ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ ရွေးကောက်ပွဲဝင်မည့် အခြေအနေ မသိရသေးဟု ဆို - Kanbawza Tai News

Breaking

Boxed(True/False)

Tuesday, June 23, 2020

ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ ရွေးကောက်ပွဲဝင်မည့် အခြေအနေ မသိရသေးဟု ဆို


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်နှင့် ဒုတိယဥက္ကဋ္ဌ ဦး စဝ်အောင်မြတ်တို့ လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အခြေအနေ နှင့် ပတ်သက်၍ တိကျစွာ မသိရ သေးကြောင်း သိရသည်။
.
ရွေးကောက်ပွဲ ပြန်ဝင်ဖို့ ကိစ္စကတော့ မပြောနိုင်သေးပါဘူး။ လော လောဆယ်ကတော့ ပြောလို့မရသေး ပါဘူး။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ နဲ့လည်း မဆွေးနွေးရသေးပါဘူးဟု ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦး စိုင်းလုံးဆိုင်က ပြောသည်။
.
အလားတူ ရှမ်းပြည်နယ်လွှတ် တော် ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင် မြတ်ကလည်းလောလောဆယ် တော့ အစီအစဉ် မရှိသေးပါဘူး။ ရွေး ကောက်ပွဲနီးရင်တော့ တရားဝင်ကြေ ညာမှာပါ။ ကျွန်တော့်အနေနဲ့ကတော့ ပြည်နယ်အစိုးရနဲ့ လွှတ်တော်ရဲ့ အခန်းကဏ္ဍ ပိုပြီး အားကောင်းလာ အောင်၊ ဒီမိုကရေစီ အားကောင်းလာ အောင် လုပ်သွားမှာပါဟု ပြောဆိုခဲ့သည်။
.

ရှမ်းပြည်နယ်မှာတော့ အုပ်ချုပ်ရေး ပိုင်းကော ဥပဒေပြုရေးပိုင်းကော အကောင်းဆုံးဖြစ်အောင် ကျွန်တော်တို့ လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကိုယ့် ဟာကိုယ် အားရတာ မရှိသေးပါဘူး။ ပြည်နယ်ကြီး ဖွံ့ဖြိုးဖို့ဆိုတာကတော့ ဖက်ဒရယ်ပါပဲ။ Budget Sharing က အစ Power Sharing နဲ့ Resources Sharing ဆိုပြီး အခွင့်အာဏာကို ဘယ်လိုခွဲဝေပေး မှာလဲ၊ ကျွန်တော်တို့ ရဲ့ ရင်းမြစ်တွေကို ဘယ်လို စီမံခန့်ခွဲ ခွင့် ပေးမှာလဲဆိုတာ ဖက်ဒရယ်ရဲ့ အဓိက လိုအပ်ချက်ပေါ့။ နောက်ပြီး ပြည်နယ် အစိုးရကို ပြည်နယ်လွှတ် တော်က ရွေးတာ ပိုပြီးတော့ အဆင် ပြေတာပေါ့ဟု ဦးစဝ်အောင်မြတ်က ဆက်လက်ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်သည် ၂၀၁၅ ခုနှစ် ပြည် လုံးကျွတ်အထွေထွေရွေးကောက်ပွဲ တွင် ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အ မှတ် ()မှ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခံရ ပြီးနောက် ဒုတိယအ ကြိမ် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာသူဖြစ်ကာ ၂၀၁၀ ပြည့်နှစ် အ ထွေထွေရွေးကောက်ပွဲ အရ ရွေးချယ် တင်မြှောက်ခဲ့သည့် ပထမအကြိမ် ရှမ်းပြည်နယ် လွှတ်တော်တွင်လည်း ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
.
အလားတူ ရှမ်းပြည်နယ်လွှတ် တော် ဒုတိယ ဥက္ကဋ္ဌ ဦးစဝ်အောင်မြတ် သည် ရွာငံမြို့နယ် မဲဆန္ဒနယ်အမှတ် () မှ ရွေးကောက် တင်မြှောက်ခံရသူ ဖြစ်ပြီး ၎င်းသည် ပြီးခဲ့သည့် ပထမအကြိမ် သက်တမ်းက ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)