ရွာငံမြို့နယ်တွင် ​ငွေကျပ်သိန်း ၁၀၀ ​ကျော် တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းမိ - Kanbawza Tai News

Breaking

Boxed(True/False)

Monday, June 22, 2020

ရွာငံမြို့နယ်တွင် ​ငွေကျပ်သိန်း ၁၀၀ ​ကျော် တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းမိ

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရွာငံမြို့နယ်တွင် ဇွန်လ ၂၁ ရက်က ​ငွေကျပ် သိန်း ၁၀၀ ​ကျော် တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းမိခဲ့ကြောင်း သိရသည်။
.
Photo - CCDAC

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်ဇွန်လ ၂၁ ရက်၊ ​နေ့လယ် ၂ နာရီခန့်တွင် သက်သေများနှင့်အတူ ရွာငံမြို့နယ်၊ ရွာငံ-ကျောက်ဆည် သွား ကားလမ်းတွင် မော်တော်ယာဉ်များအား ရှာဖွေ စစ်ဆေးနေစဉ် ရွာငံဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော ခရီးသည်တင် မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၅)နေ ခရီးသည် ဒေါ်ဝင်းစန္ဒာနှင့် တောင်ကြီးမြို့၊ ကျောင်းကြီးစု ရပ်ကွက်နေ ခရီးသည် သန်းတိုးအောင်တို့ သယ်ဆောင်လာသည့် စက္ကူဂျပ်ဖာ အတွင်းမှ ဘိန်းစိမ်းအလေးချိန် ၁၈ ကီလို (ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၈ သိန်း)အား တွေ့ရှိ၍ သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်​ကြောင်း သိရသည်။
.
အဆိုပါ ဘိန်းစိမ်းများနှင့်အတူ ဖမ်းမိခဲ့သူများအား ရွာငံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များအား ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)