ရှမ်းပြည်နယ်လွှတ်တော် ၁၉ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဇွန်လ ၂၂ ရက်တွင် ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်လွှတ်တော် ၁၉ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဇွန်လ ၂၂ ရက်တွင် ပြုလုပ်မည်


ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၊ ၁၉ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို လာမည့် ဇွန်လ ၂၂ ရက်တွင် စတင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အစည်းအဝေး ကျင်းပ ပြုလုပ်ရန်အတွက် ယနေ့ (ဇွန်လ ၁ ရက်)တွင် ရှမ်းပြည်နယ်လွှတ်တော်က ကြေညာခဲ့ခြင်း ဖြစ်ကာ အစည်းအဝေးတွင် ဖြည့်စွက်ရန်ပုံငွေနှင့် ပတ်သက်သည့် အကြောင်းအရာများကို အဓိကထား ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
.

“ ဖြည့်စွက် ရန်ပုံငွေနဲ့ ပတ်သက်တဲ့ ဘတ်ဂျက်တွေကို ဥပဒေ ထုတ်ပြန်ပေးဖို့ အတွက် ဆွေးနွေးဖို့ ရှိမယ်။ ပုံမှန်အစည်းအဝေးတွေလိုပဲ မေးခွန်းတွေ၊ အဆိုတွေ ရှိမှာပေါ့။” ဟု ရှမ်းပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးစဝ်အောင်မြတ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အစည်းအဝေးအား အနည်းဆုံး ၅ ရက်ခန့် ကျင်းပသွားမည် ဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်များအား ဇွန်လ ၂၀ ရက်ထက် မစော၊ နောက်မကျရန် ခေါ်ယူထားသော်လည်း ဖြည့်စွက်ရန်ပုံငွေနှင့် ပတ်သက်သည့် ဆွေးနွေးလိုသော ကိုယ်စားလှယ်များ အနေဖြင့် ကြိုတင်လာရောက်မည် ဆိုပါက ခွင့်ပြုရန် စီစဉ်ထားကြောင်း သိရသည်။
.
ထို့အတူ COVID-19 ကာကွယ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၃၉ ဦး ရှိပြီး လွှတ်တော်သက်တမ်းအတွင်း ပုံမှန်အစည်းအဝေး ၁၈ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၄ ကြိမ်နှင့် အထူးအစည်း ၂ ကြိမ် ပြုလုပ်ပြီး ဖြစ်သည်။
.

Journal Download

Photo of three cats