တာချီလိတ်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, June 29, 2020

တာချီလိတ်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိ


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာအနီး မီတာ ၄၀၀၀ ခန့်အကွာတွင် မူးယစ်ဆေးဝါးနှင့် လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။
.

တာချီလိတ်မြို့နယ်အတွင်းလုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇွန်လ ၂၉ ရက်နံနက် ၄ နာရီခွဲခန့်တွင် ရေပူစမ်းကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၄၀၀၀ ခန့် အကွာရှိ ဝါးရုံပင်အနီးရှာဖွေစစ်ဆေးမှုများ ပြုလုပ်စဉ် မသင်္ကာဖွယ်ရာ မိုးကာ ပလတ်စတစ် အိတ်အစ အား တွေ့ရှိရသဖြင့် တူးဖော် ရှာဖွေခဲ့ရာ မြေကြီးအတွင်း မြှုပ်နှံထားသော ဆာလာအိတ် အလုံး ၆၀ အတွင်းမှ WY စာတန်းပါ စိတ်ကြွ ဆေးပြား ၆၄၈၀၀၀၀ ပြားခန့်၊ စိတ်ကြွဆေးပြား အကြေ (ရေစိုပုံစံပျက်) ၁၁၄၈ ကီလိုဂရမ်ခန့် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆ ဒသမ ၉ ဘီလီယံခန့်)နှင့် AK မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု ၎င်းကျည် ၂၅ တောင့်၊ ပွိုင့်-၂၂ သေနတ် ၂ လက်၊ ၂ လုံးပြူး သေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့်၊ ၁ လုံးထိုး သေနတ် ၂ လက်တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်
.
အဆိုပါ သိမ်းဆည်းရမိ လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About