.
အမျိုးသားလွှတ်တော် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်
(၁)တွင် ကျောက်မဲခရိုင်နှင့် မိုးမိတ်ခရိုင်၊ မဲဆန္ဒနယ် အမှတ်(၂)တွင် ကျိုင်းတုံခရိုင်၊
မဲဆန္ဒနယ် အမှတ်(၃)တွင် တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်၊ မဲဆန္ဒနယ် အမှတ်(၄)တွင်
တောင်ကြီးခရိုင်၊ မဲဆန္ဒနယ် အမှတ်(၅)တွင် မူဆယ်ခရိုင်၊ မဲဆန္ဒနယ် အမှတ်(၆)တွင် လားရှိုးခရိုင်၊
မဲဆန္ဒနယ် အမှတ်(၇)တွင် လင်းခေးခရိုင်နှင့် လွိုင်လင်ခရိုင်၊ မဲဆန္ဒနယ် အမှတ်(၈)တွင်
ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မဲဆန္ဒနယ် အမှတ်(၉)တွင် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
မဲဆန္ဒနယ် အမှတ်(၁၀)တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မဲဆန္ဒနယ် အမှတ်(၁၁)တွင်
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မဲဆန္ဒနယ် အမှတ်(၁၂)တွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့
ပါဝင်ကြောင်း ကော်မရှင်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
.
ယခင်က အမျိုးသားလွှတ်တော် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်
(၁)ကို တောင်ကြီးခရိုင်၊ မဲဆန္ဒနယ်အမှတ် (၂)ကို လင်းခေးခရိုင်နှင့် လွိုင်လင်ခရိုင်၊
မဲဆန္ဒနယ်အမှတ် (၃)ကို လားရှိုးခရိုင်၊ မဲဆန္ဒနယ်အမှတ် (၄)ကို ကျောက်မဲခရိုင်၊ မဲဆန္ဒနယ်အမှတ်
(၅)ကို မူဆယ်ခရိုင်၊ မဲဆန္ဒနယ်အမှတ် (၆)ကို ကျိုင်းတုံခရိုင်၊ မဲဆန္ဒနယ်အမှတ် (၇)ကို
တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်၊ မဲဆန္ဒနယ်အမှတ် (၈)ကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
မဲဆန္ဒနယ်အမှတ် (၉)ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မဲဆန္ဒနယ်အမှတ် (၁၀)ကို
ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မဲဆန္ဒနယ်အမှတ် (၁၁)ကို ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊
မဲဆန္ဒနယ်အမှတ် (၁၂)ကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ထားရာမှ
ယခုတွင် အထက်ပါအတိုင်း ပြင်ဆင် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ် တစ်ခုလျှင် လွှတ်တော်မဲဆန္ဒနယ် ၁၂ နယ် သတ်မှတ်ထားခြင်း ဖြစ်ရာ ရှမ်းပြည်နယ်တွင်လည်း
အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ နယ် ရှိခြင်း ဖြစ်သည်။
.
No comments:
Post a Comment