ရပ်စောက်မြို့မဈေးအတွင်း၌ မီးသတ်သရုပ်ပြ ပြုလုပ် - Kanbawza Tai News

Breaking

Boxed(True/False)

Monday, June 22, 2020

ရပ်စောက်မြို့မဈေးအတွင်း၌ မီးသတ်သရုပ်ပြ ပြုလုပ်

ထမံသီ
.
ရှမ်းပြည်နယ် ရပ်စောက်မြို့မဈေး အတွင်း၌ ဇွန်လ ၂၂ ရက် နံနက် ၉ နာရီခွဲက မြို့နယ်စီမံခန့်ခွဲရေး က္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ က္ကဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် အဖွဲ့၀င်များ၊ မြို့မဈေး အကျိုးတော်ဆောင် အဖွဲ့များ၊ မြို့နယ်မီး သတ်တပ်ဖွဲ့၀င်များနှင့် ဈေးသူဈေးသားတို့မှ မီးသတ်သရုပ်ပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.

မြို့နယ်မီးသတ်အဖွဲ့မှ မီးသတ်ယာဉ်များ၊ မြို့မဈေး အထောက်အကူပြု မီးသတ်စက်များဖြင့် မီးလောင်မှု၊ ငြိမ်းသတ်မှု တို့ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ရပ်စောက် မြို့မဈေးအတွင်း၌ ၂၄ နာရီ အချိန်မရွေး အသုံးပြုနိုင်သည့် ဂါလံ ၉၉၀၀ ဆံ့ ရေသိုလှောင်ကန် လုံး၊ ဈေးအတွင်း အချက်အခြာ ကျသည့် နေရာများ၌ အပေါ့စား မီးသတ်စက် လုံးအလွယ်တကူ ရွှေ့ပြောင်း အသုံးပြုနိုင်သည့် မီးသတ်စက် လုံး စုစုပေါင်း လုံး နှင့် ဈေးရုံများအလိုက် မီးသတ်ဆေးဘူးပေါင်း ၁၂၈ လုံးတို့ကို တပ်ဆင်ထားကြောင်း သိရသည်။
.
ထို့အတူ ဈေးအတွင်း၌ “မီးဘေးရှောင်၊ မလောင်ခင်တားမီး သတိပေး သီချင်းကို တစ်နေ့လျှင် ၂ ကြိမ် ဖွင့်လှစ်ပေးပြီး မီးဘေး ကာကွယ်ရေး စီမံဆောင်ရွက်မှုများကို စီမံချက်ပါအတိုင်း ဆောင်ရွက်လျှက် ရှိကြောင်းလည်း သိရသည်။
.
ရပ်စောက်မြို့နယ် အတွင်း၌ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မေလမှ ယနေ့အထိ တောမီး၊ ပေါ့ဆမီး စုစုပေါင်း ၁၃ ကြိမ် လောင်ကျွမ်းခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့ စာရင်းများအရ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)