မြို့နယ် တရားသူကြီးများအား ကလေးသူငယ်တရားသူကြီး၏ စီရင်ပိုင်ခွင့်အာဏာ အပ်နှင်း၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်နှင့် အညီ စစ်ဆေးစီရင် ကြားနာလျက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, June 29, 2020

မြို့နယ် တရားသူကြီးများအား ကလေးသူငယ်တရားသူကြီး၏ စီရင်ပိုင်ခွင့်အာဏာ အပ်နှင်း၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်နှင့် အညီ စစ်ဆေးစီရင် ကြားနာလျက်ရှိ


မင်းမင်း
.
ရှမ်းပြည်နယ်အတွင်းရှိ ဒေသ အသီးသီးမှ မြို့နယ် တရားသူကြီးများအား ကလေးသူငယ် တရားသူကြီး၏ စီရင်ပိုင်ခွင့် အာဏာအပ်နှင်း၍ က လေးသူငယ် တရားရုံးများ သီးခြားဖွင့် လှစ်စေကာ အမှုများကို ၂၀၁၉ ခုနှစ်၊ ကလေးသူငယ် အခွင့်အရေးများဆိုင် ရာ ဥပဒေပုဒ်မ ၈၄ ပါ ပြဌာန်းချက်များနှင့် အညီ စစ်ဆေးစီရင်ကြားနာ လျက်ရှိကြောင်း ရှမ်းပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က ရှမ်းပြည်နယ် လွှတ်တော်တွင် ပြောဆိုခဲ့သည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် (၁၉) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ဒုတိယနေ့ကို ဇွန်လ ၂၃ ရက် က တောင်ကြီးမြို့၊ ရှမ်းပြည်နယ် လွှတ်တော်ရုံးတွင် ကျင်းပရာ ရွာငံမြို့နယ်မဲဆန္ဒနယ်အမှတ် ()မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးက ရှမ်းပြည်နယ် အတွင်းရှိ တရားရုံးများတွင် ကလေးသူငယ် အထူးတရားရုံးများ ထားရှိရန် အစီအစဉ် ရှိ/မရှိ ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းမှုကို ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်က ယင်းကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
.

ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က ၂၀၁၉ ခုနှစ် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာဥပဒေ ပုဒ်မ ၈၂ (က) အရ ပြည်ထောင်စုတရား လွှတ် တော်ချုပ်သည် နိုင်ငံတော်အတွင်း လိုအပ်ပြီး သင့်လျော်သော နယ်မြေ များတွင် ကလေးသူငယ် တရားရုံးများ တည်ထောင် ရမည်ဖြစ်ပြီး ကလေး သူငယ် တရားသူကြီးများကို ခန့်ထား ရမည် ဖြစ်ပါကြောင်း၊ ပုဒ်မခွဲ () တွင် ကလေးသူငယ် တရားရုံးများ တည်ထောင်ထားခြင်း မရှိသော နယ် မြေဒေသတွင် မြို့နယ်တရားသူကြီးအား ကလေးသူငယ် တရားသူကြီး၏ စီရင်ပိုင်ခွင့် အာဏာကို အပ်နှင်း နိုင်ပါကြောင်း၊ ယခု ပြည်ထောင်စု လွှတ်တော်ချုပ်သည် ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကလေးသူငယ် တရားရုံးများ တည်ထောင်ခဲ့ပြီး က လေးသူငယ် တရားသူကြီးများ ခန့် ထားကာ ကျန် နယ်မြေဒေသများတွင် မြို့နယ် တရားသူကြီးအား ကလေး သူငယ် တရားသူကြီး၏ စီရင်ပိုင်ခွင့် အာဏာကို အပ်နှင်းထားပြီး ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
ထို့အပြင် ၂၀၂၀ ပြည့်နှစ်တွင် ရှမ်းပြည်နယ် အတွင်းရှိ တရားရုံးများ အနက် တောင်ကြီး ခရိုင်တရားရုံး၊  မူ ဆယ်ခရိုင်တရားရုံး၊ လားရှိုးခရိုင် တ ရားရုံးတို့တွင် အထူး သက်သေ စစ် ဆေးခန်းများ ပြုလုပ်ဆောင်ရွက်နိုင် ရန်အတွက် UNICEF မှ စက်ပစ္စည်း များ ထောက်ပံ့ပေးမည်ဖြစ်ပြီး ယင်း အစီအစဉ်မှ လိုအပ်သော ပစ္စည်းများ အနက် ခရိုင်တရားရုံး တစ်ရုံးလျှင် Air Conditioner ၂ လုံးစီသာ ရရှိထား ပြီး ကျန်ပစ္စည်းများ ရရှိခြင်း မရှိသေး သဖြင့် စက်ပစ္စည်းများ ပြည့်စုံအောင် တပ်ဆင်နိုင်ခြင်း မရှိသေးကြောင်း၊ သက်ဆိုင်ရာ ခရိုင်တရားရုံး ၃ ရုံးတွင် Video Conferencing တပ်ဆင်သည့် တရားခွင်နှင့် အထူးသက်သေ စစ် ဆေးခန်းများကို ပြင်ဆင်ဆောင်ရွက် ထားရှိပြီး ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။

No comments:

Post a Comment

Journal Download

Photo of three cats

About