်ပါ တယ်။ မီးကို ထမင်းဟင်းချက်ပြုတ်တဲ့နေရာတွေ၊ ဝရိန်တို့တဲ့ နေရာတွေ၊ အပူပေးတဲ့ နေရာတွေ၊ အလင်းရောင်အဖြစ် အ သုံးပြုတဲ့ နေရာတွေအဖြစ် ပြုလုပ်ဖန်တီး သုံးစွဲကြတာကတော့ ကျွမ်းကျင်မှု အတတ်ပညာပိုင်း ဖြစ်လာပါတယ်။ မီးကိုအခြား သော  နည်းပညာတွေနဲ့  အပူစွမ်းအင်၊ အလင်း စွမ်းအင်တွေ အ ဖြစ် ထုတ်နုတ်ပြီး အသုံးပြုဖို့ တွေးဆကြံစည် တတ်လာရင်တော့ သိပ္ပံပညာရှင် သို့မဟုတ် စွန့်ဦးတီထွင် သို့မဟုတ် မီးပညာရှင် အဆင့်တွေလို ရောက်လာမှာ ဖြစ်ပါတယ်။ သာမန်အားဖြင့် တော့ မီးကို ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘယ်လို နိုင်နင်းစွာ အသုံးပြုမယ်၊ မီးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ပြဿနာတွေ ကြုံဆုံ ရတဲ့အခါ အလွယ်တကူ ဘယ်လို ဖြေရှင်း ရင်ဆိုင်ကြရမယ်ဆို တာတွေကို သိနားလည်ထားပြီး လက်တွေ့ အသုံးပြုဖို့ တတ် မြောက်ထားတယ် ဆိုရင်တော့ မီးနဲ့ ပတ်သက်ပြီး သင်ကြားခဲ့ ရကျိုး နပ်ပြီလို့ ဆိုရမှာဖြစ်ပြီး လက်တွေ့အသုံးချပညာ တတ် မြောက်ခဲ့ပြီးလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
.

သို့သော် အချို့သော ကိစ္စများသည် မီးကဲ့သို့ ဂဃဏန ရေးသား မှတ်တမ်းပြု ပြဋ္ဌာန်းထားပြီး သင်ရိုးညွှန်းတမ်း တစ်ခု အဖြစ် သင်ကြား ပြသ လက်ဆင့်ကမ်း ပေးရုံံမျှနဲ့ သင်ယူသူမှာ လက်တွေ့ဘဝတွင် ကိုယ်တိုင် လိုက်နာကျင့်သုံး နိုင်တာတွေ ရှိသလို စာနဲ့ သင်ကြားပြသ လက်ဆင့်ကမ်းပေးမယ့် လက် တွေ့ဘဝမှာ ကိုယ်တိုင် အသုံးမချနိုင်တဲ့ ပညာရပ်တွေလည်း များစွာ ရှိနေကြတာပဲ ဖြစ်ပါတယ်။ ဥပမာဆိုရလျှင် ကလေးတစ် ဦးကို လမ်းလျှောက်တတ်ဖို့ စာနဲ့ ပေနဲ့ ဘာသာစကားနဲ့ သင် ကြား ပြသပေးရုံမျှနှင့်တော့ မလုံလောက်နိုင်သလို စာပေ စ ကား ဖတ်ရှု နားထောင်ပြီး လမ်းလျှောက် တတ်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ယင်းသို့ပင် ပြေးတာ၊ စက်ဘီးနင်းတာ၊ ကား မောင်းတာ၊ စွန်လွှတ်တာ၊ အားကစားနည်း များစွာ သင်ယူတာ၊ အထူးဆိုရလျှင် ကိုယ်ခန္ဓာကို အသုံးပြုရတဲ့ ပညာရပ်တွေနဲ့ ဦးနှောက် အတွေးအခေါ်၊ အယူအဆတို့ကို အသုံးပြု ဖြေရှင်း ရတဲ့ အရာတွေကို စာပေနဲ့ ဘာသာစကားနဲ့ သင်ကြားရုံနဲ့ မလုံ လောက်တဲ့အတွက် လက်တွေ့ သင်ကြားကြရမှာပဲဖြစ်ပါတယ်။ စာထဲကအတိုင်း သိနားလည်ထားရုံမျှနဲ့ ပြင်ပလက်တွေ့ ဘဝ မှာ အသုံးချနိုင်ဖို့ မလွယ်ကူပါဘူး။ ယင်း ကိစ္စများဟာ ကိုယ် ခန္ဓာကို ချိန်သားကိုက် ထိန်းချုပ်ညှိနှိုင်း ကိုင်တွယ်နိုင်မှုနဲ့အတူ အလိုအလျှောက် တုံ့ပြန် ပြန်ကြားရေး စနစ်များနဲ့ အပြန်အလှန် ဆက်သွယ် ဆောင် ရွက်နေတဲ့ ဦးနှောက်နဲ့ ကိုယ်ခန္ဓာကြားက ချိန်သားကိုက် သဟဇာတ ဖြစ်မှု၊ ပြင်ဆင် ဆောင်ရွက်နိုင်မှု၊ ပြု လွယ် ပြင်လွယ် ပြောင်းလွယ်နိုင်မှု၊ ဆုံးဖြတ်ချက်များ ချမှတ် ဆောင်ရွက်ရခြင်းတွေကြောင့် လက်တွေ့မဆောင်ရွက်တဲ့ မ တတ်မြောက်နိုင်တဲ့ ပညာတွေများစွာထဲက အနည်းငယ်မျှသာ ဖြစ်ပါတယ်။ ဒီနေရာမှာ စက်ဘီးအမြင့်က ဘယ်လောက်၊ အ လျားကဘယ်လောက်၊ ဘီးနှစ်လုံး၊ စမုတ်တိုင် ဘယ်နှချောင်း၊ ဘီး၏ အချင်းက ဘယ်လောက်၊ ချိန်းကြိုးက ဘယ်နှဆစ်၊ စက်သွားစိတ်က ဘယ်နှစိတ်တို့ကြောင့် ခြေနင်းနှစ်ဘက်တွင် ဘယ်ခြေနင်းကို ပထမဦးစွာ စတင်နင်းရမည် ဖြစ်ပြီး မြေပြင် ပေါ်တွင် ကိုးဆယ်ဒီဂရီ ထောင်မတ်ပြီး ရွေ့လျားနိုင်အောင် ခန္ဓာကိုယ်ကို မည်ကဲ့သို့ ကိုယ်နေဟန် အနေအထားဖြင့် တက် ရောက်ပြီး တစ်ဖာလုံလျှင် ခြေနင်းကို ဘယ်နှပတ်လည်အောင် နင်းရမည် စသည်ဖြင့် စာပေနဲ့ စကားနှင့် သင်ကြားနေလျှင် တတ်မြောက်မည် မဟုတ်သလို ပြဿနာကလေးကို ပြဿ နာကြီးဖြစ်အောင် ဖန်တီးခြင်းမျိုးသာဖြစ် သွားပါလိမ့်မည်။ ထို့ကြောင့် စက်ဘီးပေါ် တင်ပြီး လက်တွေ့ နင်းခိုင်းလိုက်ခြင်း ဖြင့် အချိန်ကုန်သက်သာပြီး ရက်ပိုင်းအတွင်းမှာပင် သင်ယူ တတ်မြောက် သွားနိုင်ပေလိမ့်မည်။ ထို့အပြင် လူတစ်ဦးနှင့် တစ် ဦးကြားတွင် မည်သည့် ပြဿနာများ ဖြစ်တတ်ကြောင်း ယင်း ပြဿနာဖြစ်လျှင် မည်ကဲ့သို့ရှင်းပါ စသည်ဖြင့် စာပေနှင့် သင်ကြားနေလျှင် အရာရောက်နိုင်မည် မဟုတ်ပေ။ လူတစ် ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့၊ တစ်ဘက်နှင့် တစ်ဘက်၊ တစ် နိုင်ငံနှင့် တစ်နိုင်ငံကြားတွင် နေ့စဉ် ဖြစ်ပွားမည့် ပြဿနာများမှာ တူညီနိုင်မည် မဟုတ်ဘဲ အမြဲတမ်းကွဲလွဲ နေမည်သာဖြစ်သော ကြောင့်ပင် ဖြစ်သည်။ ယင်းသို့သော ပြဿနာများကိုရင်ဆိုင် ဖြေ ရှင်းနိုင်ရန်မှာစာပေများများ၊ သူတစ်ပါးတို့၏ ပြဿနာများ များ၊ အသိပညာများများ၊ အကြား၊ အမြင်၊ ဗဟုသုတများများ၊ အတွေးအခေါ် အယူအဆများများတို့နှင့် တိုက်ဆိုင် စစ်ဆေး ခြင်း၊ ချိန်ဆညှိနှိုင်းခြင်း၊ တူသည့် ကိစ္စများကို စုစည်း ထုတ်ယူ နိုင်ခြင်း၊ လက်တွေ့ ပြောဆို ပြုလုပ်ဖြေရှင်းခြင်း တို့ဖြင့်သာ ပြ ဿနာကပင် ပညာများ သင်ပေးပြီး၊ ပြဿနာကပင် အဖြေရှာ နည်းနှင့် အဖြေမှန်များကို ထုတ်နုတ်ပေးနိုင်မည် ဖြစ်သော ကြောင့် စာပေများဖြင့် ဘာသာစကားများဖြင့် သင်ရိုးညွှန်းတမ်း ပြဋ္ဌာန်းပြီး သင်ကြားစေကာ ပုံသေနည်းထုတ်၊ အလွတ်ကျက်၊ ပြန်ဖြေနည်းများဖြင့် သင်ကြားပေးနိုင်မည် မဟုတ်ပေ။
.
ပြဿနာများကိုရင်ဆိုင် ဖြေ ရှင်းနိုင်ရန်မှာစာပေများများ၊ သူတစ်ပါးတို့၏ ပြဿနာများ များ၊ အသိပညာများများ၊ အကြား၊ အမြင်၊ ဗဟုသုတများများ၊ အတွေးအခေါ် အယူအဆများများတို့နှင့် တိုက်ဆိုင် စစ်ဆေး ခြင်း၊ ချိန်ဆညှိနှိုင်းခြင်း၊ တူသည့် ကိစ္စများကို စုစည်း ထုတ်ယူ နိုင်ခြင်း၊ လက်တွေ့ ပြောဆို ပြုလုပ်ဖြေရှင်းခြင်း တို့ဖြင့်သာ ပြ ဿနာကပင် ပညာများ သင်ပေးပြီး၊ ပြဿနာကပင် အဖြေရှာ နည်းနှင့် အဖြေမှန်များကို ထုတ်နုတ်ပေးနိုင်မည် ဖြစ်သော ကြောင့် စာပေများဖြင့် ဘာသာစကားများဖြင့် သင်ရိုးညွှန်းတမ်း ပြဋ္ဌာန်းပြီး သင်ကြားစေကာ ပုံသေနည်းထုတ်၊ အလွတ်ကျက်၊ ပြန်ဖြေနည်းများဖြင့် သင်ကြားပေးနိုင်မည် မဟုတ်ပေ။
.
ယင်းသို့ပင် ပညာသင်ယူသူများ အရွယ်ရောက် ကြီးပြင်း လာလျှင် နေ့စဉ်ဘဝတို့တွင် ကြုံတွေ့ရင်ဆိုင် ဖြေရှင်းကြရမည့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာ သာရေး၊ လူမျိုးရေး၊ အိမ်ထောင်ရေး စသည်တို့တွင် ဖြစ်လေ့ ဖြစ်ထရှိသည့် ကိစ္စကြီးငယ်များ ပြဿနာများကို သင်ရိုးညွှန်း တမ်းများဖြင့် အတည်အတန့် ပြဋ္ဌာန်းရေးဆွဲထားသော သင် ကြားနည်း စနစ်များက အပြည့်အဝ မထောက်ပံ့ မဖြေရှင်းပေး နိုင်ကြောင်းကို အရွယ်ရောက် ဖွံ့ဖြိုးပြီးသည့် ပုဂ္ဂိုလ်များက ဆင် ခြင်တွေးဆသိမြင် ပြုပြင်ကာ လိုအပ်သည့် သင်ကြားရေး နည်း စနစ်များကို ရှာဖွေ ဖြည့်စွက် သင်ကြားပေးနိုင်ကြဖို့ အထူး အ ရေးကြီးမည်သာ ဖြစ်ပေသည်။
.
အချို့သော ပညာရပ်များသည် စာပေနှင့် သင်ရိုးညွှန်း တမ်းနှင့် သင်ကြားပြီး ဖော်မြူလာ ထုတ်၊ ပုံသေနည်း ထုတ်၊ မှတ်စုထုတ်ပြီး လှေနံဓားထစ် သင်ကြား၍၊ ကျက်မှတ်ခိုင်း၍၊ စာမေးပွဲများဖြင့် ပြန်လည်စစ်ဆေးနေ၍ မရနိုင်သော ပညာရပ် များ များပြားစွာ ရှိနေပါကြောင်းကို ပညာရေး စနစ်ကောင်းများ ဖန်တီးပုံဖော် ထုဆစ်သင်ကြား ပေးကြမည့် ပုဂ္ဂိုလ်များ   အထူး သတိထား သင်ကြားပေးကြရန် လိုအပ်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။

Journal Download

Photo of three cats