တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Breaking

Tuesday, June 23, 2020

တစ်ပတ်တာ ကံကြမ္မာ

ဆရာ ယဉ်မင်းအောင်
.

၂၀၂၀ ပြည်နှစ်၊ ဇွန်လ ၂၃ ရက်မှ ၂၉ ရက်အထိ ၇ ရက် သား၊ သမီးများအတွက် တစ်ပတ်တာ ကံကြမ္မာများ ဖြစ်ပါသည်။
.


    စိတ်လှုပ်ရှားစရာ သတင်းများ ကြားသိရမည်။ အိမ်တွင် မီးသီးများ ကျွမ်းလိမ့်မည်။ ပြုပြင်ရမည်။ ခက်ခဲ နေသော စီးပွားရေး ပြန်လည်ကောင်းမွန်လာမည်။ မထင်မှတ်သော နေရာမှ ငွေများစွာ ဝင်လာလိမ့်မည်။ မိ သားစုအတွက် အလုပ်များနေမည်။ ဆိုင်ရှိသူများ အဆင့်မြှင့်တင် ပြင်ဆင်တိုးချဲ့ရလိမ့်မည်။ မိတ်ဆွေသစ်များ ကြောင့် စိတ်သက်သာရာ ရလိမ့်မည်။ ကုန်သည်များမှာ အရောင်းအဝယ် ရှုပ်ထွေးနေလိမ့်မည်။ ဖောက်သည် သစ်လည်း ရလိမ့်မည်။ ဝန်ထမ်းများမှာ အထက်လူကြီးကြောင့် စိတ်အနေ ကြပ်လိမ့်မည်။ ပွဲစားများမှာ ဘာ မှ အလုပ်မဖြစ်သဖြင့် စိတ်ညစ်ရမည်။ ငယ်သူများ အချစ်ရေးကိစ္စတွင် ချစ်သူကို သံသယ ဝင်နေမည်။ ကျန်း မာရေးတွင် ဖျားတတ်ပါသည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၄/၆) ဖြစ်သည်။
    ယတြာ။    သံဃာတော်ကို ဖိနပ်လှူပါ။ 



     ကားရှိသူများ အသစ်လဲလှယ်ရလိမ့်မည်။ ပြုပြင်ရလိမ့်မည်။ ခရီးယာယီများလည်း သွားလာရလိမ့်မည်။ ငွေ အခက်အခဲ နည်းနည်းတွေ့မည်။ မိမိမျှော်လင့်ချက်များ ကြန့်ကြာနေမည်။ ကြီးမားသော အကြံအစည်ပေါ် မည်။ ထူးခြားသော ထင်ရှားသော ဘုရားဖူးမျှော်ရမည်။ ကွဲကွာနေသော မိတ်ဆွေ ပြန်လည်ဆုံတွေ့ပါမည်။ ပစ္စည်း အထားမှားလိမ့်မည်။ သတိထားပါ။ ကုန်သည်များမှာ ပစ္စည်း ပြတ်လပ်တတ်ပါသည်။ ဝန်ထမ်းများမှာ အကြံအစည်ကောင်း ပေါ်လိမ့်မည်။ ပွဲစားများ ငွေချေးငှားသုံးရလိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူအ တွက် တစ်စုံတစ်ရာ ဆောင်ရွက်ပေးရလိမ့်မည်။ ကျန်းမာရေးတွင် ယားနာ ဖြစ်လိမ့်မည်။ ကံကောင်းစေသော ဂဏန်းများမှာ (၁/၈/၉) ဖြစ်သည်။
    ယတြာ။    စေတီမှာ နာနတ်သီး လှူပါ။



     ကားတိုက်မည်။ အနည်းငယ် ပွတ်မိတတ်သည်။ သတိထားပါ။ နေအိမ်မှ အရှေ့တောင်ထောင့် အရပ် သို့ ညအိပ်ခရီး မသွားသင့်ပါ။ ဆွေမျိုး အပူတွေ့လိမ့်မည်။ ငွေကြေးကိစ္စများ ဖြေရှင်းပြောဆိုရမည်။ ခရီးဝေး သွားလာရမည်။ လုပ်ငန်းကောင်း တိုးချဲ့ရမည်။ အလုပ်ဝင်မည်။ စက်ပစ္စည်း အဟောင်းအပျက် အိမ်အဝင်မခံ ရသော ကာလဖြစ်သည်။ ကုန်သည်များမှာ ကုန်ပစ္စည်း အရောင်းအဝယ်မှာ ရောင်းကောင်းသော ပစ္စည်းပြတ် လပ်လိမ့်မည်။ ဝန်ထမ်းများ ငွေကြေး အနည်းငယ် ခက်ခဲမည်။ ပွဲစားများ အပေါင်တည့်မည်။ ပွဲခရမည်။ ငယ် သူများ အချစ်ရေးတွင် ချစ်သူထံမှ လက်ဆောင် ရလိမ့်မည်။ ကျန်းမာရေးတွင် လျှာနာမည်။ သွားဖုံးနာမည်။ ကံကောင်းစေသော ဂဏန်းမှာ (၀/၆/၄)ဖြစ်သည်။
    ယတြာ။    စေတီတွင် ကောက်ညှင်းပေါင်းလှူပါ။



     စက်ပစ္စည်းဝင်မည်။ ထီတစ်မျိုးမျိုး ပေါက်မည်။ ပစ္စည်းပျောက်ဆုံးလိမ့်မည်။ အဝေးမှ ဧည့်သည်လာမည်။ ရတနာပစ္စည်းများ အသစ်ဝင်လာမည်။ မမျှော်လင့်သောသူနဲ့ လမ်းတွင် ရုတ်တရက် ဆုံတွေ့လိမ့်မည်။ စီးပွား ရေး အသေးစား အောင်မြင်ပြီး ငွေချောင်လည်လာမည်။ မြေကွက်များ၊ ဝင်ခြင်း၊ အိမ်ပြုပြင်ရခြင်း ကြုံမည်။ အခက်အခဲ နည်းနည်း လွတ်လာပြီ။ ကုန်သည်များမှာ အရောင်းအဝယ် ကောင်းသော်လည်း အကြွေးကျလိမ့် မည်။ သတိပြုပါ။ ဝန်ထမ်းများမှာ အလုပ်များပြားသောကြောင့် ကိုယ်စိတ်နှစ်ပါး ပင်ပန်းလိမ့်မည်။ ပွဲစားများ မှာ အိမ်အပေါင် တည့်လိမ့်မည်။ ငယ်ရွယ်သူများမှာ ချစ်သူနဲ့ ဆုံတွေ့ရမည်။ အဆက်အသွယ် ရမည်။ ကျန်း မာရေးတွင် ခေါင်းကိုက်ခြင်း၊ မူးခြင်းတို့ ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၄/၉)ဖြစ်သည်။
    ယတြာ။    ဘုရားတွင် ပေါက်စီလှူပါ။



     လျှို့ဝှက်ထားသော ကိစ္စများ ပေါက်ကြားလိမ့်မည်။ သတင်းတစ်ခုခုကို စောင့်မျှော်ရင်း စိတ်မောနေလိမ့် မည်။ လုပ်ငန်း ထူထောင်ရန် ပြောင်းလဲရန်များကို ကြံစည်ဆောင်ရွက်လိမ့်မည်။ ကြွေးကိစ္စများ ဖြေရှင်းပြော ဆိုရလိမ့်မည်။ အိမ်တွင်း အငြင်းပွားခြင်း အနည်းငယ် အပူတွေ့ခြင်း ကြုံမည်။ သို့သော်လည်း ကံအရ အဝတ် အစားသစ်များ ဝင်လာမည်။ ကုန်သည်များမှာ ကြွေးဟောင်းများ ရလာမည်။ ဝန်ထမ်းများမှာ အငြင်းပွားစရာ ကြုံပါမည်။ ပွဲစားများမှာ အတိုက်အခံ တွေ့ပါမည်။ အလုပ်နှေးကွေးနေမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူနဲ့ စိတ်ကောက်မည်။ ကျန်းမာရေးကိစ္စများတွင် လေနာခြင်း၊ လေထိုးလေအောင့်ခြင်း ကြုံပါမည်။ ကံ ကောင်းစေသော ဂဏန်းမှာ (၀/၁/၄)ဖြစ်သည်။
    ယတြာ။    ဘုရားတွင် မုန့်လှူပါ။



     ကား ဝင်လာမည်။ ငွေကြေးများများ ရုတ်တရက် ဝင်လာမည်။ ကံကောင်းသောကာလ ဖြစ်သဖြင့် မိသားစုအတွင်း ဝမ်းသာကျေနပ်ရမည်။ စီးပွားရေး တိုးချဲ့လုပ်ဆောင်ရတတ်ပြီး အောင်မြင်မည်။ ခရီးဝေး သွားရမည့်ကာလ ဖြစ်သည်။ မိမိ လိုချင်သော ပစ္စည်းများလည်း ဝင်လာပါမည်။ အိမ်အတွက် နည်းနည်းငွေ ကုန်ပါမည်။ မိတ်ဆွေကောင်း တွေ့ပါမည်။ ကုန်သည်များမှာ အရောင်းအား တိုးတက်လာပြီး အလုပ်ပိနေပါ လိမ့်မည်။ ဝန်ထမ်းများမှာ စိတ်ပျော်ရွှင်စရာ ကြုံပါမည်။ အစားကောင်း စားရမည်။ ပွဲစားများမှာ မြေအပေါင် တည့်ပါမည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူကြောင့် ပျော်ရွှင်ရမည်။ လက်ဆောင်ရခြင်း ကြုံမည်။ ကျန်း မာရေးကိစ္စများတွင် သွားနာမည်၊ ကိုက်မည်။ ကံကောင်းစေသော ဂဏန်းမှာ (၄/၇/၉)ဖြစ်သည်။
    ယတြာ။    ဘုရားတွင် မုန့်လှူပါ။



     ကျန်းမာရေးအတွက် ဆေးခန်းသွားရခြင်း (သို့မဟုတ်) ဆေးဝယ်စားရခြင်း ကြုံပါမည်။ အလုပ် ပင်ပန်း လိမ့်မည်။ အောက်လူများနဲ့ အငြင်းပွားရမည်။ အိမ်မီးဖိုပစ္စည်းများ အသစ် လဲလှယ်ရမည်။ သန့်ရှင်းရေး ပြု လုပ်ရမည်။ ရွှေရောင်း ရလိမ့်မည်။ ငယ်သူအတွက် အပူ နည်းနည်း တွေ့ပါမည်။ မိမိ ယုံကြည်သူမှ သစ္စာ ဖောက်လိမ့်မည်။ ကုန်သည်များမှာ လှောင်ကုန် လုပ်သူများ အမြတ်ရမည်။ သီးနှံဈေးကောင်းမိမည်။ ဝန်ထမ်း များမှာ အလုပ်ရှုပ်ထွေးခြင်း ကြုံမည်။ ပွဲစားများ အလုပ်ဖြစ်တော့မလိုလိုနဲ့ ကြာနေပါမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူပေးသော လက်ဆောင်ကောင်း ရမည်။ အလည် သွားရမည်။ ကျန်းမာရေး ကိစ္စတွင် ဝမ်းပျက်မည်။ ကံကောင်းစေသော ဂဏန်းများမှာ (၂/၅/၈)ဖြစ်သည်။
    ယတြာ။    စေတီတွင် တံခွန် ၁ ခု လှူပါ။

No comments:

Post a Comment

Journal Download

Photo of three cats
'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();

Fixed Sidebar (true/false)