စိုင်းကျော်မောင်
.
ယနေ့အချိန် ကာလသည်ကား ကမ္ဘာ တစ်ဝှမ်းလုံးတွင် COVID-19 ဟူသည့်
ကမ္ဘာ့ကပ်ရောဂါ ၏က ကြီးစိုးချယ်လှယ်နေ သည့် အချိန်ဖြစ်ကြောင်းကို အားလုံးသိမြင် နေကြရပါသည်။
ယင်းရောဂါ အန္တရာယ်ဆိုးမှ လွတ်ကင်းကာ သက်ရှည်ကျန်းမာ စွာ နေထိုင်ရှင်သန်နိုင်ရေး အတွက်
မိမိ၏ အိမ်တွင်း၌ နေထိုင် ခြင်း ကာလအဖြစ် သတ်မှတ်ထားသည်။ ဤသည်ကို အခွင့် ကောင်းအဖြစ်
အရယူကာ လောင်းကစား ဥပဒေအား ကန့်လန့် တိုက်ပြီး အကောင်အထည်ဖော်ကာ နိုင်ငံတစ်နံ တစ်လျားတွင်
လက်တွေ့ကျင့်သုံး လာနေကြသည်ကို တွေ့ရှိရပေသည်။ တစ် နေ့လုပ်မှ တစ်နေ့စားရသည့် အခြေခံလူသားများသည်
ငါ့ဝမ်း ပူစာ မနေသာတော့ဘဲ လက်ထဲတွင် ကုတ်ခြစ်ကာ စုဆောင်း ထားရှိသည့် ငွေကြေးလေး တစ်ပြားတစ်ချပ်ကို
ဆတိုးရယူလို မှုများဖြင့် လောင်းကစားခြင်း လုပ်ငန်းများကို ကျူးလွန်လာ တော့သည်။ မိမိ၏
မိသားစု စားဝတ်နေရေး ပြေလည်စိမ့်သော ငှာ အလွယ်တကူ ရရှိနိုင်သည့် တစ်လုံး၊ ၂ လုံး၊ ၃
လုံး တည်း ဟူသော ဂဏန်းကွက်များအား ကံစမ်းမဲဖောက်သကဲ့သို့ နေ့စဉ် နှင့်အမျှ ကျူးလွန်ဖောက်ဖျက်
လာပေတော့သည်။
.
COVID-19 ဗိုင်းရပ်စ်ပိုးကြောင့် နိုင်ငံတိုင်းတွင် အလုပ်အ ကိုင်နှင့်
စားဝတ်နေရေး ပျက်ပြားလာကာ စားဝတ်နေရေး ပြဿနာ ကြီးမားလာမှုကြောင့် ခိုးဆိုးမှု လုယက်မှု
ဖောက်ထွင်း မှုများလည်း တစ်စထက်တစ်စ များပြားလာသကဲ့သို့ ရိုးသားစွာ နေထိုင်သူများကလည်း
မိမိတို့ စားဝတ်နေရေးအတွက် ငံ့လင့် လာမည့် အလှူရှင်များကို စောင့်မျှော်နေကြသူများကလည်း
အ နန္တပင်တည်း၊ အချို့ အချို့သော စားကုန်၊ ဆေးပစ္စည်းပိုင်ရှင် အရောင်းဆိုင်များမှလည်း
COVID-19 အား အခွင့်ကောင်း ယူ ကာ ကုန်ဈေးနှုန်းများကိုလည်း အဆမတန် ဈေးတင်ကာ ရောင်း
ချလာသည်ကို တွေ့ရှိနေရသည်။ အခြေခံ ပြည်သူလူထုများမှ လည်း အလုပ်လက်မဲ့ ပြဿနာများနှင့်
ကြုံတွေ့လာရသဖြင့် အရလွယ်ကူသည့် လောင်းကစားခြင်းများကို ယခင်ကာလများ ကထက် ပိုမိုလုပ်ဆောင်
လာကြသည်ကို တွေ့ရှိရပေသည်။ လောင်းကစား ကျူးလွန်မှုကြောင့်လည်း ဘဝပျက်သွားရသူများ လည်း
မရေမတွက်နိုင်လောက်သည် အထိ တိုးတက်လာသည် ကို မြင်နေကြားနေ ရသည်။ မိမိ၏ ရင်သွေးငယ် သားသမီးများ
ဝမ်းဝရေး အစာဖြည့်တင်း ပေးနိုင်ရေးအတွက် ကြီးမားသည့် စွန့်စားမှုများ ပြုလုပ်လာကြသည်။
.
ယခု COVID-19 ဗိုင်းရပ်စ်ပိုးကြောင့် အသွားအလာ ကန့် သတ်မှုများကို မြို့တိုင်းရွာတိုင်းတွင် ဆောင်ရွက်ထားမှုကြောင့်
လည်း ဤလောင်းကစားမှုများ ပိုမိုတိုးပွားလာသည် ဟူ၍ စာ ရေးသူ မြင်တွေ့လာရပါသည်။ စာရေးသူသည်
တောင်ကြီးမြို့ တော်အတွင်း လှည့်လည်ကြည့်ရှုမိသောအခါတွင် ကွမ်းယာ ဆိုင်များ လမ်းဘေးဈေးဆိုင်များတွင်
တနင်္လာနေ့မှ သောကြာ နေ့အထိ အပတ်စဉ် ၂ လုံးထီများကို ရဲတင်းစွာ ရောင်းချကာ ဒိုင်အဖြစ်
လက်ခံ လုပ်ဆောင်နေကြသည်ကို မြင်တွေ့နေရ ပါသည်။ တစ်လလျှင် ၂ ကြိမ် ထွက်နေသည့် ချဲထီ(၃
လုံး) သည်လည်း ပန်းပန်လျက်ပင် ရှိသည်။
.
တစ်လုံး၊ ၂ လုံး၊ ၃ လုံး တို့ဖြင့် အလောင်းအစား ပြုလုပ်မှု ကြောင့်လည်း
မိမိ ရှိရင်းစွဲ ကောင်းမွန်သော အကျင့်စာရိတ္တများ ပျက်သုဉ်းကာ ဝါရိတ္တများလည်း ယုတ်လျှော့လာကြပေသည်။
ရနိုးရနိုးဖြင့် အစပြုကာ နေ့စဉ်ရက်ဆက် လောင်းကစားခြင်းကို ပြုလုပ်နေခြင်းကြောင့် မိမိပိုင်
ဥစ္စာပစ္စည်းများကလည်း တစ်နေ့ တစ်နေ့ ချင်းအလိုက် လုံးပါး ပါးလာရတော့သည်။ ကမ္ဘာ့ကပ်ရော
ဂါဘေး COVID-19 ကြောင့် လူ့အဖွဲ့အစည်းမှ ခွဲခွာခံရမှုဖြစ်သည်။ Home Stay မှ အစပြုကာ
Quarantine အထိ ကန့်သတ်ခြင်း ခံရသဖြင့် စိတ်ပိုင်းဆိုင်ရာ လူမှု အထောက်အ ပံ့များ လိုအပ်လာပေသည်။
ယင်းလူမှုအထောက်အပံ့ စိတ်ပိုင်း ဆိုင်ရာ သက်ရောက်မှုများနှင့် လူမှုရေး ဆိုင်ရာ သက်ရောက်မှု
များ အချင်းချင်း ဆက်သွယ်နေမှု အပြန်အလှန် လွမ်းမိုးနေမှု ဖြစ်ကြောင်း ယင်းကဲ့သို့
လွမ်းမိုးမှုများကြောင့်လည်း စားဝတ်နေ ရေး ချို့ယွင်းလာသဖြင့် လောင်းကစားမှုများ တိုးတက်လာခြင်း
ပင်ဖြစ်သည်။
.
ဤဂျာနယ် ပင်တိုင်ဆောင်းပါးရှင် ဆရာ အောင်ဆန်း ဝင်း၏ `တိုက်ပွဲတွေလည်း
နဂ္ဂတစ် ဖြစ်ပါစေ` ဆောင်းပါးတွင် ကပ်ဘေးဆိုက်တာနဲ့ ငတ်ဘေးပါ ဆိုက်လာတယ် ကြုံရာအ ပေါက်က
ထင်သလိုနောက်တဲ့ ဗိုင်းရပ်စ်ကြောင့် အိမ်ထဲမှာပဲ နေကြရတယ်။ ရှိတဲ့သူက စတေးအက်ဟုမ်းရင်း
ချက်လိုက် ပြုတ်လိုက် စားလိုက် သောက်လိုက်ပေါ့။ တစ်နေ့လုပ် တစ်နေ့ စားဖို့တောင် မလွယ်ကူတဲ့
အခြေခံ လူတန်းစားတွေ အတွက် တော့ နွေခေါင်ခေါင် မီးတောက်လောင်တဲ့ကာလ။ လုပ်ရင်းကိုင်
ရင်းတောင် မငတ်ရုံ အခြေအနေမှာ အလုပ်အကိုင်မဲ့တော့ ငွေဗလာနတ္ထိဖြစ်။ ဆန်အိုးတွေ မိုးခေါင်၊
ရပ်တန့်ထားလို့ မရတဲ့ အစာအိမ် သံချောင်းခေါက်သံအတွက် အလှူရှင်ကိုသာ အား ထားနေရတဲ့ ဘဝ`ဟူ၍
ဖော်ကြူးထားပေသည်။ မှန် ပေ၏ ဆရာ အောင်ဆန်းဝင်း၏ ဆောင်းပါးထဲက အတိုင်း အ လုပ်ကို ကပ်ဘေးရောဂါအရ
ရပ်ထားရသော်လည်း ဝမ်း တစ်ထွာက ရပ်တန့်ထား၍ မရသဖြင့် အရ ချောင်သည့် အ လောင်းအစားဘက်သို့
အလိုလိုနေရင်း ရောက်ရှိ သွား ရတော့သည်။
.
.
ယနေ့အချိန်သည် အထူး သတိထားကာ သွားသတိ၊ လာ သတိ၊ စားသတိဖြင့် အစစအရာရာ
အထူးဂရုစိုက်ရမည် ဖြစ် သည်။ ပြင်ပသို့ မဖြစ်မနေ သွားရမည်ဆိုလျှင် လုယက်ခံရမှု အန္တရာယ်မှ
လွတ်ကင်းနိုင်စေရန် ဘေးပတ်ဝန်းကျင်အပေါ် လေ့လာစူးစမ်းစိတ်ဖြင့် သွားလာရမည် ဖြစ်သည်။
သို့မှသာ ဘေးကင်းရန်ရှင်းမည် ဖြစ်ပေသည်။ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ ပြည်သူ့ရဲများ
ပြည်သူ့အကျိုးဆောင် အဖွဲ့အ စည်းများ အားလုံးမှလည်း ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များ
တည်တံ့ရေးအတွက် တက်ညီလက်ညီဖြင့် စု ပေါင်းကာကွယ် စောင့်ရှောက်သွားရမည် ဖြစ်ပေသည်။ သက်
ဆိုင်ရာ အဖွဲ့အစည်းများမှ လုပ်ငန်းစဉ်များကို တာဝန်အရ ဆောင်ရွက်နေစဉ်တွင် ပြည်သူလူထု
အပေါင်းမှလည်း ဘေးမှ ဝန်းရံလျက် လိုက်ပါဆောင်ရွက် ကြရမည်သာ ဖြစ်သည်။ ပြည် သူလူထု၏ အသက်၊
အိုးအိမ်၊ စည်းစိမ်အား ထိပါးနှောင့်ယှက် လာမည့် အနေအထားအား ဟန့်တားနိုင်ရန် အတွက်သည်
လည်း မည်သူမဆို တစ်ဦးချင်းအလိုက် လောင်းကစားခြင်းကို လျစ်လျူရှုကာ ရှောင်ရှားသွားရမည်သာ
ဖြစ်သည်။
.
၂၀၂၀ ပြည့်နှစ် ဧပြီလ ဒုတိယပတ်မှ စတင်ကာ ဈေးများ၊ စားသောက်ဆိုင်များမှအစ
ဟိုတယ်၊ တည်းခိုခန်းများအထိ လုံး ဝပိတ်လိုက်သဖြင့် ရွှေမြို့တော် တောင်ကြီးတွင် သင့်တော်ရာ
အရပ်များ၌ ပျံကျဈေးများကို ခင်းကျင်းခွင့်ပြုကာ စားသောက် ကုန် ဟင်းသီး ဟင်းရွက်များကို
၆ ပေခြားစီ ခွဲကာ ရောင်းချခွင့် ပေးခဲ့ပါသည်။ ဈေးရောင်းချခွင့် ရရှိသည့် နေရာများကို
လေ့ လာကြည့်သောအခါ တောင်ကြီးမြို့ အဝေရာ မီပုံးပျံကွင်း အ နောက်ဘက် ကျောက်တလုံးလမ်းမ
အရှေ့ဘက်ဘေး ပျံကျ ဈေးသည် စည်ကားမှု အရှိဆုံးသော ယာယီပျံကျဈေး တစ်ခုအ ဖြစ် မြင်တွေ့နေရပါသည်။
ယင်းပျံကျဈေး (ယာယီ) ရောင်းချ သူများသည် ငွေအလွယ်တကူ ရရှိနိုင်မည့် ၂ လုံးထီများကို
လက်တည့်စမ်းကာ လောင်းကစားမှုများ ပြုလုပ်လျက်ရှိသည် ကို နေ့စဉ်နှင့်အမျှ တွေ့ရှိနေရပါသည်။
ဤကဲ့သို့ နေ့စဉ်လောင်း ကစားမှုများ ရှိနေမည် ဆိုပါက ယင်းပျံကျဈေးသည်များ၏ စား ဝတ်နေရေး
ပြဿနာများ ပေါ်ပေါက်ကာ ဒုစရိုက်မှုများ ကျူး လွန်လာမည် ဖြစ်သည်။
.
ယခုအနေအထားအရ
COVID-19 ကို အခွင့်ကောင်း ယူ ကာ ၂ လုံး၊ ၃ လုံးများကို ပေါ်ပေါ်ထင်ထင် ပြုလုပ်နေပါသည်။
အထူးသဖြင့် အဝေရာကွင်း မီးပုံးပျံကွင်း ယာယီပျံကျဈေးတွင် အထူးပြုလုပ်လျက် ရှိသောကြောင့်
သက်ဆိုင်ရာမှ အထူးကြပ် မတ်ကာ အရေးယူသင့်ပေသည်။ သို့မှသာ ရာဇဝတ်မှုအား ကြို တင်ကာကွယ်ရာ
ရောက်မည်ဖြစ်ပါကြောင်း ကြိုတင်ကာကွယ် မှု မပြုလုပ်ပါလျှင်။
No comments:
Post a Comment